ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၉)

၁။
ကိုယ့်ပြည်ကခွာပြီး နိုင်ငံတကာလှည့်လည်သွားနေရပေမယ့် ကိုယ်မပျော်နိုင်။ ဗဟုသုတတွေ အများကြီးရပါရဲ့။ ဒါပေမယ့် ကိုယ့်တဲကလေးကို အလွမ်းမပြေနိုင်။ ဗဟုသုတ ရှိသမျှကလေးနဲ့ တင်းတိမ်၊ ပဲပြုတ်ဆီဆမ်းကလေးနဲ့ပဲကျေနပ်။ နေရပ်ကိုသတိရမြဲရ။ “လွမ်းတော်မူလို့ စာကိုစီတယ်၊ တိမ်နီတိမ်ပြာ တိမ်ဝါတွေသန်းပြန်တော့၊ ဘယ်ဆီသို့-ဘယ်ညာသို့ လွမ်းပါရမယ်၊ ညွှန်းကာဆတယ်၊ ကြာပင်အိုင်ကြီး အလယ်” ဆိုတဲ့ ဆရာနန်းတော်ရှေ့ရဲ့ “အောင်ပင်လယ်” သီချင်းကလေးလိုပဲ ခံစားနေရပါတယ်။ ရန်ကုန်က မန္တလေးကို မိုးညိုလဲလွမ်း၊ နေသာလဲလွမ်းတဲ့ နန်းတော်ရှေ့ခံစားမှုနဲ့ ထပ်တူပါကလားလို့လဲ သတိပြုမိပါတယ်။ ဒါနဲ့ ကဗျာကလေးတပုဒ် ရင်ထဲက ဖွင့်ထုတ်မိပါတယ်။

“စိန်ပန်းနီနီနဲ့
အိမ်လွမ်းပြီ သူငယ်ချင်းရဲ့
သတင်းတွေစောင့်”

သတင်းစောင့်ပေမယ့် အလင်းထောင့်ကလေးမျှမတွေ့ရ။ တခါလာလဲ စစ်ယူနီဖောင်းကြီးတွေနဲ့ တကားကား၊ စစ်ဘောင်းဘီတွေ တကြွားကြွားနဲ့ မဟားတရားပုံတွေချည်း တွေ့နေရ။ မြင်ကွင်းက မပြောင်းလဲ။ ပြည်သူတွေကတော့ မြောင်းထဲမှာ။ ဒါနဲ့ စိတ်ညစ်ညစ်နဲ့ ဆက်ရေးမိ။

“တနေ၀င် တမိုးချုပ်ပေမယ့်
ဖိုးတုတ်တို့ ဓားတလက်နဲ့
အရက်တွေကျိုက်
ကြက်တွေပိုက်ချိန်မို့
လမိုက်ည မှောင်စမ်းစမ်း
လမ်းကမဖြောင့်”

လို့ အချိုးကလေးတချိုး အဆုံးသတ်လိုက်ရတယ်။

(၂)
မြန်မာ့ဘ၀ဟာ ရပ်နဲ့ရွာနဲ့ နေတဲ့ဘ၀။ ရပ်မိရပ်ဖတွေရဲ့ အဆုံးအမကိုနာခံပြီး ပိပိပြားပြား သေသေ၀ပ်ဝပ် နေခဲ့ရတဲ့ ယဉ်ကျေးမှု။ ရပ်ထဲမှာ လူကြီးမိဘတွေရှေ့မှာ မညွှတ်မကိုင်း ရိုင်းရိုင်းစိုင်းစိုင်း မနေရဲဘူး။ မိကောင်းဖကောင်း သားသမီးပီပီ ဆရာသမား၊ မိဘနဲ့ ရပ်ရွာလူကြီးတို့က အမြင်မတော်လို့ဆုံးမရင် နှလုံးလှလှနဲ့ နာခံရစမြဲ။ နှုတ်လှံမထိုးရဲဘူး။ မိမဆုံးမ ဘ,မဆုံးမ အုတ်ကြားမြက်ပေါက်အဖြစ်မခံ။ ရွာဦးကဆရာတော်က ကြိမ်နဲ့ဆော်ဆုံးမရင်လဲ မြေ၀ယ်မကျနားထောင်ရစမြဲပ။

အခုတော့လဲ ကိုယ့်တိုင်းပြည်မှာ ဘယ်ခွေးမှလူမထင်ဘူးဆိုတဲ့ စစ်ဘုရင်အရိုင်းအစိုင်းတွေ ကြီးစိုးနေလေတော့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့အစဉ်အလာကိုလဲ ရိုသေလေးစားရကောင်းမှန်းမသိ။ ဆုံးမမိတဲ့ ရဟန်းသံဃာ ပညာရှင်တွေလဲ ထောင်ထဲချ။ အယုတ္တ အနတ္တတွေဆဲဆို။ “သူများအားကိုး ပုဆိန်ရိုးတွေ” လို့ နေ့စဉ်နဲ့အမျှ မာန်တထထ၊ မာန်တရှေးရှေးနဲ့ နွားချေးထက်က ဖားသူငယ်လိုကျင့်သုံး။ စာနယ်ဇင်းတွေက ရေးသားခွင့်၊ သတိပေးခွင့်၊ ဝေဖန်ခွင့်မရ။ သူတို့လုပ်သမျှ “မှန်ပါ့ဘုရား” လုပ်ပြီး ပုဆစ်ဒူးတုပ်နေတဲ့ ရုပ်သေးရုပ်တွေရဲ့အသံကိုပဲ အလံလွှင့်ပြီး ထင်ရာစိုင်းရိုင်းကြတယ်။ ရပ်က … ရွာက ... တွင်မက ကမ္ဘာကပါမကျန် ၀ိုင်းပြောကြပေမယ့် ပြောသမျှ ငါကိုင်တုတ်နေတဲ့ အယုတ်တမာတွေ ဖြစ်နေကြတယ်။ ဒါ့ကြောင့် …

“ရွာမိ ရွာဖတွေက
ဆုံးမလဲ မနာခံ နှုတ်လှံလို့ထိုး။
ရွာမနိုင် ငါကိုင်တုတ်နေကျ
ယုတ်တဲ့အမျိုး”
လို့ ဒုတိယအချိုးကို ဆက်ပြီးရေးမိပါတယ်။

(၃)
မြန်မာစကားပုံမှာ “ဖွတ်မိကျောင်းဖြစ်တော့ မြစ်မချမ်းသာ” ဖြစ်ရသတဲ့။ ဟုတ်တာပေါ့။ “တန်ရာတန်ရာ မလုပ်တော့ ရွာနာတယ်” ဆိုတဲ့ ခေတ်စကားလဲ အရှိပေသား။ ဒါပေမယ့် … ကိုယ့်တိုင်းပြည်မှာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ ငတေတွေက ကြီးစိုးနေတယ်။ တိုင်းပြည်ရဲ့ဆန္ဒကိုလဲ လေးစားရကောင်းမှန်းမသိ။ တပြည်လုံးအုံကြွလဲ လက်နက်နဲ့နှိမ်နင်းပစ်သတ်မှာပဲ။ အရဲစွန့်ပြီးပြောပြန် ရင်လဲ ထောင်ဒဏ်နှစ်များစွာ ချပစ်မှာပဲ။ တဖက်စောင်းနင်း ကသောင်းကနင်း လုပ်နေကြမှာပဲ။ ဆုံးမ မနိုင် ဆိုနိုင်ခဲခက် သရဲသဘက်တွေကျနေတာပဲ။

တိုင်းပြည်ရဲ့ ရေရှည်အကျိုးကိုလဲ ကြည့်ဖော်မရ။ နည်းနည်းကလေးမျှ ငဲ့စောင်းကြည့်ရကောင်းမှန်းမသိ။ အရှက်လဲမရှိ။ ဟီရိသြတ္တပ္ပတရားရှိတဲ့နိုင်ငံလို့ အများကထင်ကြပေမယ့် အများကိုလေးစားရကောင်း မသိတဲ့ ငတေလိုလူစားတွေ ကြီးစိုးနေတော့ အပြောရခက်လှတယ်။

“အိပ်ချင်ယောင်ဆောင်သောသူကို အနှိုးရခက်” သလို အနှိုးရခက်ပါဘိ။ ဒီအထဲ ကလိမ်စေ့ငြမ်းဆင် နေပြန်တော့ “ ပြောမပြောချင်ပေါင်” ဖြစ်ရတော့တာပေါ့။

(၄)
ဒါနဲ့ ရေးလက်စ ကဗျာကလေးကို ဒီလိုအဆုံးသတ်မိတယ်။

“ဖွတ်တွေက မိကျောင်းဖြစ်တော့
မြစ်မှာလဲမချမ်းသာ ရွာနာရှာပေါ့။
ရွာအ၀င် တမာပင်ကလေးကို
လွမ်းသော်လဲ
တလှမ်းစာ တရွာတကျေး
ဝေးက တမော့ ပြေးရ အသော့”
လို့ နိဂုံးချုပ်ရတယ်။

ကဗျာခေါင်းစဉ်ကိုတော့ “ရပ်မနိုင် ရွာမနိုင်” လို့ အမည်ပေးရကောင်းနိုးနိုး။     ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၃၂)၊ မေ ၂၀၀၄


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook