ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၈)

၁။
“လူ့ခေတ်တွေဘယ်လိုပြောင်းသော်လဲ နိုင်းလ်မြစ်ကတော့ စီးမြဲပင်“ တဲ့။

ဦးသိန်းဖေမြင့်က ဆိုခဲ့ဖူးတယ်။

“The Brook” ကဗျာမှာတော့ Tennyson က
“Men may come and
men may go
But  I go on forever” တဲ့။

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း စမ်းချောင်းကလေးကတော့ စီးမြဲပင်ဆိုပါတော့။

ဒီနေ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာလဲ သမိုင်းရေစီးကတော့ အချိန်မှန်စီးဆင်းနေလျက်ပါပဲ။ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ကြီး ဦးနေ၀င်းလဲ ဒီဇင်ဘာ (၅) ရက်နေ့က ကွယ်လွန်သွားခဲ့ပြီလေ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလဲ သူ့ခရီးသူမပျက် ဆက်လက်စီးဆင်းနေမြဲမဟုတ်လား။

အနှောင့်အယှက်အဟန့်အတားတွေ ဘယ်လောက်ပင်များများ သူကတော့ လူထုအားကိုယုံကြည်၊ လူထုရဲ့ဂုဏ်ရည်ကိုလေးစားပြီး လူထုရဲ့တံခါးကို တချပ်ပြီးတချပ်ဖွင့်နေဆဲပါပဲ။

ဒီဇင်ဘာ (၁၉) ရက်နေ့က ရခိုင်ပြည် မြောက်ဦးကိုရောက်လာတဲ့ ဒေါ်စုဟာ သူ့ကားပေါ်ကဆင်း၊ လူထုကို နှိမ်နင်းဖြိုခွဲမဲ့ မီးသတ်ကားပေါ်တက်ပြီး မိန့်ခွန်းပြောတော့တာပဲ … တဲ့။ လူထုကလဲ တခဲနက်ဝက်ဝက်ကွဲ၊ ငါးသောင်းကျော် ခြောက်သောင်းခန့်ရှိတယ်ဆိုပဲ။

ဒေါ်စုခေါင်းဆောင်တဲ့ လူထုလမ်းစဉ်ကလဲ စီးဆင်းမြဲ စီးဆင်းလျက်ပါ။

(၂)
ကလောင်ဖျားက ကာရန်စကားတွေကလဲ တေးသွားမချိုပေမဲ့ ဆိုမြဲဆိုနေမိပါတယ်။

“စစ်နှင့် ဖိနှိပ်၊ စစ်အရိပ်ဟု
စစ်မိစ္ဆာများ၊ တန်ခိုးထွားသော်
စစ်အားကိုသာ၊ ကိုးကွယ်ရာဟု
စစ်သာ အမိ၊ စစ်သာ အဖ
စစ်ဝါဒနှင့်
စစ်ဒမြဂိုဏ်း၊ မြန်မာတိုင်းကို
နက်ရှိုင်းထိုးဖောက်ခဲ့လေပြီ။

တိုင်းရင်းသားတို့ ဖွံ့ထွားခွင့်မရ၊
စစ်ဒုက္ခသာ
ကြုံရပလေ၊ စစ်မီးမွှေခဲ့
ချေကြမှုန်းကြ၊ ဟုန်းဟုန်ထသည်
ကြေမွသွားသော မြန်မာ့သမိုင်း။

နှစ်ပေါင်းများစွာ၊ ကြာ၍လာသော်
မြန်မာနိုင်ငံ၊ စစ်တပ်ဒဏ်ကြောင့်
သယံဇာတ၊ ချုံးချုံးကျကာ
မလှမပ၊ မ၀တဝ
တောင်းစားရလျက်
ခေါင်းမျှမဖော်နိုင်ဖြစ်ခဲ့ပြီ။

ကမ္ဘာ့အလယ်၊ မျက်နှာငယ်နှင့်
မထယ်မ၀ါ၊ မဖွယ်ရာသည်
ဘယ်ခါနာလန်ထူနိုင်တော့အံ့နည်း။

နေရာတကာ စစ်ခြေစစ်လက်တွေဖြန့်လာတဲ့ စစ်အာဏာကြောင့် ပြည်သူလူထုမှာ တနေ့တခြား နွမ်းပါးဆင်းရဲ အမွဲကြီးမွဲခဲ့ရပုံကို သမိုင်းတင်ချင်စိတ် ပေါ်ခဲ့မိပါတယ်။

(၃)
အခုတော့ နေ၀င်းလွန်ခေတ်ရာက်ခဲ့ပြီ။ စစ်ဒမြစစ်ဂိုဏ်းသားတွေရဲ့ ခေါင်းကိုင်ဖအေကြီးလဲ မရဏစခန်း ကြွမြန်းခဲ့ပြီ။

ဒါပေမဲ့ သူမွှေးခဲ့တဲ့မီး မငြိမ်းသေး။ ဒုက္ခပေးတုန်းရှိသေးတယ်။ တပ်မတော်ထဲက ရဲရင့်တဲ့မျိုးချစ်ပန်း ကလေးတွေ မဖူးမငုံ မလန်းမဆန်းနိုင်ကြသေး။ တပ်မတော်ရဲ့ ဂုဏ်ကျက်သရေကို ထွန်းတောက်အောင် ဆေးကြောအရောင်တင်ဖို့ အခွင့်အခါမသာသေး။ နဂိုရ်စစ်အာဏာအရှိန်အဟုန်က ဆက်လက်လိမ့်နေ တုန်း။ ဖြစ်နိုင်ရင် စစ်မျိုးဆက်တွေထူထောင်ဖို့ ဗိုလ်နေ၀င်းမွေးပေးထားတဲ့ အတွေးအခေါ်အစုတ်အချာ ကိုယ်ကျိုးရှာစိတ်ဓာတ်တွေ ကျန်ပေသေးတယ်။ ကျန်နေတုန်းပါပဲ။ ဒါ့ကြောင့် …

“စစ်အာဏာရှင်၊ စစ်ဘုရင်တို့
သားစဉ်မြေးဆက်၊ လက်ချင်းဆက်၍
ဖျက်လိမ့်ဦးမည်၊ သူကြံစည်ဆဲ။

နေ၀င်းလွန်လည်း
စစ်ကျွန်စစ်ကျေး၊ စစ်သားမြေးတို့
စစ်သွေးဆာလောင်၊
စစ်ဂိုဏ်းထောင်လျက်
စစ်ကောင်မိစ္ဆာ၊ နယ်ချဲ့လာလိမ့်။

မလာစေရ၊ စည်းလုံချ၍
စောင့်ကြရှောက်ကြ၊ နိုးကြားကြလော့။

မြန်မာ့နယ်မြေ၊ စစ်ပိုးသေမှ
စစ်ပဒေသရာဇ်၊ အမြစ်ကနုတ်
ပြုတ်ပြုတ်ပြုန်းမှ
လူလုံးလှရန်၊ ကြမ္မာကံကို
တို့ဖန်တီးရ၊ နိုင်ငံလှလိမ့်။

စစ်ညွန့်ကျိုး၍၊ စစ်ပိုးသေမှ
တို့ရွှေနိုင်ငံ၊ တို့နိုင်ငံဟု
အမှန်မုချ ဖြစ်မည်ပါ့။”

သို့ကလို ကျွန်တော့်ကဗျာကို နိဂုံးချုပ်ပြီး ကဗျာခေါင်းစဉ်ကိုတော့ “နေ၀င်းလွန်ခေတ် ထွန်းသစ်လာမဲ့ တို့သမိုင်း” လို့ ပေးလိုက်ပါတယ်။

ဦးနေ၀င်းမျိုးချခဲ့တဲ့ စစ်ဝါဒတည်းဟူသော သမိုင်းအပုပ် အရိုင်းယုတ်ကို (တပ်မတော်ရော ပြည်သူပါ)
ဝိုင်းနုတ်ဖို့ လိုအပ်လှပြီဖြစ်ပါကြောင်း။     ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၁၆)၊ ဇန်န၀ါရီ ၂၀၀၃


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook