ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၆)

၁။
မေရီလင်းပြည်နယ်မှာ အကြမ်းဖက်သေနတ်သမား သောင်းကျန်းနေတယ်။ ကိုယ်ပျောက် သေနတ် သမားမို့ ရဲတွေ မြင်နိုင်စွမ်းမရှိ။ အလစ်မှာ သေနတ်စွမ်းပြပြန်ပြီ။ ဟော … တယောက်၊ ဟော … တယောက်။

သေနတ်သမားကိုမုန်းမိတယ်။ အပြစ်မဲ့သူတွေကို ဇီဝိန်ခြွေပြီး လူတွေချောက်ချားအောင် ဖန်တီးနေတယ်။ အပြစ်မဲ့လူသားတွေကို ဓားစာခံထားပြီး နိုင်ငံရေးကစားနေတာဖြစ်မယ်။ သူရဲဘောကြောင်လိုက်တဲ့ လုပ်ရပ်။ ဒီလို ခိုးကြောင်ခိုးဝှက် သေနတ်စွမ်းပြနေတာကို အဟုတ်ကြီးမှတ်ပြီး  လူတွေအထိတ်တလန့် နေရတဲ့ဘ၀ကို အရသာခံနေဟန်တူပါရဲ့။ ဖြစ်မှဖြစ်ရပလေ။

ရဲတွေကတော့ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ လူဆိုးတွေ မရှိတော့ဘူးဆိုရင် သူတို့ရောက်လာကြစမြဲ။ နိုင်ငံတကာရဲတွေလဲ မြန်မာရဲနဲ့အတူတူပါလား။ မရိုးနိုင်တဲ့ ရဲစရိုက်ပါ။

သေနတ်သမား။ သေနတ်ရှိရုံနဲ့ အဓမ္မမှုတွေကျူးလွန်ဖို့ လိုင်စင်ရထားပြီးပြီ။ အဓမ္မမှုကိုကာကွယ်နိုင်၊ ဟန့်တားနိုင်စွမ်းရှိပါလျက် အဓမ္မမှုကို မျက်နှာပြောင်ပြောင် ကျူးလွန်လေ့ရှိတယ်။ သွေးမြောက်တော့ ခွေးလောက်မှ အဖိုးမတန်တော့။

လက်နက်ကိုင်တွေရဲ့ဂုဏ်ရည်ဟာ အဓမ္မမှုကို ကျူးလွန်ရဲတဲ့ ဂုဏ်ရည်လား။ ရှက်ဖွယ် ရှက်ဖွယ်။ သေနတ်အားကိုး၊ လက်နက်အားကိုးနဲ့ ပြည်သူတွေကို ဓားမိုးချင်တယ်။ အနိုင်ကျင့်ချင်တယ်။ လူယုတ်မာသခင်က ခိုင်းရင်ခိုင်းသမျှ လုပ်ချင်တယ်။ ရွံရှာစက်ဆုပ်စရာ ၀ိဘစ္ဆရသ။

သေနတ်သမား၊ လက်နက်သမားတွေမှာ ကိုယ်ကျိုးမှတပါး ဘာကိုမှမစဉ်းစား။ ကိုယ်ကျိုးရမယ်ဆိုရင် ဘနဖူး သိုက်တူးမဲ့လူစား။ ကြေးစားစိတ်ဓာတ်ပါကလား။

(၂)
ငါက
သေနတ်ကို မကိုးကွယ်။
အတတ်ကို ကိုးကွယ်တယ်။
အာဏာကို မကိုးကွယ်
ပညာကို ကိုးကွယ်တယ် …။

ဒီလို တချိန်က ကဗျာဖွဲ့ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်ကစပြီး သေနတ်သမားတွေ ကြီးစိုးလာခဲ့ တယ်။ ပြည်သူလူထုက ရွေးကောက်မြှောက်လိုက်တဲ့ အစိုးရကို သေနတ်အားကိုးနဲ့ အနိုင်ကျင့်ပြီး နိုင်ငံ့အာဏာကို လုယူလိုက်တယ်။ ရာဇ၀င်ရိုင်းပါပေ့။

၁၉၉၀ မှာ လူထုရွေးကောက်ပွဲလုပ်တော့ ပြည်သူလူထုက ခမောက်အဖွဲ့ကို တခဲတနက်မဲပေးပြီး ရွေးလိုက်ကြပြန်တယ်။ လက်နက်ကိုင်စစ်တပ်က အဓမ္မအနိုင်ကျင့်ပြီး အာဏာမလွှဲ။ အာဏာမအပ်။ မျက်နှာပြောင်တိုက်ပြီး ပြည်သူ့ဆန္ဒကို မုဒိမ်းကျင့်ကြပြန်တယ်။ အခုထက်ထိ။ ရာဇ၀င်ရိုင်းပါပေ့။

ကျွန်တော်တို့ရဲ့လူထုဟာ အစော်ကားခံရတဲ့ လူထု။ အနိုင်ကျင့်ခံရတဲ့ လူထု။ ကိုယ့်ဆန္ဒကို ထုတ်ဖော်ခွင့် မရတဲ့ လူထု။ ဘယ်လောက်ရင်နာဖွယ်ကောင်းသလဲ။

ကျွန်တော်တို့ရဲ့သမိုင်းစာမျက်နှာတွေဟာ ညစ်ပတ်ပေကျံနေတဲ့ စာမျက်နှာတွေဖြစ်တယ်။ ၁၉၆၂ ခုမှ ယခု ၂၀၀၂ ခုနှစ်အထိ သေနတ်သမား စစ်ဗိုလ်ကြီးတွေ၊ စစ်ဘုရင်တွေ ဗိုလ်ကျစိုးမိုးနေတဲ့တိုင်းပြည် ဖြစ်တယ်။ နှစ်ပေါင်း (၄၀) ရှိခဲ့ပြီ။ နစ်နာလိုက်တာကွယ်။ သမိုင်းမှာ မျက်နှာမပြနိုင်လောက်အောင် ရှက်စရာကောင်းလှချည့်။

(၃)
“တရားမဲ့စွာ တာတေလန်တဲ့
သနားမငဲ့ညှာ ဗမာတွေနှံခဲ့တဲ့
မဟာရွှေဂျပန် စောက်ကျင့်ဆိုးတွေကြောင့်”

အဲသလို ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကလောင်ဖျားက ဖက်ဆစ်ဂျပန်တွေရဲ့ အမူအရာတွေကို ခါးခါးသီးသီး ကဗျာဖွဲ့ခဲ့ဖူးတယ်။

အောက်တိုဘာ (၁၀) ရက်နေ့က မြန်မာပန်းချီဆရာ၊ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာကြီး ဦးဝင်းဖေနဲ့အတူ ကျွန်တော်လဲ ၀ါရှင်တန်က ဂျပန်နိုင်ငံရောက်လာတယ်။ ဂျပန်ရောက် မြန်မာမိသားစုတွေ တည်ထောင် ထားကြတဲ့ “အာဟာရစာကြည့်တိုက်” က ကြီးမှူးကျင်းပတဲ့ စာပေဟောပြောပွဲအတွက်ပါ။

ပြုံးရွှင်ဖော်ရွေတဲ့၊ ချိုသာတဲ့၊ လှိုက်လှဲပျူငှာတဲ့မေတ္တာနဲ့ မြန်မာစာပေချစ်သူတို့က နာရိတာလေဆိပ်က ဆီးကြိုကြတယ်။ နွေးထွေးပါဘိ။ ဆွေမျိုးသားချင်း အငွေ့အသက်က ချမ်းမြေ့ပါဘိ။

တိုကျိုမှာ မြန်မာမိသားစုတွေ သောင်းနဲ့ချီပြီး ရှိကြသတဲ့။ မြန်မာစားသောက်ဆိုင်တွေလဲ အတော်များများ ရှိကြပြီ … တဲ့။ မြန်မာကာရာအိုကေသီချင်းဆိုတဲ့ ခန်းမတွေနဲ့ ပျော်စရာပါပဲ … တဲ့။

သူတို့တတွေဟာ ရောက်ရာနေရာမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ကိုယ့်ဘာသာတရားကို တလေးတစားရှိကြတယ်။ ကိုယ့်ယဉ်ကျေးမှုကို ပြုစုပျိုးထောင်ကြတယ်။

တပင်တပန်းလုပ်ကိုင်ပြီးရခဲ့တဲ့ ချွေးနဲစာကလေးတွေစုဆောင်းပြီး မြန်မာစာကြည့်တိုက် တည်ထောင်ကြတယ်။ သူတို့စေတနာဖြူစင်ပြီး ထက်သန်အားကြီးပုံ ချီးကျူးမကုန်နိုင်စရာ။

သူတို့နေထိုင်ရတာ ဖျာ (၆) ချပ်ခွဲစာ အခန်းကျဉ်းကလေး။ လူ (၄-၅) ယောက်စုပြီး ငှားနေကြရ။ လုပ်ကိုင်ကြရတာကလဲ အိုးတိုက်ပန်းကန်ဆေး။ “အိုက်တိုးပဂေးဆန်” လို့ မြန်မာပီပီ ဟာသနှောပြီး လောကဓံကို အမောခံရင်း ပြောတတ်ပြန်သေးရဲ့။ မိဝေးဖဝေး ဆွေဝေးရပ်ကွာ သူတပါးတိုင်းပြည်မှာ မျက်နှာငယ်ငယ် ၀လုံးကလေး ကလယ်ကလယ်နဲ့ ကျင်လည်ကျက်စားနေကြရင်းက ကိုယ့်ပြည်ကိုလဲ လွမ်းတတ်ကဲ့။ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမူကိုလဲ ချစ်တတ်ကဲ့။ တကယ့်သူတော်ကောင်း မြန်မာ ကလေးတွေပါလား။

ကိုယ့်မိခင်နိုင်ငံက “ကပ်ကျန်မွဲတေ ဖွတ်ဘိုးအေ” ဖြစ်ပြီး ချွတ်ခြုံကျလေတော့ ပွဲစားအမျိုးမျိုးအားကိုးပြီး သိန်းရှစ်ဆယ် ကိုးဆယ် အရင်းပြုပြီးလာခဲ့ရပေမဲ့ ဂျပန်မှာကျတော့ နေရထိုင်ရမသက်သာ “အိုဗာစတေး” ခေါ်တဲ့ ၀လုံးဘ၀။

ကိုယ့်တိုင်းပြည်ကလဲ ဖခင်ရင်းမဟုတ်။ စစ်သားပထွေးမို့ ချစ်အားဝေးကြရရှာတယ်။ အားကိုးရာမဲ့၊ ခိုလှုံရာမဲ့ နေခဲ့ကြရတယ်။ ရင်နာဖွယ်ကောင်းလေစွ။ ကိုယ့်နိုင်ငံကလဲ ကိုယ့်ကိုမကယ်နိုင်။ မကယ်နိုင်ရုံ မက လည်မျိုညှစ်ချင်သေးရဲ့။ ဖြစ်ရပုံများ …။ သဘောဖြူအူစင်းပြီး အရင်းခံစေတနာကောင်းကြရှာတဲ့ တို့နိုင်ငံသားတွေရဲ့ ကံကြမ္မာကို ရင်နာနာနဲ့ တွေးမိပါတယ်။

(၄)
ကုန်းဘောင်ခေတ်မှာ မြန်မာနိုင်ငံဟာ ပဒေသရာဇ်အိပ်မက်က နိုးထဖို့ကြိုးစားခဲ့ကြတယ်။ ဂျပန်မှာလဲ မေဂျီဘုရင်လက်ထက် ခေတ်သစ်အိပ်မက်မက်ခဲ့တယ်။ ကနောင်မင်းသား၊ ယောမင်းကြီး စတဲ့ အင်အားစု ခေတ်မီမှု ကြိုးစားခဲ့ကြတဲ့အချိန်ပေါ့။

“ကုန်းဘောင်ခေတ်မှ၊ ပြိုင်တူထလဲ
အထနှေးနှေး၊ အိပ်ရေးမဝ
သူကတမျိုး၊ ငါတမျိုး
အနိုးမတတ်၊ ထမင်းငတ်
မတ်တပ်ရပ်လို့ လမ်းမှာငို
ရွှေဘို နေညိုတော့
မြေမျိုခံရ မြန်မာ့ဘ၀ကြမ္မာကံ”

ဂျပန်နဲ့မြန်မာ အခုတော့ ကွာချင်တိုင်းကွာပြီမဟုတ်လား။ “သခင်မျိုးဟေ့” လို့ တရေးနိုးထအော်ခဲ့ပေမဲ့ အော်ရင်းဟစ်၊ လှော်ရင်းနစ်ခဲ့ရပြီ မဟုတ်လား။

“ရာစုသစ်မှာ ဘာပြုလို့နစ်ရမလဲ” လို့ အားခဲနိုင်မှ တန်ကာကျတော့မယ်။
သတိရနိုးထကြစေသတည်း။     ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၁၄)၊ နိုဝင်ဘာ ၂၀၀၂


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook