ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၂)

၁။
ရာသီတွေကလဲ … ပြောင်းခဲ့ပြီ။ ဥရောပရဲ့ အကျည်းတန်ရှုခင်းတွေလဲ အ၀တ်သစ်အစားသစ်လဲခဲ့ပြီ။ ခုအခါမှာတော့ ဖူးပွင့်ရာသီရောက်နေပြီမို့ စိမ်းစိမ်းစိုစိုနဲ့ ဆံမြိတ်တိုချလို့ အလှကြီးလှနေခဲ့ပေါ့။

ပန်းတွေကလဲ ရောင်စုံ၊ ငှက်ကျေးတွေကလဲ သံစုံ၊ “ခရာသံစုံ ကျူးကျော်ငြာဟုန်” ဆိုသလို။ အင်း … အိုတဲ့အခါလဲ အိုမင်းယိုယွင်းပေမယ့် ပျိုတဲ့အခါလဲ ပျိုအဆင်းနဲ့ ပန်းခင်းနဲ့။ ပန်းကောက်ကြပေရော့။ လမ်းလျှောက်ကြပေရော့။ လွမ်းလောက်တဲ့အခါ ရောက်လာပြန်ချေပေါ့။

ဒီရှုခင်းအလှကို ကဗျာဥာဏ်ဝင်စားမိတယ်။ ကာရန်ကလေးတွေ စီမိတယ်။

ကိုယ့်ဆု ကိုယ်ပန်

ဖူးပွင့်ဖန်ပြာ
ကျူးရင့်သံသာ
နုဆဲပျိုဆဲ ခုအခါ။

နောက်မကျစေ
ကောက်ကြလေရော့
မြေမှာဖြန့်ကျင်းပန်းခင်းပါ။

ရာသီကိုသိ၊ အခါညှိ
မိမိကိုယ်သာကိုးကွယ်ရာ။

သူများပန်းတော၊ လွမ်းမမောနှင့်
အဟောသိကံ ဖြစ်မည်သာ။

ကိုယ့်အရေးမှု၊ ကိုယ်တွေးရှု
ကိုယ့်ဆုကိုယ်ပန် မြတ်နိုးစွာ။

ရာသီကိုမှီခိုပြီး အလိုလိုအားနွဲ့တာ၊ ကြွားတဲ့ကာ နေလို့မဖြစ်။ ကိုယ့်လမ်းကိုယ်ထွင်မှ၊ ကိုယ့်ဖြစ်စဉ် ကိုယ်ဖန်တီးမှ၊ ကိုယ့်ခရီးကိုယ်ပြင်မှဖြစ်မယ်။ နတ်ကရာ ကျီးမောနေလို့မဖြစ်သေး။ ဗုဒ္ဓကလဲ ဟောခဲ့တယ်။ “အတ္တာဟိ အတ္တနော နာထော” တဲ့။ “မိမိကိုယ်သာ ကိုးကွယ်ရာ” မဟုတ်လား။

ရာသီသာတာကို ကျေနပ်ရောင့်ရဲပြီး ပွဲထဲစိတ်ရောက် ပင်ကိုယ်ပျောက်လို့ မဖြစ်ချေသေး။

(၂)
ကိုယ့်ရဲ့ ထာဝရလိပ်စာက ပြည်မြန်မာပါ။ ဒါပေမယ့် ဖ၀ါးကို ယာဉ်သာပြုပြီး ဥတုသုံးလီစလုံး ကိုယ့်ပြည်မှ ခွာ၊ ရပ်တကာ ရွာတကာရောက်ခဲ့ရတယ်။ ၂၊ ၆၊ ၂၀၀၂ နေ့က ဘယ်လ်ဂျီယမ် အန့်တ၀တ်မြို့က ခွာခဲ့ ရပြန်တယ်။ ဘရပ်ဆယ်လေဆိပ် ရောက်ခဲ့တယ်။ မြေးမကလေး စန္ဒရာနဲ့ မာယာတို့ကို နှုတ်ဆက်ပြီး လေယာဉ်ပေါ်တက်ခဲ့တယ်။ သမီးနှင်းကတော့ မျက်ရည်တွဲ့တွဲ့။

ညနေကျတော့ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ကလေးကို ရောက်နေပြီ။ ကဗျာဆရာ မောင်စိုးချိန်က လွယ်အိတ်နီကလေးတလုံး ပုခုံးချိတ်လို့ လေဆိပ်ကကြိုနေရှာတယ်။

ဖို့တ်ဝိန်းကို အကြိမ်ကြိမ်ရောက်ခဲ့ပါတယ်။ ညှာရွှေရွက်တို့ ကြွေသက်တဲ့အခါမဟုတ်။ လန်းဆန်းနုပျို စိမ်းစိုတဲ့ အခါသမယ။ အထွက်နဲ့အ၀င် အမြင်ချင်းမတူ၊ တမူလှနေတဲ့ မြို့ကလေးပါလား။

ဆိုင်းသံ၊ ဗုံသံ၊ ဒိုးသံတွေကြားရတယ်။ အို … ဆန်းကြယ်စွ။ အမေရိကနိုင်ငံကြီးမှာ မြန်မာ့ဂီတရေစီး စီးဆင်းနေပါပကော။ အလို … ဘုန်းကြီးကျောင်းမှာ ရှင်ပြုပွဲဆိုပါ့ကလား။ “ဒိုးပတ်ကိုလွယ်ရုံမျှနဲ့၊ မယားကကွာမယ်ဆို၊ သားမောင်ကငို” ဆိုတဲ့ ပတ်ဗေတိုသံနှင့် ကိုယ့်နိုင်ငံရောက်နေသလားထင်မိတယ်။

ရောက်ရောက်ချင်း အလှူထမင်း၊ အလှူဟင်းနဲ့ဆုံလို့ ရင်ခုန်မိပါရဲ့။ သြ … သာချို ကိုရင်လောင်းကို အသက်သွင်းခဲ့တဲ့ အဆိုကျော် ဒေါ်မာမာအေးလဲ ရောက်လို့ပါလား။

အမေရိကမှာ သင်းပျံ့တဲ့မြန်မာရနံ့

မြန်မာခပ်သိမ်းတို့ရဲ့
အောင်ကိန်းကြုံရာ
ဖို့တ်ဝိန်းဆိုတဲ့ မြို့သာယာကလေး။

မြရွက်သစ်တွေလဲ ညို့ညို့စိမ်းစိမ်း
ဖို့တ်ဝိန်းဆို ထိုမြို့ကလေးမှာ
တို့အရေးက ရဲဘော်တစု
ရှင်ပြုပွဲ၊ အလှူပွဲတွေနဲ့
ခြိမ့်ခြိမ့်သဲ ဒိုးသံသာ
မာမာအေး အဆိုကျော်လဲပါရဲ့
ပျော်စရာ အတိပါလား
အဖော်သဟာတွေလဲ အပြည့်နဲ့။

မြန်မာရနံ့
သင်းပျံ့လှိုင်ကြူ
အသက်ရှု၀၀၊ လက်ဖက်အတူမျှပြီးနှိုက်ရင်း
အလှူထမင်း၊ ငခူဟင်းတွေထင့်
ဦးပဉ္စင်းနဲ့ ကိုရင်ကလေးတွေမြင်ရ
ဘ၀င်တကြွကြွ၊ အစဉ်သတိရစရာပါပဲ။

ကိုယ့်သွေးတွေ စီးဆင်းရာ
ဒီကမ္ဘာ အလှဆုံးမြေ
မေ့နိုင်ဘူးကွဲ့ သူငယ်ချင်းရေ..။

(၃)
တနေ့နေ့မှာတော့ ကိုယ်ပျော်မွေ့တဲ့ မြန်မာနိုင်ငံကို ပြန်ရမှာပါ။ ကိုယ့်နိုင်ငံအလွမ်းနဲ့ အတွေးတွေ အမျှင်တန်းမိပြန်တယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာ အိမ်နီးနားချင်းပြဿနာ၊ မူးယစ်ဆေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့များ၊ မြန်မာစစ်အစိုးရရဲ့ ဘေဒဥပါယ်နည်းပရိယာယ် … စတာတွေစဉ်းစားမိတော့ ငါ့အိမ်ပြန်ရက်ကလေး
ဝေးပြီထင်ရဲ့လို့ စိတ်အားငယ်မိပြန်တယ်။ ဒီမိုကရေစီအလံနဲ့ အောင်ပွဲခံရမယ့်ရက်ကလည်း နောက်ဆုတ် သွားပြန်ပြီလားလို့ တအားငယ်မိပြန်တယ်။ ဒီလိုနဲ့ ကရုဏာဒေါသော စိတ်ဆန္ဒစောရင်း ဘ၀အမော
သံဝေဂကဗျာကို ဖွဲ့မိပြန်ပါတယ်။

သံဝေဂ သို့မဟုတ် ပြာပူမိုး

အနာဂတံ လာလတ္တံ့တွေကို
ကဗျာဥာဏ် စာမခန့်နိုင်ဘု
ငါအလန့်ကြီးလန့်မိတယ်။

ကောက်ကျစ်သော၊ စဉ်းလဲသော
မြင်းပွဲက ဥာဏ်သမား
တို့နိုင်ငံကို ကစားခဲ့လို့
အမှားတွေနဲ့တည်ဆောက်
အမှန်ကို ဘယ့်နှယ်ရောက်နိုင်ပါ့
လမ်းပျောက်ခဲ့တယ်။

ကလိမ်ဥာဏ်ေ၀၀ုစ်နဲ့
ကလိယုဂ် အခါဆိုးမှာ
ပြာပူမိုး ရွာသမှုကြောင့်
သာဓုမှ ခပ်ကျယ်ကျယ်
ခေါ်နိုင်ဖွယ်မရှိ။

ပန်းတွေက မသင်း
လမ်းတွေက ကျဉ်းပါဘိ
ဆန်းနေကလဲ မလင်းနိုင်ဘု
မင်းတို့အသိ။

တအင်းအင်းနဲ့ ဟင်းချသံ၊ သက်ပြင်းချသံနဲ့အတူ မှုတ်ထုတ်လိုက်တဲ့ ကဗျာပူတပုဒ်ပဲ ဖြစ်လေမလားမသိ။     ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၁၀)၊ ဇူလိုင် ၂၀၀၂


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook