ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၉)

၁။
ကဗျာရဲ့သိမ်မွေ့နူးညံ့မှု သုခုမလက္ခဏာကို လောကရဲ့ “ဖုထစ်ရွတ်တွ ငှက်လင်းတ” ရဲ့ ကြမ်းရှမှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အနုပညာမာယာကြောင့် နှစ်သက်စရာလက်ရာ ဖြစ်လာရတယ်။ ဥပမာပြရင် “ဘီလူး” ကိုကြည့်လေ။

ဘီလူးဟာကြမ်းတမ်းတယ်၊ ခက်ထန်တယ်၊ မာန်ပြင်းတယ်၊ ရုပ်ဆင်းအင်္ဂါမတင့်တယ်ဘူး။ ဒါပေမယ့် ရုန့်ရင်းကြမ်းတမ်းဟန်ပြတဲ့ ဘီလူးအကနဲ့ ထွက်လာတဲ့အခါ နှစ်သက်ခြင်း ဖြစ်မိတယ်။ ဘီလူးဟာ ကြောက်စရာအသွင်ရှိပေမယ့် နှစ်သက်မှုပီတိကိုပေးတယ်။ ဒါကြောင့် ဒဿဂီရိဘီလူးကို မုန်းတီးရွံရှာမှု မဖြစ်ဘဲ စွဲလမ်းချစ်ခင်စရာ ဖြစ်သွားတတ်တယ်မဟုတ်လား။ စေတနာဓာတ်ခံနဲ့ ဖန်တီးလိုက်တဲ့အတွက် မလိုလားအပ်မှန်းသိသော်လဲ နှစ်သက်ဖွယ်လက်ရာ ဖြစ်လာရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အနုပညာနှလုံးသားမှာ အမုန်းခွန်အား နည်းပါးရတယ်လို့ မှတ်ချက်ချနိုင်တာပေါ့။

၂။
တောင်တွေးမြောက်တွေးနဲ့ အတွေးလက်စတွေ မဆုံးနိုင်၊ အတွေးမြိုင်ထဲမှာ ချာလည်ချာလည် မျောနေ မိတယ်။ လောကပရိယာယ် မာယာအသွယ်သွယ်ထဲမှာ တ၀ဲလည်လည်ဖြစ်မိတယ်။ ဒီလိုလွင့်ပါးနေတဲ့ အတွေးတွေကို တည်ဆောက်မှဖြစ်မယ်။ စိတ်တိုရင် လူအိုတယ်။ စိတ်ပျိုအောင် အတွေးအို၊ အတွေး ဟောင်းတွေကို မောင်းထုတ်မှဖြစ်မယ်။ ဒီလိုနဲ့ မိမိစိတ်ကို လွင့်မျောမသွားအောင်တည်ဆောက်ဖို့ ကဗျာဖွဲ့မိပါတယ်။

နုပျိုဆေး

လောကအကြောင်းက
ဒေါသတွေ ထောင်းလမောင်းထစရာ။

မြင်မြင်သမျှ အကျည်းတန်
ခရီးမမှန်၊ အကြံအစည်မချော
မြန်ပြည်တကြောမှာ
ကဏ္ဋကောစတွေက
ပေါလှသဗျာ။

အမျက်သိုရင် အသက်တိုတတ်သတဲ့
နုပျိုအောင် ကုသိုလ်သဘောတွေနဲ့
ယောနိသော နှလုံးသွင်း
မုန်းခြင်းတွေ ချေမှုန်း
အပြုံးနဲ့ရင်ဆိုင်ပါ … တဲ့
သြ၀ါဒစကား ကြားလိုကြား။

ကိုယ့်စိတ်ကိုယ် ထိန်းနိုင်မှ
မယိမ်းမယိုင် ခိုင်ခိုင်မတ်ပေလိမ့်
မတတ်မသိသူတွေက
ဟတ္ထိကို ယုန်ထင်သူထင်
ယုန်မြင်ပါလျက် ခြသေ့င်္လုပ်သူလုပ်
မဟုတ်တရုတ် အရှုပ်ထုတ်တွေကို
အလုပ်တလုပ် လုပ်ကာ မဖြေရှင်းလေနဲ့
စိတ်ရင်းမှန်မှန်တည်လို့
စိတ်ကြည်အောင် မှန်မှန်ရှုနိုင်မှ
နုပျိုလိမ့်တကား။

၃။
အကောင်းမြင်၊ အလှမြင်သမားအဖြစ်နဲ့ လူ့လောကထဲရောက်လာတဲ့ စာသမား၊ ကဗျာသမားတွေအဖို့ လက်တွေ့ဘ၀မှာ မမှန်တာ၊ မတရားတာ၊ ရက်စက်တာ၊ ကြမ်းကြုတ်တာ။ မမျှမတတာတွေ ကိုယ်တွေ့ ကြုံရတဲ့အခါကြတော့ လောကကို စိတ်ပျက်ငြီးငွေ့မိတယ်။ နိဗ္ဗိန္ဒတွေ၊ သံဝေဂတွေပေါ့။ ကုန်းဘောင်ခေတ် မှာ လူ့ဘ၀ငြီးငွေ့သံတွေ လွှမ်းမိုးတဲ့တေးကဗျာတွေ ထွန်းကားခဲ့ရတယ်။ “ကြုံမတွေ့ချင်ဘု၊ ဘုံဓလေ့ မုန်းလှပြီ” တို့၊ “ပစ်ရှာမဲ့ ၀ရဇိန်ငယ်၊ ပန်းတိမ်တွင် ပြင်တုန်းထင့်လေး” တို့ စိတ်ကျသံတွေကြားရတယ်။ အမှန်ကတော့ ပဒေသရာဇ်ခေတ်ဆိုး၊ ခေတ်ညစ်မှာ လူဖြစ်လာရတဲ့ဘ၀ အစစဆုံးရှုံးခဲ့တာကိုး။ ကလောင်သမားတွေဆိုတော့လဲ “သိလျက်နှင့်ပင်၊ ၀ိပါတ်ကြမ္မာငင်ရော့ထင့်၊ ရွှေဥာဏ်ရှင်မဝေခွဲနိုင်ဘု၊ ပွဲတွေ့အမှား” လို့ သံဝေဂနဲ့ ညည်းတွားရုံမှတပါး။

၎။
ဒီနေ့ခေတ်မှာတော့ သတင်းခေတ်၊ အုပ်စိုးသူတွေ လည်ပင်းညှစ်ချင်တိုင်း ညှစ်လို့မရ။ တမ္ဘာတခုလုံး ချိတ်ဆက်ပြီး ကွန်ယက်နယ်ကအကျယ်ကြီး။ သံဝေဂတွေနဲ့ စိတ်ဓာတ်ကျနေစရာမလို။ မတရားမှုကို လက်တုံ့ပြန်နိုင်တဲ့နေရာတွေ အများကြီးပွင့်နေတယ်။ ငုံ့ခံနေစရာမလို။

ကျွန်တော်တို့နိုင်ငံမှာ ၆၂ က ဒီမိုကရေစီ လူထုအစိုးရကို စစ်တပ်ကအာဏာသိမ်းခဲ့တယ်။ ကလောင်သမားတွေက ရရာစင်မြင့်က ရင်ဖွင့်ကြတယ်။ ကလောင်လက်နက်နဲ့ အဆက်မပြတ် တိုက်ခိုက်ခဲ့ကြတယ်။ ကမ္ဘာကုန်ကျယ်သရွေ့ အသံကုန်ဟစ်ခဲ့ကြတယ်။

၁၉၈၈ မှာ လူထုအရေးတော်ပုံ အုံကြွခဲ့တယ်။ ၁၉၉၀ မှာ လူထုနည်းနဲ့ ရွေးကောက်ပွဲလုပ်ပေးခဲ့ရတယ်။ ၁၉၉၀ မှာ လူထုတင်မြှောက်တဲ့အစိုးရကို အာဏာမလွှဲဘဲ စစ်တပ်ကအာဏာသိမ်းပြန်တယ်။ ယခုအထိ။ ကမ္ဘာ့သတင်းမီဒီယာတွေက စစ်အစိုးရရဲ့လုပ်ရပ်ကို ဆန့်ကျင်ကြ၊ ရှုတ်ချကြ၊ ကန့်ကွက်ခဲ့ကြတယ်။ စစ်ပလ္လင်ဟာ ငလျင်တုန်ခါသလို ခါရမ်းနေခဲ့တယ်။ စာနယ်ဇင်းတွေက ၀ိုင်းဝန်းပစ်ခတ်ခဲ့ကြတယ်။ ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်ခဲ့ကြတယ်။ ကျွန်တော်တို့လဲ တိုက်ပွဲဝင်စာနယ်ဇင်းသမား တွေနဲ့အတူ ပါဝင်ဆင်နွှဲကြရတော့တာပေါ့။ စာနယ်ဇင်းလွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့တာကိုး။

တလောက သတင်းတပုဒ်ပေါ်လာတယ်။ ဒီတခါ ကောလာဟလမဟုတ်။ တရားဝင်သတင်းတပုဒ်ပါ။ ကျွန်တော်တို့ရဲ့စစ်အာဏာရှင်ကြီး ဦးနေ၀င်းရဲ့သားမက် အေးဇော်ဝင်းနဲ့ မြေးများဖြစ်တဲ့ အေးနေ၀င်း၊ ကျော်နေ၀င်းနဲ့ ဇွဲနေ၀င်းတို့သတင်းပါ။ အာဏာရှင်ဆွေတော်မျိုးတော်တသိုက်က အာဏာသိမ်းဖို့ကြံကြ သတဲ့။ အာဏာကိုမှီပြီး သောင်းကျန်းချင်တိုင်း သောင်ကျန်းလို့မ၀နိုင်ကြတဲ့ သားမက်တော်နဲ့ မြေးတော် တို့က အာဏာကိုသိမ်းဖို့ ကြံစည်ကြတယ်ဆိုပဲ။

ဒီသတင်းပေါ်လာတော့ ကဗျာတပုဒ် ကောက်ကာငင်ကာရေးလိုက်မိပါတယ်။

ကောလာဟလ ငလျင်

လာပြန်ပြီ
မြန်မာပြည်က ငလျင်အသေးစား
ကောလာဟလစကား။

အာဏာရှင်မိသားစုက
သူ့အာဏာပြန်လိုချင်လို့
လက်ပြင်နေတုန်း ဗြုန်းခနဲမိ
အထိအခိုက်မရှိ ... တဲ့။

ဘာတွေလဲ ... ဘာတွေလဲ
ငါ … မဝေခွဲတတ်
ကမ္ဘာအရပ်ရပ်မှာတော့ သတင်းပြန့်
မလန့်သာ မထိတ်သာ။

ဘာပဲဖြစ်ဖြစ်
စစ်အုပ်စုယိမ်းယိုင်
မထိန်းသိမ်းနိုင် လှုပ်ခါ
အာဏာပြိုကွဲ ဖရိုဖရဲ ဖြစ်ရော့သလား။
အေး … ဒါဆို ကောင်းတာပေါ့။
ခေတ်ပြောင်းမဲ့အရိပ်
နိမိတ်ဖြစ်နိုင်ကောင်းပါရဲ့။     ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၀၇)၊ ဧပြီ ၂၀၀၂


Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook