( ၂၀၀၈ -၂၀၀၉ ) သတင်းဓာတ်ပုံများ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဘားအံခရိုင် ဒေသအတွင်းဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ထိုင်းဘက်ထွက်ပြေးလာသည့် ကရင်စစ်ပြေးဒုက္ခသည် (၄,၀၀၀) ခန့်ထဲမှ (၉၉) ဦးကို ဒီကေဘီအေအဖွဲ့မှ နေရပ်ပြန်ရန်အတွက် (၁၈၊ ၆၊ ၀၉) ရက်နေ့က ထိုင်းဘက်ခြမ်း မဲ့စလေရွာတွင် လာရောက် ခေါ်ဆောင်သည့် မှတ်တမ်းဓာတ်ပုံများ ဇွန်လ (၁၉)ရက်၊ ၂၀၀၉
၁၅-၆-၀၉ ရက်နေ့ကတာ့ခ်ခရိုင် ဖို့ဖတ်မြို့နယ်အတွင်း တရားမ၀င်နေထိုင်သည့် မြန်မာအလုပ်သမားများကို ထိုင်းရဲမှလိုက်လံဖမ်းဆီးရာ မြန်မာနိုင်ငံသား (၂၀၀)ခန့်ကို M 79 မော်တာကျည် (၂) လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ဇွန်လ (၁၆)ရက်၊ ၂၀၀၉
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသကို နအဖနှင့်ဒီကေဘီအေတို့က ယခုလဆန်း (၂) ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ရာ ထိုင်းနယ်စပ် မဲ့စလေရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲရာ ၁၃-၆-၀၉ ရက်နေ့က ထိုင်းအမှတ် (၃) စစ်တိုင်းမှူး နယ်စပ်အခြေအနေကို လာရောက်စစ်ဆေးပြီး စာသင်ကျောင်း ပိတ်ကာ ဒေသခံ ထိုင်းနှင့် ကရင်ပြည်နယ်မှ စစ်ပြေးဒုက္ခသည်များအပါအ၀င် လူဦးရေ (၂,၀၀၀) ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည့် လှုပ်ရှားမှုဓာတ်ပုံများ ဇွန်လ (၁၅)ရက်၊ ၂၀၀၉
၂-၆-၀၉ ရက်နေ့မှ စတင်ခဲ့သည့် တပ်မဟာ (၇) ဒေသအတွင်း တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့များက လုံခြုံရေးတိုးမြှင့်ချထားသည့် လှုပ်ရှားမှုဓာတ်ပုံများ ဇွန်လ (၁၁)ရက်၊ ၂၀၀၉
နအဖနှင့် ဒီကေဘီအေထိုးစစ်ကြောင့် အိုးအိမ်စွန့်ခွာ၍ ထိုင်းနယ်မြေအတွင်း ၀င်ရောက်ခိုလှုံနေရသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များကို ၈-၆-၀၉ ရက်နေ့က ထိုင်းနိုင်ငံ ထာ့ဆောင်ရန်းမြို့နယ်တွင် တွေ့ရစဉ် ဇွန်လ (၉)ရက်၊ ၂၀၀၉
ဒေသတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ဒေသခံအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ၇-၆-၀၉ ရက်နေ့၌ မဲဆောက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားထိပ် ထိုင်းဘက်ခြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဒေသတွင်းရောက်မြန်မာနိုင်ငံသားများ ဆန္ဒပြနေကြသည့် လှုပ်ရှားမှုဓာတ်ပုံများ ဇွန်လ (၈)ရက်၊ ၂၀၀၉
၅-၆-၂၀၀၉ ရက်နေ့က မြန်မာစစ်တပ်နှင့် ဒီကေဘီအေပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆင်ရေးလှုပ်ရှားမှုဒဏ်ကို မခံနိုင်တော့သဖြင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်အတွင်းသို့ လာရောက်ခိုလှုံကြသည့် လှိုင်းဘွဲ့နှင့် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသူရွာသားများ ဇွန်လ (၅)ရက်၊ ၂၀၀၉
(၂၇-၅-၀၉) နေ့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၁၉) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် မဲဆောက်ဒေသတွင်းရောက် မြန်မာနိုင်ငံသား (၁၀၀) ခန့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆန္ဒပြခဲ့ကြသည့် လှုပ်ရှားမှု ဓာတ်ပုံများ မေလ (၂၇)ရက်၊ ၂၀၀၉
၂၆-၅-၂၀၀၉ ရက်နေ့က ဂျပန်ဖောင်ဒေးရှင်းတခုမှလှူဒါန်းသည့် မဲဆောက်ဒေသတွင်းရောက် မြန်မာရွှေ့ပြောင်းကလေးငယ် (၁,၂၀၀) ခန့် ပညာသင်ကြားနိုင်မည့် ကျောင်းဆောင်သစ်တခု ဖွင့်ပွဲကျင်းပရာ ဒေါက်တာ စင်သီယာမောင်၊ တာ့ခ်ခရိုင်ဝန်နှင့် မဲဆောက်မြို့ပိုင်တို့ ဖွင့်လှစ်ပေးခဲ့သည့် လှုပ်ရှားမှုမှတ်တမ်းများ မေလ (၂၆)ရက်၊ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ ထိုင်းမြန်မာချစ်ကြည်ရေးတံတားအနီး ထိုင်းဘက်ခြမ်းတွင် (၂၄-၅-၀၉) နေ့မွန်းလွဲပိုင်းက ဆန္ဒပြနေသည့် လှုပ်ရှားမှုဓာတ်ပုံများ။ မေလ (၂၅)ရက်၊ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာပြည်ငြိမ်းချမ်းရေး ညွှန့်ပေါင်းအဖွဲ့ချုပ် (Peace for Burma) မှ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲ လှုပ်ရှားမှု ဓာတ်ပုံများ မေလ (၁၈)ရက်၊ ၂၀၀၉
ဧပြီလ (၁၃-၁၄) ရက် ဘန်ကောက် အရေးအခင်း ဓာတ်ပုံများ ဧပြီလ (၂၁)ရက်၊ ၂၀၀၉
ဧပြီ (၉) ရက်နေ့ Victory Monument လမ်းလေးခွဆုံအ၀ိုင်းကြီးကို ဆန္ဒပြသူများ စီးထားသည့် မြင်ကွင်းဓာတ်ပုံများ ဧပြီလ(၁၀)ရက်၊ ၂၀၀၉
ဧပြီလ (၈) ရက်နေ့ ထိုင်းဝန်ကြီးချုပ်ရုံးပတ်လည် ဆန္ဒပြမြင်ကွင်း ဓာတ်ပုံများ ဧပြီလ(၁၀)ရက်၊ ၂၀၀၉
ထိုင်းဝန်ကြီးချုပ်ရုံး ဆန္ဒပြပွဲမြင်ကွင်း (မတ်လ ၂၈ ရက်) မတ်လ(၃၀)ရက်၊ ၂၀၀၉
(၂၁) နှစ်မြောက် ဖုန်းမော်နေ့အထိမ်းအမှတ်အခမ်းအနားတရပ်ကို (၁၃-၃-၀၉) နေ့၌ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်သူများ က ကျင်းပစဉ် ( မတ်လ(၁၃)ရက်၊ ၂၀၀၉)
ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်အား ထောက်ခံသူများ ထိုင်းဝန်ကြီးချုပ်ရုံးအား ဒုတိယနေ့ညပိုင်း ၀ိုင်းထားစဉ် (၂၅-၂-၀၉) (၂၆ ဖေဖော်ဝါရီ ၂၀၀၉)
၂၀၊ ၂၊ ၂၀၀၉ နေ့က ထိုင်းမြန်မာနယ်စပ်တွင်ကျင်းပသည့် (၆၁) နှစ်မြှောက် ဇိုမီးအမျိုးသားနေ့ အခမ်းအနားတွင် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့မှ ဖက်ဒရယ်ရေးရာဝန်ကြီး ဦခွန်မာရ်ကိုဘန် တက်ရောက်မိန့်ခွန်းမြွက်ကြားစဉ်။ (၂၀ ဇန်န၀ါရီ ၂၀၀၉)
မဲဆောက်ရှိမယ်တော်ဆေးခန်း တည်ထောင်ခြင်းအနှစ်(၂၀)ပြည့် အထိမ်းအမှတ် ဓါတ်ပုံပြပွဲကို ၁၆-၂-၀၉ နေ့ကကျင်းပရာဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ (၁၆ ဇန်န၀ါရီ ၂၀၀၉)
မဲဆောက်မြို့တွင်ကျင်းပသည့် (၆၂)မြောက်မွန်အမျိုးသားနေ့အခမ်းအနား (၁၀ ဇန်န၀ါရီ ၂၀၀၉)
ဝန်ကြီးချုပ်ဟောင်း တပ်ဆင်ကို ထောက်ခံသူများ ဆန္ဒပြပွဲ-ဘန်ကောက် (ဆနမ်းလွမ်) (၃၁ ဇန်န၀ါရီ ၂၀၀၉)
ထိုင်းရေတပ်သင်္ဘောဖြင့် ပင်လယ်သို့ဆွဲပြီး ကြိုးဖြတ် အစွန့်ခံရမည့် ရိုဟင်ဂျာလှေ
ဘန်ကောက် ဆူဝမ်နဖုန်လေဆိပ် ဆန္ဒပြမြင်ကွင်း
ထိုင်းဘုရင်၏ ၈၁ နှစ်မွေးနေ့ဆုတောင်းပွဲ