ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
မြန်မာ့ဒီမိုကရေစီတိုက်ပွဲဝင်များနှင့် ပြည်သူများသို့ အိတ်ဖွင့်အကြံပြုစာ

လေးစားအပ်သော ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲဝင် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့ ခင်ဗျား …

မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲဝင် ပြည်သူတဦးအနေနှင့် အနည်းငယ်အကြံပြုပြောကြားလိုပါသည်။
ယနေ့အချိန်အခါသည် ကျနော်တို့ အမိမြန်မာပြည်ရှိ ကောင်းမွန်သော နိုင်ငံရေးအလှည့်အပြောင်း ဖြစ်ရန်အတွက် အလွန်အင်မတန်မှ သတိထားပြီး ဆုံးဖြတ်ဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည်ဟု ထင်မြင်မိပါသည်။ ကျနော်တို့အားလုံး ဆုံးဖြတ်ချက်မှားသည်နှင့် စစ်ကျွန်သက် ထပ်ရှည်မည့်အခြေ အနေသို့ ရောက်ရှိသွားနိုင်သည်ဟုလည်း ထင်မြင်မိပါသည်။

မကြာသေးမီကပင် ဂျကာတာ၌ နိုင်ငံခြားရေးဝန်ကြီးပြောသွားသည့် အမျိုးသားညီလာခံကို ၂၀၀၇ ခုနှစ် အတွင်း အပြီးသတ်ပြီး နအဖစိတ်တိုင်းကျရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်း နိုင်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပတော့မည်ဆိုသည့်သတင်းကို အားလုံးကြားသိကြပြီး ဖြစ်မည်ထင်ပါသည်။

ယခုအခါ မြန်မာ့ဒီမိုကရေစီနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်မှုရှုံးနိမ့်ပြီးနောက် မျှော်လင့်ချက်မဲ့သွားပြီအထင်နှင့် ဒီမိုကရေစီတိုက်ပွဲဝင်သူ အချို့အချို့သည် နအဖကပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံ အတည်ပြုရေးဆွဲရေးဆန္ဒခံယူပွဲ (Referendum) သို့ ဆင်း၍ခုခံရန် ပြင်ဆင်နေကြသည် ကို တွေ့နေရ၍ ဤသို့ အကြံပြုစာရေးလိုက်ခြင်းဖြစ်ပါသည်။

ကျနော်၏ တဦးချင်းအမြင်အရမူ နအဖကပြုလုပ်မည့် ဆန္ဒခံယူပွဲကို လုံးဝဂရုမထား (ဖုတ်လေတဲ့ငပိ ရှိသည်လို့တောင် မအောက်မေ့) ဖို့လိုသည်ဟု မြင်ပါသည်။ ကျနော်တို့တွင် ၁၉၉၀ ပြည့် အထွေထွေ ရွေးကောက်ပွဲရလဒ်ကို တညီတညွတ်တည်း အခိုင်အမာဆုပ်ကိုင်ထားနိုင်သည့် မူတခုရှိနေပါသေးသည်။ အဆိုပါမူမှာ “နအဖအနေနှင့် ၉၀ ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့လွှတ်တော်ခေါ်ယူပေးရေးနှင့် နအဖက ဆက်လက်၍ မသိကျိုးကျွန်ပြုနေပါက အန်အယ်လ်ဒီအနေနှင့် ကိုယ့်ဘာသာကိုယ် မဖြစ်မနေ လွှတ်တော် ခေါ်ယူရေး” မူဖြစ်ပါသည်။ ထိုမူကို အခိုင်အမာဆုပ်ကိုင်တိုက်ပွဲမ၀င်ဘဲ နအဖကျင့်သုံးမည့် ဆန္ဒခံယူပွဲသို့ အရောက်ခံပါက စစ်ကျွန်သက်ရှည်စေဖို့ လုပ်ပေးသလို (ကျနော်တို့အားလုံး ကိုယ့်သေတွင်းကိုယ်တူးကြ သလို) ဖြစ်သွားမည်ဟု ထင်ပါသည်။

၉၀ ရွေးကောက်ပွဲရလဒ်သည် နအဖအတွက် ယနေ့အချိန်အထိ ဖင်ကြားခဲခုဖြစ်နေသည်မှာ ထင်ရှားနေ ပါသည်။ သူတို့ကိုယ်တိုင် ဦးစီးကျင်းပပေးပြီး ပြည်သူလူထုက တခဲနက်အားပေးခြင်းဖြစ်၍ မည်သည့် နည်းနှင့်မျှ ဖျက်၍မရမှန်း သူတို့ကိုယ်တိုင်လည်း သိနေပါသည်။ သိနေ၍လည်း အမြဲလိုလို တစ္ဆေခြောက် ကာ “လွှတ်တော်ခေါ်ပေးရအောင် အမတ်ဘယ်နှစ်ယောက်ကျန်လို့လဲ” ဟု နအဖပိုင်သတင်းစာများမှာ မကြာခဏ သွေးတိုးစမ်းမေးမြန်းနေခြင်း ဖြစ်ပါသည်။ ထိုသို့ ၉၀ ရွေးကောက်ပွဲရလဒ်ကို နအဖကိုယ်တိုင် က ဖျက်လို့မရမှန်းသိနေသလို ကျနော်တို့အားလုံးလည်း ရှင်းရှင်းလင်းလင်း သိမြင်ဖို့လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ်တွေ မပြည့်လို့ဟု နအဖက အကြောင်းပြလျှင် လစ်လပ်သွားသည့် လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် အစားထိုး (ကြားဖြတ်) ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်ခေါ်ပေးဖို့သာ တောင်းဆိုရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ကျနော်တို့ကိုယ်တိုင်က ၉၀ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုပြီး နအဖပြုလုပ်မည့် ဆန္ဒခံယူပွဲ၌ မဲပေးမည်ဆိုလျှင် ကျနော်တို့အားလုံး ပြည်သူ့ဆန္ဒအစစ် အမှန်ကို လျစ်လျူရှုသည့် သမိုင်းတရားခံများ ဖြစ်ကုန်ကြပါလိမ့်မည်။

ထိုအဆင့်အထိ အရောက်ခံလျှင် နအဖသည် အာဏာလက်ရှိဖြစ်၍ ၁၉၇၄ အခြေခံဥပဒေတုန်းကလို ဖြူလည်းဖြူ မည်းလည်းဖြူနှင့် အတည်ပြုနိုင်အောင် မရမကကြိုးစားမည်မှာ သေချာနေပါသည်။ ထိုအခါ စစ်ကျွန်သက် အတိုင်းအဆမရှိ ထပ်ရှည်သွားပါလိမ့်မည်။ ထို့အတွက် ယခုအချိန်အခါတွင် ကျနော်တို့ အားလုံး တညီတညွတ်တည်း ဆုပ်ကိုင်တိုက်ပွဲဝင်သင့်သည်မှာ “၉၀ ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး” သာဖြစ်သည်ဟု ကျနော့်အနေနှင့် အကြံပြုပြောကြားလိုပါသည်။ ထို့အတွက် ယနေ့မှစ၍ ကျနော်တို့တိုက်ပွဲဝင်ရမည့် ကြွေးကြော်သံ (၃) ခုမှာ …
(၁) ၉၀ ပြည်သူ့လွှတ်တော်ခေါ်ပေးရေး … ဒို့အရေး
(၂) ၉၀ ပြည်သူ့လွှတ်တော်ခေါ်ယူရေး … ဒို့အရေး
(၃) ၉၀ ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး … ဒို့အရေးသာဖြစ်သည်ဟု ထင်မြင်မိပါကြောင်း မြန်မာပြည်ဒီမိုကရေစီရရှိရေး အကျိုးမျှော်၍ အကြံပြုနှိုးဆော်လိုက်ရပါသည်။     ။

ဒေါက်တာလွဏ်းဆွေ
ဒု-ဥက္ကဋ္ဌ
မြန်မာနိုင်ငံဆေးပညာရှင်များအသင်း
လွတ်မြောက်နယ်မြေ
တာဝန်ခံအယ်ဒီတာ
နိုက်တင်ဂေးလ်ကျန်းမာရေးဂျာနယ်။


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo