ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 


မတ်လ(၃၁) ရက်၊ ၂၀၀၉
line
 

ခေတ်အဆက်ဆက် လယ်ယာကိုင်းကျွန်းနှင့် ဥယျာဉ်စိုက်ပျိုးကြသူများထံမှ အမြတ်ခွန် စည်းကြပ်ကောက်ခံခြင်း မရှိခဲ့သော်လည်း ယခုအခါ ကော့သောင်းမြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနက ဥယျာဉ်စိုက်ပျိုးလုပ်ကိုင်နေသူများကို ဆင့်ခေါ်ပြီး ဥယျာဉ် တဧကလျှင် ငွေ (၁၅,၀၀၀) ကျပ် ပေးရမည်ဟု တောင်းခံနေပါသည်။

ဥယျာဉ်ပိုင်ရှင်အချို့မှာ ခြံအသိမ်းခံရမည်ကို စိုးရိမ်ပြီး ပေးပါမည်ဟု ပြောသော်လည်း အများစုမှာ ဆင်းရဲသားများဖြစ်ကြပြီး အယုံအကြည်လည်းမရှိ၍ မပေးလိုကြပါ။ တဖက်မှလည်း သက်ဆိုင်ရာက အရေးယူပြီး ခြံအသိမ်းခံရမည်ကို စိုးရိမ်နေကြ ပါသည်။

လက်ရှိအစိုးရထံမှ ငွေမြောက်အမြား ချေးယူပြီး မြေဧကပေါင်းများစွာကို စက်ယန္တရားအကူအညီ၊ နည်းပညာအကူအညီဖြင့် စိုက်ပျိုးလုပ်ကိုင်နေကြသော ကုမ္ပဏီကြီးများပင် ယခု ကောက်ခံသော အခွန်ငွေကို ပေးနိုင်မည်မထင်ပါ။ ကော့သောင်းမြို့ နယ်တွင် လက်ရှိလုပ်ကိုင်နေကြသော ဥယျာဉ်ခြံရှင်များမှာ ကိုယ့်အရင်းအနှီး ကိုယ့်လုပ်အားနှင့် စိုက်ထုတ်လုပ်ကိုင်သူ အများစုဖြစ်ပြီး ရာသီဥတုကြောင့်လည်းကောင်း၊ ပိုးမွှားအန္တရာယ်ကြောင့်လည်းကောင်း အသီးအနှံများ ပျက်စီးဆုံးရှုံးခြင်း၊ ကုန်ဈေးနှုန်းကျဆင်းမှုကြောင့် စိုက်ထုတ်ငွေနှင့် ၀င်ငွေမမျှ ဆုံးရှုံးနေသောအချိန်တွင် တဧက (၁) သောင်းခွဲ၊ ဆယ်ဧက (၁) သိန်းခွဲ ပေးရမည်ဟူသော ခြိမ်းခြောက်သံကြောင့် တောင်သူလယ်သမားများ၊ ဥယျာဉ်စိုက်ပျိုးသူများ အလွန်သောက ရောက်နေကြရပါကြောင်း အထက်လူကြီးမင်းများ ကြားသိရအောင် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကော့သောင်းသား
 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo