ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


မတ်လ(၃၁) ရက်၊ ၂၀၀၉
(အွန်လိုင်းပေးစာ)
line
 

မြန်မာနိုင်ငံကြက်ခြေနီအသင်းအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ၀ယ်ပေးထားသည့် ကားများသာမက ကွန်ပျူတာများ၊ လေအေးစက် များ၊ မော်တော်ဆိုင်ကယ်များပါ စာရင်းစစ်အဖွဲ့မှ စစ်သောအခါ ၎င်းပစ္စည်းများမှာ ရုံးတွင်မရှိဘဲ ပတ်သက်ရာ လူကြီးများ၏ အိမ်တွင် ရောက်ရှိနေသောကြောင့် ပစ္စည်းကို အကောင်အထည်ဖြင့် ပြ၍ မရခဲ့ကြောင်း၊ UNHCR မှ စေလွှတ်သော နိုင်ငံခြားအစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လူကြီးနှင့် အဆင်ပြေသော အမျိုးသမီးကြီးတယောက်သာ မကြာခဏ စေလွှတ်ခဲ့ပြီး၊ ၎င်းနိုင်ငံခြားမှ ပြန်လာသောအခါ လူကြီးများအတွက် တန်ဖိုးကြီး လက်ဆောင်များဖြင့် ပြန်လည်ဂါရ၀ပြုရကြောင်း ကြားသိရ၏။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအမည်ခံ အဖွဲ့အစည်းမှာ UNHCR Representative အဖြစ် အိန္ဒိယလူမျိုး ရန်ကုန်တွင် (၃) နှစ်လုပ်စဉ်က ယခင်အတွင်းရေးမှူး (၁) ခင်ညွန့် နှင့် ပလဲနံပသင့်စေရန်လည်းကောင်း၊ ခင်ညွန့်မှလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ လေးစားမှုရှိစေရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မတီဟု အမည်ခံ အဖွဲ့အစည်းကို ယခင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးတင်လှိုင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်စေ၍ သံအမတ်ကြီးဟောင်းတဦး (ဦးဝင်းလွင်) မှ အတွင်းရေးမှူးအဖြစ် တာဝန်ပေးဖွဲ့စည်းခဲ့ပါသည်။

၎င်းရုံးခန်း၏ ပိုင်ရှင်မှာ သံအမတ်ကြီး ဦးဝင်းလွင် ဖြစ်ပြီး တလလျှင် USD (၂၅၀) ဖြင့် (၁၂) လစာကို အပြည့်အ၀ ပေးချေခဲ့ရပါသည်။ ၎င်းရုံးအတွက် လိုအပ်သော ရုံးသုံးပစ္စည်း၊ လေအေးပေးစက် (၅) လုံး၊ ကွန်ပျူတာ (၂) လုံး၊ လက်ပ်တော့ (Laptop)၊ ပရိဘောဂပစ္စည်းများ၊ ဆိုနီကင်မရာ အကောင်းစားများကို သံအမတ်ကြီး တောင်းသမျှ UNHCR Representative မှ မငြင်းနိုင်ဘဲ ၀ယ်ယူပေးခဲ့ရသည်ဟု သိရပါသည်။

၎င်းရုံးခန်းပြင်ဆင် စရိတ်သန်း (၃၀) ခန့်ကိုလည်း UNHCR မှ ပေးချေခဲ့ရသည်ဟု ကြားသိရပါသည်။ မည်သူမှ ဘယ်သောအခါမှ ရုံးမထိုင်ဖြစ်ခဲ့သော ထိုမြန်မာနိုင်ငံ လူ့အခွင့်အရေးအမည်ခံ အဖွဲ့အစည်းရုံးခန်းအတွက် ၀ယ်ယူပေးခဲ့သော ပစ္စည်းများမှာ ဖွင့်ပွဲနေ့က ဗိုလ်မှူးကြီး တင်လှိုင် ဖွင့်စဉ်မှာသာ ရှိခဲ့ပြီး နောက်တနေ့တွင် သံအမတ်ကြီးပိုင် သင်္ဃန်းကျွန်းရှိ ခြံတခြံထဲသို့ ရွှေ့ပြောင်းခြင်း ခံလိုက်ရသည်ဟု အတွင်းသတင်းအရ ကြားသိရသည်။ UNHCR ၀န်ထမ်းအရာရှိတဦးဖြစ်သူ (ဦးဇော်မင်း- နိုင်ငံခြားရေးဝန်ထမ်းဟောင်း) မှ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူ သံအမတ်ကြီးဟောင်းနှင့် ပေါင်း၍ လုပ်ငန်းကိစ္စအားလုံး အဆင်ပြေစေရန် ရုံးစည်းမျဉ်း စည်းကမ်းဘောင်ကို ကျော်လွန်၍ အစစအရာရာ ကူညီပေးခဲ့သည်ဟု ကြားသိရ၏။

၂၀၀၄ အောက်တိုဘာတွင် အတွင်းရေးမှူး (၁) ခင်ညွန့် ပြုတ်ပြီးမကြာမီ ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်ပါ ပြုတ်သွားသောအခါ ထိုမြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီအမည်ခံအဖွဲ့မှာ အလိုလို ပျက်သွားပြီး UNHCR မှ ၎င်းရုံးအတွက် ၀ယ်ယူပေးထားသော တန်ဖိုးကြီးပစ္စည်းများ (လေအေးပေးစက်တချို့၊ ဆိုနီကင်မရာ၊ ကွန်ပျူတာ၊ လက်ဖ်တော့) တော်တော်များများမှာ သံအမတ်ကြီးလက်ဝယ်ထံမှ UNHCR က ပြန်လည်တောင်းခံရာ အစရှာမရခဲ့ကြောင်း အတွင်းသတင်းအရ သိရသည်။

မျိုးချစ်သူ ၈၈

(ကုလပိုင်ပစ္စည်းများကို အစိုးရရုံးနှင့် အန်ဂျီအိုများက အလွဲသုံးစားလုပ်မှု ပေါ်ပေါက်)

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook