ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


မတ်လ(၁၃) ရက်၊ ၂၀၀၉
line

 

သစ်တောရေးရာဝန်ကြီးဌာန၊ မြန်မာသစ်လုပ်ငန်း သစ်ထုတ်ရေးဌာနမှာ မဆလခေတ်မှ န၀တ ခေတ်တိုင်အောင်
နိုင်ငံတော်ဘဏ္ဍာနဲ့ ၀ယ်ယူထားတဲ့ မြေထိုးစက်၊ သစ်တင်စက် များစွာရှိပါတယ်။ နအဖ တက်လာပြီး နောက်ပိုင်းမှာ သစ်ထုတ်ရေးဌာနအနေနဲ့ စက်ယန္တရား၊ သစ်တိုက်ယာဉ်၊ ဆင် စတဲ့ သစ်ထုတ်အင်အား များစွာရှိပေမယ့် စီမံခန့်ခွဲမှု ညံ့ဖျင်းသဖြင့်လည်းကောင်း၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ အုပ်ချုပ် စီမံခွင့်မရ၍သော်လည်းကောင်း ဌာနပိုင်စက်၊ ယာဉ်၊ ဆင်တွေနဲ့ သစ်ထုတ်ခြင်းမှာ မရှိသလောက် နည်းပါလာလို့ ဌာနပိုင်စက်တွေအလုပ်မရှိတော့ပါ။

သစ်ထုတ်ခွင့်အား ပြင်ပပုဂ္ဂလိက ကုမ္ပဏီတွေကို တာဝန်ပေးစေခိုင်းလာတယ်။ ဒီလိုစေခိုင်းမှသာ ၀န်ကြီးက ကုမ္ပဏီ သူဌေးတွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရပြီး ကိုယ်ကျိုးရှာနိုင်မှာဖြစ်ပါတယ်။ ဒီလို လုပ်ငန်းခွင် အကောင်အထည် ဖော်စနစ် ပြောင်းလဲလာလို့ အဆင့်လိုက် ကိုယ်ကျိုးရှာမှုပုံစံတွေလည်း ပြောင်းလဲလာပါတယ်။

ယခင်ကတော့ (ငွေ၊ ပစ္စည်း၊ စက်မောင်းဆီ) ကုန်ကျစရိတ်ကို ပိုပြပြီးကိုယ်ကျိုးရှာခဲ့ကြပေမယ့် အခု ကုမ္ပဏီတွေကို တာဝန်ပေးလိုက်တော့ အထက်ပိုင်းကသာ သက်ဆိုင်ရာကုမ္ပဏီနဲ့ လက်ဝါးရိုက်ပြီး ကိုယ်ကျိုးရှာလာပါတော့တယ်။ ဒါ့အပြင် အလုပ်မရှိတော့တဲ့ ဌာနပိုင်စက်ယန္တရားတွေကို အဆင့်လိုက် သက်ဆိုင်ရာကုမ္ပဏီတွေကို ငှားစားကြပါ တော့တယ်။

ထူးကုမ္ပဏီကတော့ သစ်တောရေးရာဝန်ကြီးဌာနတခုလုံး ၀န်ကြီးကတောင် မလှန်နိုင်လို့ သူတို့ကုမ္ပဏီအတွက် ဌာနပိုင်စက်တွေကို အလကားပေးသုံးရပါတယ်။ သူတို့ သဘောကျ လုပ်မပေးတဲ့သူဆိုရင် နယ်ပြောင်းတာ မျိုးဖြစ်စေ၊ တမျိုးမျိုး ဒုက္ခရောက်သွားနိုင်လို့ပါ။ ၀န်ကြီးကတောင် တေဇကိုတွေ့ချင်ရင် ဖုံးဆက်ရက်ချိန်းယူရ ပါတယ်။

တရုတ်တရားသူကြီးပေါင်ချိန် ညည်းသလို “သြ ဒီလိုကိစ္စမျိုး ရှိတယ်” လို့ ပြောရမယ့် မြန်မာပြည် ဖြစ်နေပြီလား မသိပါခင်ဗျား။

မောင်သစ်တော

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook