ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

နယ်ထိန်း/ ဒန-ရဲတပ်ဖွဲ့ နောက်ခံပြု လူမှောင်ခိုဂိုဏ်း
မတ်လ(၁၀) ရက်၊ ၂၀၀၉
line

 

မူဆယ်မြို့တွင် ယခုလောလောဆယ် ကောင်းမူးလွယ်ရပ်ကွက်နေ ပြည့်တန်ဆာခေါင်းလုပ်သူ ကိုလင်းနှင့် မညွန့်ညွန့်သန်းတို့ ဇနီးမောင်နှံသည် မူဆယ်မြို့ ဟိုတယ်အသီးသီးသို့ မြန်မာပြည် အလယ်ပိုင်းနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်ခံခဲ့ရသော ဒေသမှ မိန်းကလေးများကို ခေါ်ယူပြီး ဧည့်သည်များနှင့် ပျော်ပါးရန် ပို့ဆောင်ပေးသော အလုပ်ကို ရပ်ကွက်ဥက္ကဋ္ဌနှင့် နယ်ထိန်း/ ဒန ရဲတပ်ဖွဲ့များအား လစဉ်ကြေးပေးပြီး လုပ်စားနေကြသည်။

မိန်းကလေးများ၏ နိုင်ငံသားကတ်များအား သိမ်းထားပြီး ဧည့်သည်များနှင့် ပျော်ပါးရငွေမှ သုံးပုံတပုံသာပေးပြီး မ၀ရေစာကျွေးထားသောကြောင့် အချို့ မိန်းကလေးများသည် ဧည့်သည်များနှင့် အဆင်မပြေ ဖြစ်ကြရာ ၎င်းမိန်းကလေးများအား တဖက်နိုင်ငံ တရုတ်ပြည် ရွှေလီမြို့တွင် အခြေပြုလှုပ်ရှားနေသော လူမှောင်ခိုဂိုဏ်းမှ ခေါင်းဆောင်ဖြစ်သူ မခင်မမချောဆိုသူထံ ရောင်းစားနေကြောင်း သိနေရသည်။

မိန်းကလေးများသည် ရောင်းစားခြင်းမခံရမီ တဖက်နိုင်ငံသို့ ပို့မည်ဟု သိသည့်အချိန် နယ်ထိန်း/ ဒန-ရဲတပ်ဖွဲ့ ၀င်များထံ အကူအညီတောင်းခံသော်လည်း မည်သို့မျှ ကူညီမပေးပေ။ ၎င်းရဲ ပြန်သွားသည့်အချိန်မှာ အကူအညီ တောင်းခံမိသော မိန်းကလေးများသည် ပြည့်တန်ဆာခေါင်း၏ ရိုက်နှက်ခြင်းကို ခံနေကြရခြင်းမှာ ပြည့်တန်ဆာ ခေါင်းနှင့် လူမှောင်ခိုဂိုဏ်းသည် နယ်ထိန်း/ ဒန-ရဲတပ်ဖွဲ့ကို လစဉ်ကြေးပေး နောက်ခံပြု လှုပ်ရှားနေကြောင်း သိသာထင်ရှားနေသည်။

၎င်းကိစ္စများ မူဆယ်မြို့တွင် ဖြစ်ပေါ်နေခြင်းအား သက်ဆိုင်ရာ အထက်တာဝန်ရှိ ပုဂ္ဂိုလ်များက အရေးယူဖော်ထုတ် ဖမ်းဆီးပေးပါရန် ခေတ်ပြိုင်မှတဆင့် တင်ပြလိုက်ရပါသည်။

စိုင်းယီ- မူဆယ်

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook