ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကင်တားနား၏ မတ်လအစီရင်ခံစာ နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 

နေရေးထက် သေရေးခက်တဲ့ မြို့ မူဆယ်
မတ်လ(၁၀) ရက်၊ ၂၀၀၉
line

 

ရန်ကုန်မြို့တော်ဟောင်းတွင် နာရေးကူညီမှုအသင်းပိုင် ယာဉ်များအား မြို့ပြင်ထုတ်ခိုင်းနေသည့်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ယမန်နေ့မှစ၍ ရပ်ကွက်လူငယ် ဇရပ်များတွင် ခရိုင်စည်ပင်
သာယာရေး ဦးစီးဌာန၏ အမိန့်ကြော်ငြာစာအား လိုက်လံဖြန့်ဝေခြင်း တွေ့ရသည်။

ကောင်းနောင်၊ ခရစ်ယာန်၊ ဈေး၊ ဟိုမွန်၊ ကောင်းမူးလွယ်၊ မန်ဝိန်း၊ တောင်ရပ်ကွက်၊ မြောက်ရပ်ကွက် ဇရပ်တို့တွင် ဖြန့်ဝေသော ၎င်းစာရွက်တွင် ၁.၄.၂၀၀၉ ရက်နေ့မှစ၍ မူဆယ်စည်ပင်သာယာရေးပိုင် သုသာန်မြေတွင် ပို့ဆောင် သင်္ဂြိုဟ်မည့် အသုဘများအား ယခု (၁,၀၀၀) ကျပ်မှ မြေမြှုပ်မည့်အသုဘ (၅,၀၀၀၀) ကျပ်၊ ဂူသွင်းမည့် အသုဘ (၁၀၀,၀၀၀) ကျပ်၊ မီးသင်္ဂြိုဟ်မည့်အသုဘ (၃,၀၀၀) ကျပ်နှင့် မီးလောင်စာအတွက် ကုန်ကျစရိတ်အား နာရေးရှင်က ကျခံရမည်ဟု အမိန့်စာထွက်ထားသည်။

မြေမြှုပ်လျှင် ကျင်းတူးခသည် အနည်းဆုံး (၁၅,၀၀၀) ကျပ်မှ (၂၀,၀၀၀) ကျပ်၊ အုတ်ဂူပြုလုပ်လျှင် အနည်းဆုံး ကျပ် (၁၀၀,၀၀၀) အထက်ကုန်ကျနေရာ မူဆယ်မြို့တွင် စားဝတ်နေရေးအတွက် မြန်မာပြည်အရပ်ရပ်မှ လာရောက် လုပ်ကိုင်နေကြသော အလုပ်သမားများ၊ ရပ်ကွက်နေ ဆင်းရဲသားအများစုမှာ ငွေမရှိ၍ ဆေးဝါးမကုနိုင်၊ ဆေးရုံတက် ကုသပြန်တော့လည်း ဆေးဝါးမပြည့်စုံ၍ သေကြရသူ များနေရာ မူဆယ်မြို့သူ၊ မြို့သားများအတွက် နေရေးထက် သေရေး ခက်နေကြရသည်။

၎င်းကိစ္စအား မူဆယ်စည်ပင်သာယာရေးဌာနသို့ တယ်လီဖုန်းဆက်သွယ်မေးရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအမိန့်ဖြစ်ကြောင်းသာ ပြန်ကြားခဲ့သည်။

ယနေ့ အုပ်ချုပ်နေသော စစ်အစိုးသည် ၂၀၁၀ ပြည့်နှစ်၌ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၎င်းတို့၏ ကြံ့ဖွံ့ပါတီ အနိုင်ရရှိရေးတွင် အသုံးပြုရန် လိုအပ်မည့်ငွေကြေးအတွက် နိုင်ငံပိုင် သယံဇာတများအား ရောင်းချခြင်း၊ ပြည်သူ လူထု၏ မော်တော်ယာဉ်များအား မတရားအပြစ်ရှာသိမ်းဆည်းပြီး ပြန်လည်လေလံတင် ရောင်းချငွေရှာခြင်း၊ တကမ္ဘာလုံး စီးပွားရေးပျက်စီးနေချိန်တွင် မြန်မာပြည်သူများ ဒုက္ခရောက်နေခြင်းကို မငဲ့ကွက်ဘဲ နောက်ဆုံး အသုဘတောင် ချမ်းသာမပေးဘဲ စီးပွားရှာ အမြတ်ထုတ်နေသော စစ်အစိုးရအား ပြည်သူလူထုတရပ်လုံးက စက်ဆုပ်ရွံရှာနေသည်မှာ မဆန်းတော့ပေ။

အောင်နိုင်သူ
 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo