ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

ဒေါ်စုသတင်း အမှောင်ချ
၂၂ ဇူလိုင် ၂၀၀၉
line

 

အင်းစိန်ထောင်အထူးတရားရုံးမှာ ဇူလိုင် (၁၀) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထပ်တိုးသက်သေ ဒေါ်ခင်မိုးမိုးကို စစ်ဆေးခဲ့မှုနဲ့ပတ်သက်ပြီး စစ်အစိုးရက သတင်းအမှောင်ချထားခဲ့တာဟာ တရားစီရင်ရေးကို လိုသလိုဆုံးဖြတ်တော့မယ့် လက္ခဏာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ပတ်သက်ပြီး နအဖက အင်းစိန်ထောင်အတွင်း တရားရုံးမှာ ခုံရုံးဖွင့်ပြီးစစ်ဆေးတယ်။ အများပြည်သူတွေကို သွားရောက်နားထောင်ခွင့်မပေးဘူး။ နောက်မီဒီယာတွေကိုလည်း သတင်းရယူရေးသားဖော်ပြခွင့်မပေးဘူး။ အဲဒါကို ပြည်တွင်းပြည်ပကဝေဖန်တော့ တချို့ရက်တွေမှာ သတင်းသမားတချို့၊ သံတမန်တချို့ကို ၀င်ခွင့်ပေးခဲ့တယ်။ နောက်သတင်းရေးသားဖော်ပြချက်နဲ့ ပတ်သက်ပြီး သူတို့အစိုးရပိုင်သတင်းစာတွေကနေ ရေးသားဖော်ပြနေပါတယ် ဆိုပြီး တုံ့ပြန်ခဲ့တယ်။

တကယ်ဆို သတင်းစာတွေမှာရေးတာက အမှုထွက်ဆိုချက်တွေကို ပြည့်ပြည့်စုံစုံဖော်ပြတာ မဟုတ်ဘူး။ တချို့ကို ထိန်ချန်ထားပြီး လိုသလိုရေးသားဖော်ပြချက်တွေချည်းပဲဖြစ်တယ်။

ဘာပြောပြော ပြည်သူတွေအနေနဲ့ နည်းနည်းတော့ သိခွင့်ရသေးတယ်။ ပြီးခဲ့တဲ့ ဇူလိုင် (၁၀) ရက် တရားခွင်မှာကျတော့  ဒေါ်ခင်မိုးမိုးကို အပြန်အလှန်စစ်ဆေးကြာနာရာမှာ မနက် (၁၀) နာရီလောက်ကနေ ထမင်းစားချိန်နားတာကလွဲပြီး ညနေ (၅) နာရီကျော်အထိကြာတယ်။ ဒါပေမယ့် နှစ်ဖက်သက်သေတွေက ဘာတွေ မေးမြန်းတယ်၊ ဒေါ်ခင်မိုးမိုးက ဘာတွေပြန်ဖြေတယ် ဆိုတာ တလုံးတပါဒမှ မပြောဘဲ သတင်းအမှောင်ချလိုက်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တရားစီရင်ရေးဟာ မျှတဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ နောက်တဆက်တည်း အစိုးရအနေနဲ့ လိုသလိုစီရင်ချက်ချတော့မယ်ဆိုတဲ့သဘောကို ပြသရာလည်း ရောက်နေတယ်၊ သတင်းစာမှာလည်း ဘာတလုံးတပါဒမှ ဖော်ပြမထားတာကို အံသြစရာတွေ့ရတယ်။

အဲဒီနေ့က နှစ်ဖက်သက်သေတွေဟာ ဒေါ်ခင်မိုးမိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စတွေ မေးမြန်းခဲ့ကြပြီး ဒေါ်ခင်မိုးမိုး ကလည်း ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်ကစ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီးဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နဂိုက ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ်အမိန့် အဲဒီကမှတဆင့် ပေါ်ပေါက်လာတဲ့ နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု စတာတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေဟာလည်း အသက်ဝင်မှု မရှိတော့ကြောင်း  ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်အမှုကို စစ်ဆေးရာမှ ဥပဒေပိုင်းဆိုင်ရာကိစ္စတွေကို နိုင်နင်းခြင်းမရှိဘဲ အိုးနင်းခွက်နင်း အမှားတွေ ကျူးလွန်နေတာဖြစ်တယ်။ ဒါကြောင့် အမှုအကြောင်း ရေးသားဖော်ပြမှုလည်း မပြုရဲတာဖြစ်တယ်။ ဘာဖြစ်ဖြစ် လက်ရှိ နအဖ ခေတ်မှာ တရားသူကြီးတွေနဲ့ တရားရေးဝန်ထမ်းတွေဟာ အထက်အမိန့်အတိုင်း စီရင်ဆုံးဖြတ်ရတာဖြစ်လို့ အခု ဒေါ်အောင်ဆန်းစုကြည်အမှုလည်း အထက်ကချပေးတဲ့အတိုင်း အမိန့်ချမှာပဲဆိုတာ သိသာထင်ရှားလှပါတယ်။

တရားရုံးချုပ်ရှေ့နေတဦး

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo