ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

အခမဲ့ဆိုပေမယ့် ဧည့်ခံစရိတ်ဖြတ်တောက်
၂၀ နိုဝင်ဘာ ၂၀၀၉
line

 

ကျနော်တို့ တောင်သာမြို့ကို ပြီးခဲ့တဲ့လဆန်းပိုင်းက စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း ဦးဆောင်တဲ့ မျက်စိအထူးကုအဖွဲ့ လာရောက်ခဲ့ပြီး ဒေသခံတွေထဲက မျက်စိမကောင်းတဲ့ လူနာတွေကို ကုသပေးခဲ့ပါတယ်။ အခမဲ့ကုသပေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် ၀န်ကြီးနဲ့ မျက်စိအထူးကုသမားတော်တွေ ပြန်သွားပြီး လကုန်ပိုင်းမှာတော့ ကျနော်တို့ တောင်သာမြို့နယ်အတွင်းက ၀န်ထမ်းတွေ လစာငွေ အဖြတ်ခံကြရပါတယ်။

ကျနော်တို့ အထက်တန်းပြဆရာတွေ တဦးလျှင် ကျပ် (၂၀၀) နှုန်း လစာငွေထဲမှ ဖြတ်တောက်ခံခဲ့ကြရပြီး မြေစာရင်းရုံး၊ သစ်တော၊ ကျန်းမာရေး အစရှိတဲ့ ဌာနတွေက ၀န်ထမ်းတွေလည်း လစာငွေဖြတ်တောက်ခံခဲ့ကြရတယ်လို့ သိရပါတယ်။ ဒီလိုဖြတ်တောက်တာဟာ မျက်စိအထူးကုသမားတော်တွေ လာစဉ် ကုန်ကျထားတဲ့ ဧည့်ခံစရိတ်အတွက်လို့ စုံစမ်းသိရှိရပါတယ်။

တောင်သာမြို့နယ်ထဲမှာ ၀န်ထမ်းအင်အား (၃) ထောင်ကျော်အထိ ရှိနိုင်တာကြောင့် အခုလိုဖြတ်တောက်တဲ့ ငွေပမာဏဟာလည်း အမှန်တကယ် ဧည့်ခံစရိတ်ကုန်ကျငွေထက် ပိုနိုင်ပါတယ်။ ဒီလို လစာထဲက ဖြတ်တောက်ထားတဲ့ ငွေတွေကို မြို့နယ် မယကရုံးနဲ့ ကြံ့ဖွံ့အသင်းကို ပေးအပ်ရတာဖြစ်တယ်လို့ ဌာနအသီးသီးက လူကြီးတွေက ကျနော်တို့ အောက်ခြေ၀န်ထမ်းတွေကို ပြောပါတယ်။

ဒီလို ဒေသခံဝေဒနာသည်တွေကို အခမဲ့ကုသပေးမယ်ဆိုပြီး အောက်ခြေအာဏာပိုင်တွေက အခုလို ၀န်ထမ်းတွေဆီမှာ လစာငွေဖြတ်တောက်နေတာကို ဝေဒနာသည်တွေကို သိစေချင်သလို၊ အခမဲ့ကုသပေးပါတယ်ဆိုပြီး သတင်းစာတွေထဲ ထည့်နေတဲ့ ၀န်ကြီးနဲ့ ဆရာဝန်ကြီးတွေကိုလည်း သိစေချင်ကြောင်းပါ။

ကျောင်းဆရာတဦး (တောင်သာမြို့နယ်)

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo