ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 


NEJ / ၇ မေ ၂၀၀၉

line

 

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးသည် မြန်မာလူမျိုးများ၏ အကျိုးစီးပွားကို ဘာတခုမှ ကာကွယ်စောင့်ရှောက် ပေးခြင်း မရှိသည့်အပြင် မခက်ခဲသည်ကို ပို၍ခက်ခဲစေရန်၊ မကြာသင့်သည်ကို ပို၍ကြန့်ကြာစေရန် လုပ်ဆောင်နေ ပါသည်။

တမိနစ် နှစ်မိနစ်အတွင်း ပြီးရမည့်ကိစ္စကို တရက် နှစ်ရက် အချိန်ကြာအောင်လုပ်နေကြသဖြင့် သံရုံးနှင့် ဆက်သွယ် လုပ်ကိုင်ရသူများ အလုပ်ပျက်ကြရပါသည်။

ဥပမာ အခွန်ဆောင်သည့်ကိစ္စကိုမျိုးဆိုလျှင် ၎င်းတို့၏ လျှောက်လွှာပုံစံကြီးကို အကြိမ်ပေါင်းများစွာ ဖြည့်နေရပါ သည်။ ယခင်ကမူ ခပ်သေးသေးဖြတ်ပိုင်းလေးတွင် အမည်၊ ပတ်စပို့နံပါတ်၊ အလုပ်အကိုင်၊ အခွန်ဆောင်မည့်ကာလ တို့ကိုသာ ဖြည့်ရသော်လည်း ယခုအခါ ကိုယ်ရေးရာဇ၀င်အစအဆုံး မြန်မာနိုင်ငံကလိပ်စာ၊ မှတ်ပုံတင်နံပါတ်ကအစ ဖြည့်နေရပါသည်။

ကျနော်တို့ရဲ့ ကိုယ်ရေးရာဇ၀င်ကို ကွန်ပျူတာထဲ တခါထည့်ထားပြီး လုပ်ရမယ့်ကိစ္စအား ဖိုင်တွဲများ တခုပြီးတခု လှန်လှောရှာဖွေနေရသည်ကို အချိန်ကုန်ခံ စောင့်နေကြရသည်။ သံရုံးနှင့် မည်သည့်ကိစ္စလုပ်လုပ် (ပတ်စပို့သက်တမ်းတိုးတိုး၊ ထောက်ခံစာတောင်းတောင်း) ယင်းကိုယ်ရေးရာဇ၀င်ကြီးကို အကြိမ်ကြိမ်ဖြည့်ရ သည်မှာ အဓိပ္ပာယ် မရှိပါ။

ယခုနောက်ပိုင်း အခွန်ဆောင်ရန်ကိစ္စကို ဒုတိယအတွင်းဝန်က အတည်ပြုကြောင်း လက်မှတ်ထိုးပြီးမှ အခွန်ဆောင် ခွင့်ရပါသည်။ ယင်းပုဂ္ဂိုလ် သံရုံးတွင် မရှိသည့်နေ့နှင့်ကြုံလျှင် နောက်တနေ့ ပြန်သွားရပါသည်။

ပိုဆိုးသည့်အဖြစ်မှာ ဘယ်နှလစာ အခွန်ပေးမည်ဆိုသည်ကို လက်ချိုးရေတွက်နေရသည်။ လက်ချိုးမှားသဖြင့် ကျသင့်ငွေ အတွက်မှားတာမျိုးလည်း ခဏခဏ ကြုံရပါသည်။ ထို့အပြင် ဘောက်ချာစာအုပ်မှာ မင်ခံနှင့်ရေးနေရ သည့်အဆင့်သည် ယခုခေတ်တွင် အတော့်ကို အဆင်မပြေတော့ပါ။

ဖြစ်သင့်သည်မှာ အခွန်ဆောင်မည့်လူ၏ ပတ်စပို့နံပတ် (သို့မဟုတ်) လူနာမည်ကို ကွန်ပျူတာတွင် ထည့်ထားရုံဖြင့် ယင်းပုဂ္ဂိုလ်၏ အခွန်ဆောင်မှုနှင့်ပတ်သက်သည့် အချက်အလက် ကိန်းဂဏန်းများ ပေါ်လာကာ ဆောင်သင့်သည့် ကျသင့်ငွေ ထွက်လာပါက ပရင့်လုပ်လိုက်သည်နှင့် ပြေစာထွက်လာပြီး အချိန်ကုန်သက်သာမည် ဖြစ်ပါသည်။

သို့သော် အင်မတန်တိုးတက်နေသည့် ကွန်ပျူတာခေတ်ကြီးတွင် မြန်မာသံရုံး၌ ကွန်ပျူတာတလုံး၊ ပရင်တာတလုံး ဖြင့် အလုပ်မလုပ်နိုင်သည်မှာ အလွန်စိတ်ပျက်စရာကောင်းလှပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ မြန်မာသံရုံး တာဝန်ခံများအနေဖြင့် အလုပ်လည်းတွင်ကျယ်၊ အခွန်ဆောင်သူများလည်း အချိန်ကုန်သက်သာစေရန် ခေတ်မီ တိုးတက်သည့် စက်ကရိယာများသုံး၍ လုပ်ဆောင်သင့်ကြောင်း အကြံပြုလိုပါသည်။

ဘန်ကောက်မှ မြန်မာပြည်သား

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo