ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည် အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းကြေညာ (၃) လအတွင်း ဂက်စ်ဈေး (၄ဝ) ရာခိုင်နှုန်းတက် နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ (တွေ့ဆုံမေးမြန်းခန်း) စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း(ဆောင်းပါး)
 


quote
 

 

 


၂၅ မေ ၂၀၀၉

line

 

ဧပြီလ (၂၅) ရက်နေ့  မနက် (၇) နာရီလောက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ရာမှာ ရွှေတိဂုံဘုရားရဲ့ သမိုင်းဝင်နေရာတခုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ အောင်မြေမှာ သွားရောက်ဆုတောင်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအောင်မြေနေရာရောက်တဲ့အခါမှာ အကာအ၀န်းထဲမှာ အမျိုးသမီးတဦး တယောက်တည်း ထိုင်ပြီး ၀တ်ပြုဆုတောင်းနေတာ တွေ့ရပါတယ်။

ဒါနဲ့ အောင်မြေနေရာထဲဝင်ရောက်ပြီး ဆုတောင်းဖို့ လုပ်တဲ့အခါမှာ အကာအ၀န်းထဲကို မ၀င်ရောက်ဖို့ ပိတ်ပင်တားမြစ်ခြင်း ခံရပါတယ်။ အောင်မြေအကာအ၀န်းဘေးအပြင်မှာ မတ်တတ်ရပ်စောင့်နေတဲ့ ဘုရားလုံခြုံရေးနှစ်ဦးကနေ တားမြစ်တာ ဖြစ်ပါတယ်။ အဲ့ဒီ အောင်မြေအကာအ၀န်းထဲမှာ ၀င်ရောက် ဆုတောင်းနေသူက နအဖမိသားစုဝင်တဦးဖြစ်လို့ဆိုတာ သိရပါတယ်။

အဆိုပါ နအဖမိသားစုဝင် အမျိုးသမီး ဆုတောင်းနေတာမို့ မည်သူ့ကိုမျှ အောင်မြေဆုတောင်းတဲ့နေရာ အကာအ၀န်းလေးထဲကို ပေးမ၀င်ဘဲ တားဆီးနေတဲ့ ဘုရားလုံခြုံရေးနှစ်ဦးဟာ ဘုရားဖူး ၀တ်ပြုဆုတောင်းလိုတဲ့ ပြည်သူတွေကို ပိတ်ပင်တားဆီးရုံမက အဆိုပါ အမျိုးသမီးအနီးအနားကို ငှက်များ ပျံသန်းရောက်ရှိလာတာကို မောင်းထုတ်နေတာ တွေ့ရပါတယ်။

မေးချင်တာကတော့ ဒီလိုမျိုး အစဉ်အလာကြီးမားပြီး ပြည်သူပိုင် ရွှေတိဂုံဘုရားမြေပေါ်မှာ အခုလို အောင်မြေ နေရာကို စိတ်ကြိုက်သိမ်းပိုက်ထားပြီး အများပြည်သူကို ဆုတောင်းဝတ်ပြုခွင့်မပေးရလောက်အောင် ပြည်သူပိုင် နေရာမြေဒေသကို ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး မောင်ပိုင်စီးထားရသလား ဆိုတာပါ။

ရွှေတိဂုံမြတ်စေတီတော် အောင်မြေမှာ ၀တ်ပြုဆုတောင်းခွင့်မရခဲ့တဲ့ ပြည်သူတဦး

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo