ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 
 

တာချီလိပ်-မယ်ဆိုင် နကသများဒုက္ခပေး
၆ ဇန်န၀ါရီ ၂၀၀၉
line

 

တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်ရှိ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန (နကသ) အဖွဲ့သည် အောက်ခြေလူတန်းစားများ တပိုင်တနိုင် ရောင်းဝယ်လုပ်ကိုင်စား သောက်နေသူများအား အတော်ဒုက္ခရောက်အောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေပါသည်။ ကျနော်တို့ အောက်ခြေလူတန်းစားများသည် တနေ့လုပ် တနေ့စားဘ၀များ ဖြစ်ပါသည်။

တာချီလိတ်မှ မယ်ဆိုင်ဈေးသို့ ခြံထွက်ကောက်ပဲသီးနှံများရောင်းချသော ရှမ်း၊ အခါ၊ လားဟူ၊ မြန်မာနှင့် အခြားတိုင်းရင်းသားများသည် နေ့စဉ် နံနက် (၆) နာရီ တံတားဖွင့်ချိန်တွင် အထမ်း/တွန်းလှည်းများဖြင့် တာချီလိတ်မှ မယ်ဆိုင်ဈေးသို့ သွားရောက်ရောင်းချကြပါသည်။

သို့သော်လည်း တံတားပေါ်ရှိ နကသ၊ နကသရဲ အဖွဲ့တို့ သည် ကျနော်တို့ ရောင်းချသော ခြံထွက်သီးနှံပစ္စည်းများကို သွားရောက်ရောင်းချခြင်းခွင့်မပြုပါ။ သို့သော်လည်း တာချီလိတ်ရှိ ကုန်သည်ကြီးများသည် ကားကြီးကားငယ်ဖြင့် ဆန်၊ မြေပဲ၊ ပဲပုပ်နှင့် အခြားပစ္စည်းများကို မယ်ဆိုင်မြို့သို့ နေ့စဉ် သွားရောက် ရောင်းဝယ်ဖောက်ကားနေကြပါသည်။ နကသမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးသည် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်မှ ဈေးဝယ် ဈေးရောင်းသူများကို နေ့စဉ် အခွန်အကောက်များ ကောက်ခံနေပါသည်။

ပြီးခဲ့သည့် ၂၀၀၈ ဒီဇင်ဘာ (၈) ရက်က မယ်ဆိုင်မြို့မှ သူငယ်ချင်းတယောက်သည် ကျနော်၏အိမ်၌ကြည့်ရန် LG အမျိုးအစား (၂၁) လက်မ တီဗီအဟောင်းနှင့် LG အောက်စက် အဟောင်းတစုံ၊ ကလေးဆော့စရာအရုပ်များ၊ ကော်ဖီထုပ်နှင့် မိုင်လိုထုပ်များ
လက်ဆောင်ပေးသဖြင့် မယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့ သုံးဘီးဆိုင်ကယ်ဖြင့် သွားရောက်
သယ်ယူခဲ့ပါသည်။ အဆိုပါပစ္စည်းများကို ထိုင်းအကောက်ခွန်အဖွဲ့က ပစ္စည်းအဟောင်းများ ဖြစ်သဖြင့် အခွန်ကောက်ခံခြင်းမရှိပါ။ သို့သော်လည်း တံတားအဆုံးတွင်ရှိသော နကသ၊ နကသရဲ အဖွဲ့မှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးနှင့်အဖွဲ့သည် ကျနော်အား အခွန်ငွေများ ကောက်ခံခဲ့ပါသည်။

ကျနော်က “အစ်မကြီး ပစ္စည်းတွေက အဟောင်းတွေပါ။ ကျနော်အိမ်မှာကြည့်ဖို့  သူငယ်ချင်းက ပေးလိုက်တာပါ။ ထိုင်းအကောက်ခွန်နဲ့ မြန်မာအကောက်ခွန်အဖွဲ့တွေက ပစ္စည်းအဟောင်းတွေ ဖြစ်လို့အခွန်မကောက်ခဲ့ပါဘူး“ ဟု ပြောပြခဲ့ပါသည်။ ထိုအခါ ဦးစီးအရာရှိ ဒေါ်ဌေးဌေးက အဆိုပါပစ္စည်းများအား အခွန်ငွေမပေးဆောင်လျှင် သယ်သွားခွင့်မပြုနိုင်ကြောင်း၊ ကျနော့်အနေဖြင့်လည်း နောက်ကြောင်းပြန်လှည့်ရန် မဖြစ်နိုင်သည့်အတွက် နကသသို့ အခွန်ငွေ ဘတ် (၂၀၀) (ဒေသသုံးငွေ)၊ နကသ ရဲသို့  ဘတ် (၅၀) ကို တောင်းတောင်းပန်ပန်ဖြင့် ပေးခဲ့ရပါသည်။ ယခုလို ကျနော်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်သည် ကျနော်တယောက်တည်းမဟုတ်ဘဲ တံတားပေါ်တွင် လုပ်ကိုင်စားသောက် နေကြသော တိုင်းရင်းသားများအားလုံးကြုံတွေ့နေရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်ပါသည်။

မြို့ခံတဦး

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo