ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 
 

ရှမ်းပြည်မှ ထီလိမ်ဂိုဏ်း
၆ ဇန်န၀ါရီ ၂၀၀၉
line

 

ရန်ကုန်မြို့မှ ထီဆိုင်ကြီးအချို့သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ ရွှေ ညောင်မြို့၊ ညောင်ရွှေမြို့ပေါ်ရှိ လုပ်ငန်းရှင်အချို့၏ အမည်နှင့်ဖုန်းနံပါတ်ကို ရယူဆက်သွယ်ပြီး အများသူငှာရောင်းချသော ထီတန်ဖိုးထက် (၄) ဆ၊ (၅) ဆမြှင့်၍ ရောင်းချနေကြပါသည်။

ဖြစ်ပွားပုံမှာ ရန်ကုန်မြို့မှ ထီဆိုင်ကြီးတခု၏ မန်နေဂျာ ဦးလှနိုင် (အမည်ပြောင်း) ဆိုသူသည် တောင်ကြီးမြို့မှ လုပ်ငန်းရှင် ဦးရန်နိုင် (အမည်ပြောင်း) အား လွန်ခဲ့သည် လအနည်းငယ်က ကျနော်တို့ထီဆိုင်တွင် ကံစမ်းဖူးပါသလား၊ ယခု ကျနော်တို့ထီဆိုင်တွင် ကူပွန်ကံစမ်းမဲ နာရီ (၁) လုံးပေါက်ထားသည်၊ ခင်းဗျားကံကောင်းသည့် အချိန်ရောက်လာပါပြီ။ ယခုဖွင့်မည့် သိန်း (၁,ဝဝဝ) အောင်ဘာလေ ဖွင့်ပွဲတွင် သိန်း (၁,ဝဝဝ) ဆုပေါက်မည့်သူသည် ခင်ဗျား ဖြစ်ပါသည်ဟု ကျနော်တို့ ကိုးကွယ်သည် ဆရာတော်ကြီးက မိန့်ပါသည်။ ခင်ဗျားသည် အခုအချိန်မှာ သာသနာပြုရမည့်အချိန်ဖြစ်သောကြောင့် ခင်ဗျားပေါက်မည့် ဂဏန်းကို ဆရာ တော်ကြီးက သေချာရွေးပေးလိုက်ပါသည်။ အနည်းဆုံး (၃) လုံးတိုက်လျှင် ပေါက် အောင်စီစဉ်ပေးပါဟူ၍ ကျနော်တို့က စီစဉ်ပေးရပါသည်။ ခင်ဗျားအတွက် စီစဉ်ပေးထားသော ထီလက်မှတ်မှာ အမျိုးအစား (၃) မျိုးရှိပါသည်။ (၁) မျိုးလျှင် အဆောင် (၃ဝဝ) တန်ဖိုးငွေ သုံးသိန်းခွဲ၊ (၃) မျိုးစလုံး (သို့) (၂) မျိုး (သို့) (၁) မျိုး မိမိတတ်နိုင်သလောက် ပါဝင်ကံစမ်းနိုင်ပါသည်။ ခင်ဗျားဟာ ထီပေါက်မည့်သူ ဖြစ်သည့်အတွက် အနှောင့်အယှက် ရှိပါသည်။ ဤကိစ္စကို မည်သူ့ကိုမျှ မပြောပါနှင့်ဟု ဆိုပါသည်။ ယတြာပြုလည်း ပြုရန် ယုံကြည်လောက်အောင် ပြောဆိုပါသည်။ အများသူငှာ ရောင်းချသော ထီလက်မှတ် တန်ဖိုးထက် အဆမတန်များပြားနေပါ၍ ကံမစမ်းလိုပါဟု ပြောသောအခါ ထီအရေအတွက်ကို မကြည့်ပါနှင့် အပိုငွေကို ကျနော်တို့သုံးမည်မဟုတ် ဆရာတော်ကို လှူဒါန်းမည်ဖြစ်ပါသည်။ ဘယ်ဆရာတော်လဲဟု မေးသောအခါ ပန်းတပွင့်တောင် ဆရာတော် ဖြစ်ပါသည်ဟု ဖြေပါသည်။

လူတယောက်ကို ယုံကြည်အောင်အမျိုးမျိုးလှည့်ပတ်ပြောဆို၍ ရောင်းချနေပါသည်။ အချို့လုပ်ငန်းရှင်များက ကျနော်ထီမထိုးပါဟု အပြတ်ပြော၍ ငြင်းလိုက်ရပါသည်။ အချို့လုပ်ငန်းရှင် အမျိုးသမီးငယ်များက ခဏခဏဖုန်းဆက်သောကြောင့် စိတ်အနှောင့် အယှက်ဖြစ်၍ ထီမထိုးပါဟု အပြတ်ငြင်းလိုက်သောအခါ မဖွယ်မရာစကားများကို ပြောဆိုပါသည်။ အချို့ကျေးရွာမှ တိုင်းရင်းသားများမှာ အလိမ်အညာခံလိုက်ရပါသည်။ အချို့မှာ ရန်ကုန်သို့ ငွေလွှဲလိုက်ရပါသော်လည်း ထီလက်မှတ်မှာ ရောက်မလာပါ။ အချို့မှာ ရှက်၍မည်သူ့ကိုမျှ မပြောဖြစ်ပါ။ (၂) လ၊ (၃) လကြာမှ ကိုယ့်လိုခံရတဲ့သူချင်းတွေ့မှ ပြောဖြစ်ကြပါသည်။

ကျနော်တို့ တောင်ပေါ်သားများသည် ရတနာသုံးပါးကို ယုံကြည်အားကိုးသူများဖြစ်ကြသဖြင့် ဘာသာရေးဖြင့် အကြောင်းပြပြောဆိုလျှင် အလွယ်တကူ ယုံကြည်တတ်ပါသည်။ ခုချိန်ထိ ကျေးရွာအချို့တွင် ထီကားဖြင့်လာရောက်၍ ရန်ကုန်မှ ခင်ဗျားအတွက် ပေါက်သော ဆုမဲနှင့် ထီလက်မှတ်အတင်ပေးကာ ပိုက်ဆံအတင်းအဓမ္မ တောင်းယူနေပါသည်။ ထီဆိုသည်မှာ မိမိကုသိုလ်ကံကောင်းလျှင် ပေါက်မည်ဖြစ်ပါသည်။ သို့အတွက် တစုံတရာအကြောင်းပြ၍ အဆမတန် လိမ်ညာရောင်းချခြင်းဘေးမှ ကင်းဝေးရန် တင်ပြအပ်ပါသည်။

လုပ်ငန်းရှင်တဦး

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo