ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည် အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းကြေညာ (၃) လအတွင်း ဂက်စ်ဈေး (၄ဝ) ရာခိုင်နှုန်းတက် နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ (တွေ့ဆုံမေးမြန်းခန်း) စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း(ဆောင်းပါး)
 


quote
 
 

ပုသိမ်ကြီးမြို့နယ် ယာမြေများအား အာဏာပိုင်များ သိမ်းယူရန် ပြင်ဆင်
၂၇ ဇန်န၀ါရီ ၂၀၀၈
line

 

ဇန်န၀ါရီ (၂၅) ရက် နံနက် (၁ဝ) နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ် ရေကြည် ရယက ရုံးမှာ ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ရေကြည်ကွင်းရှိ တောင်သူတွေကို တွေ့ဆုံပြီး ရေကြည်ကွင်းရှိ ယာမြေအားလုံးကို အစိုးရပိုင်အဖြစ် သိမ်းယူမှာဖြစ်သည့်အတွက် (၃) ရက်အတွင်း သဘောတူညီကြောင်း လက်မှတ်ရေးထိုးပေးရန် တောင်သူများအား မှာကြားသွားပါတယ်။

လွန်ခဲ့သည့် (၁) လခန့်ကလည်း ရွေးစုကွင်းရှိ ယာမြေအားလုံးကို သိမ်းယူမည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် မြေစာရင်းဦးစီးဌာနက လာရောက်အကြောင်းကြားသွားပါတယ်။

ပုသိမ်ကြီးမြို့နယ် ရေကြည်နဲ့ ရွေးစုကျေးရွာအုပ်စုအတွင်းရှိ ယာမြေတွေကို ရေတံခွန်တောင် ဂေါက်ကွင်းစစ် မှုထမ်းဟောင်း၊ မီးသတ်သင်တန်းကျောင်း၊ နည်းပညာတက္ကသိုလ်၊ တိုင်းရင်းဆေး ဘယဆေး စိုက်ခင်းတွေ တခုပြီး တခု သိမ်းယူခဲ့ရာ တောင်သူတွေမှာ လုပ်စားစရာ မြေနေရာအနည်းငယ်မျှသာကျန်ရှိပါတော့တယ်။ အခုကျန်ရှိနေတဲ့ မြေနေရာအားလုံးကိုလည်း သိမ်းယူမယ်ဆိုလို့ တောင်သူများအနေနဲ့ လုပ်စားစရာ မကျန်တော့ပါဘူး။

သိမ်းယူထားတဲ့ အခြေအနေတွေကိုလည်း သက်ဆိုင်ရာဌာနက အပြည့်အဝအသုံးမချဘဲ မြေလွတ်နေရာတွေမှာ ရေကြည်နဲ့ ရွေးစုရွာမှ တောင်သူတွေကို သီးစားချစားနေပါတယ်။

အသက် (၇ဝ) ကျော်တောင်သူကြီးတယောက်မှာလည်း ၎င်းပိုင်ယာမြေတွေကို ရေတံခွန်တောင် ဂေါက်ကွင်းအတွက်လည်းကောင်း၊ ဘယစိုက်ခင်းအတွက်လည်းကောင်း သိမ်းယူခံခဲ့ရပြီး မြေ (၅) ဧကမျှသာ ကျန်တော့ရာ ယခု ကျန်ရှိတဲ့ယာမြေကိုလည်း သိမ်းယူမည်ဆိုသဖြင့် ဝမ်းနည်းပက်လက်ငိုကြွေးနေ ပါသည်။ အခုလက်ရှိ မြေကိုသိမ်းယူမည်ဆိုပါက လုပ်စားစရာဘာမျှမကျန်ရှိတော့ဘဲ ဘဝရပ်တည်ရေး အလွန်ပင် ခက်ခဲကြောင်း ပြောပြနေလို့ ကြားရသူအားလုံး စိတ်မကောင်းဖြစ်ကြရပါတယ်။

နိုင်ငံတော် အနေနဲ့ တောင်သူတွေရဲ့ ဘဝရပ်တည်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ယာမြေတွေ သိမ်းယူမယ့်လုပ်ရပ်ကို မဆောင်ရွက်သင့်ကြောင်း ပြောဆိုဆွေးနွေးသံတွေကို ကြားနေရပါတယ်။

ရွာသားတဦး

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo