ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 
 

သစ်တောရေးရာဝန်ကြီးဌာနက တေဇပိုင် ထူးကုမ္ပဏီသို့ ပေးသော အခွင့်ထူးများ
၆ ဖေဖော်ဝါရီ ၂၀၀၉
line

 

တေဇ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ငန်းချင်းတူပေမယ့် အမည်ကွဲတွေနဲ့လည်း လုပ်ကိုင်လျက်ရှိပါတယ်။ ဥပမာ သစ်လုပ်ငန်းလုပ်ကိုင်ရာမှာ Htoo trading Co ltd အပြင် Glory Co ltd နာမည်နဲ့ပါ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ Glory Co ltd နာမည်နဲ့ သုံးထားတဲ့ စာချုပ်ပါ လုပ်ငန်းတွေဟာ ပိုပြီးအခွင့်အရေးရပါတယ်။

၂၀၀၆-၀၇ ခုနှစ်က မြစ်ကြီးနားခရိုင် ဆင်ဘို/တာလောကြီး ဒေသမှာ အထူးကျွန်းထုတ်လုပ်ခွင့်ကို Glory Co ltd က ရရှိပါတယ်။ လုံခြုံရေးမကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထုတ်လုပ်ကုန်ကျစရိတ်ကို ကုန်ကျတာ ထက် အများကြီးခွင့်ပြုပါတယ်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ကို ဆက်ကြေးအများကြီးပေးရတယ်လို့လည်း အကြောင်းပြပါတယ်။ မည်သည့်ကုမ္ပဏီကိုမှ ခွင့်ပြုလေ့မရှိတဲ့ သစ်ထုတ်ခစရိတ်ကို တတန်လျှင် သစ်ရောင်း လို့ရတဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာထဲက ဒေါ်လာ (၃၀၀) ကို Glory Co ltd ကို တိုက်ရိုက်ပေးချေရပါတယ်။

အထူး ကျွန်းထုတ်လုပ်ခွင့်ဆိုတာလည်း သစ်တောစည်းကမ်းအတိုင်းမဟုတ်ဘဲ သူတို့ခုတ်ချင်သလို
ခုတ်လာတာဖြစ်ပါတယ်။ သူတို့ အထူးကျွန်းထုတ်ပြီးတဲ့နေရာဆို ကျွန်းပင် မကျန်တော့ဘဲ မျိုးတုံးသွားတော့ တာပါပဲ။

အဲဒီလို ဆင်ဘို/တာလောကြီးဒေသမှာ ခွင့်ပြုခဲ့ပေမယ့် တကယ်သစ်ထုတ်တာကျတော့ ထုတ်လုပ်ရလွယ်ကူ တဲ့ ဗန်းမော်ခရိုင်ထဲမှာသာ ထုတ်တာပါ။ အဲဒီကိစ္စကို ဘယ်သူကမှ စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။

၂၀၀၇-၂၀၀၈ ခုနှစ်ကျတော့ စာချုပ်ပါ သစ်ထုတ်ခွင့်ဒေသကို တရားဝင် ဗန်းမော်ဒေသ ဖြစ်လာပြီး Glory Co ltd ဟာလည်း ရမြဲတိုင်း အခွင့်အရေး ဆက်လက်ရရှိနေပြီးတော့ ပိုပြီးတော့တောင်အရှိန်ရပြီး သစ်တန်များစွာ ပိုထုတ်လာပါတော့တယ်။ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲမှာဆို ကျွန်းပင်မရှိသလောက် ဖြစ်သွားပါပြီ။ လမ်းဘေးမှာပဲ ကျန်ပါတော့တယ်။

၂၀၀၈-၂၀၀၉ ခုနစ်ကျတော့ မိုးမိတ်ခရိုင် မဘိမ်းဒေသကနေပြီးတော့ အထူးကျွန်းထုတ်ခွင့်တန် (၁) သိန်း Glory Co ltd က ထပ်မံရရှိပါတယ်။ ယခုနှစ် ထုတ်ဆဲဖြစ်ပါတယ်။ အခွင့်အရေးကတော့ ယခင်နှစ်တွေအတိုင်း ဖြစ်ပါတယ်။

အခွင့်အရေးကို ကြောက်လို့သာ ပေးလိုက်ရပြီးတော့ ရှင်းရခက်တဲ့ ပြဿနာလည်း ကြုံရပါသေးတယ်။
အဲဒါကတော့ သစ်ရောင်းလို့ရတဲ့ USD ထဲက Glory Co ltd ကို ဒေါ်လာ (၃၀၀) ပေးရမယ်ဆိုတဲ့ သဘောတူချက်အပေါ် ဖြစ်ရတာပါ။

သူတိုထုတ်လာတဲ့ သစ်တတန်အပေါ် ဒေါ်လာ (၃၀၀) ပေးရမယ်ဆိုတော့ နယ်မှာသစ်ထုတ်တဲ့သူက Quality မမှီတဲ့ သစ်လုံးသေးသေးလေးတွေ ထုတ်လာတော့ ရောင်းလို့ရတဲ့ဈေးက တတန် ဒေါ်လာ (၁၆၀) ပဲရတော့ မြန်မာ့သစ်လုပ်ငန်းကတောင် ဒေါ်လာ (၁၄၀) စိုက်လျော်ရမလိုဖြစ်ခဲ့တာပါ။ ဘယ်လိုပြေလည်သွားလဲမသိပါ။

မောင်သစ်တော

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo