ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ပြည်ထောင်စုနေ့အမီ ဆက်ကြေးကောက်
၁၂ ဖေဖော်ဝါရီ ၂၀၀၉
line

 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အလွန် ပန်ဂျလော့ ကုန်းအတက်မှာ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ည သန်းခေါင်ကျော် (၁) နာရီခန့်အချိန် (၁၀၅) မိုင် သွင်းကုန်စစ်ဆေးရေးစခန်းမှ ထွက်ခွာလာတဲ့ မော်တော်ယာဉ် တန်းအား လက်နက်ကိုင်လူတစုမှ ဆက်ကြေးကောက်ခံရာ ယာဉ်မောင်းမောင်သူ (မန္တလေး-မြစ်သားမြို့သား) မောင်းနှင်သော (၆) ဘီးတပ်ယာဉ်သည် မောင်းနှင်ထွက်ပြေးမည်ပြုစဉ် ဆက်ကြေးကောက်အဖွဲ့က လက်နက် ငယ်ဖြင့် ယာဉ်၏ ဘယ်ဘက်ခြမ်းအား (၁၁) ချက် ပစ်ခတ်ခဲ့ပြီး ဘယ်ဘက်တာယာ (၃) လုံးအား မီးရှို့ဖျက်ဆီးကာ ယာဉ်ရှေ့ခြမ်းအား ဗုံးနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

ယာဉ်မောင်းရဲ့ ဘယ်ဘက်ပခုံး၌ ဒဏ်ရာ ရရှိသွားပါတယ်။ ဒီကိစ္စကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက အထက်သို့ သတင်းတွေ ဆက်လက် မတင်ရဟု အမိန့်ထုတ်ထားတဲ့အတွက် သတင်းဌာနတွေ အခက်တွေ့နေသလို မူဆယ်မြို့လူထုနဲ့ စီးပွားရေးလုပ်ကိုင်စားနေတဲ့ ပြည်သူတွေ အထိတ်တလန့် ဖြစ်နေကြရပါတယ်။

မူဆယ်မြို့မှာ လုယက်မှု၊ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပေမယ့် အမှုမှန် ဖော်ထုတ်နိုင်ခြင်းမရှိပေ။ ရမခ တိုင်းမှူးဟာ သူ့ရဲ့ရာထူးတက်လမ်း အနှောင့်အယှက် ဖြစ်မှာစိုးပြီး ဒီသတင်းကို ထိန်ချန်ထားတာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်အား ကာကွယ်ပေးပါတယ်ဆိုတဲ့ တပ်မတော်ရယ် အခု ဘယ်သူသေသေ ငတေမာရင်ပြီးရော့ လုပ်နေပါလား။ ဆက်ကြေးကောက်အဖွဲ့ဟာ အမှတ်တရဖြစ်စေတဲ့ ပြည်ထောင်စုနေ့အမီ မှတ်မှတ်ရရ ဆက်ကြေးကောက်ခြင်းဖြစ်ပေသည်။

မူဆယ်သား

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook