ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့၊ လေယာဉ်ကွင်းမှ မြန်မာ့လေကြောင်းဌာနမှအဖွဲ့တွေဟာ လေယာဉ်နေရာ ရှိရေးအတွက် တနေရာကို ဘတ် (၅၀၀) အပိုပေးရပါတယ်။ လေယာဉ်လက်မှတ်ခအပြင် ပိုပေးနေရပါတယ်။ ဆမာထုတ် (မှောင်ခိုအထုတ်) တွေ လေယာဉ်နဲ့ တင်ပို့ရာမှာ အထုပ်ကြီး (၁) ထုပ်ကို ကျပ် (၄) သောင်း၊ အထုပ်လတ်ကို (၃) သောင်းခွဲနဲ့ အရွယ်အစားပေါ်မူတည်ပြီး ကောက်ခံနေပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ကုန်းလမ်းကနေ သွားလာရာမှာ ခရီးကွာဝေးတဲ့အပြင် လမ်းကြမ်းတဲ့အတွက် လေယာဉ်ကိုပဲ အားထားနေရပါတယ်။ မြန်မာ့လေကြောင်းတွေနဲ့ သက်ဆိုင်ရာနယ်မြေအာဏာပိုင်တွေက လေယာဉ်လက်မှတ်ကိုကိုင်ထားတဲ့
အတွက် ခရီးသွားပြည်သူတွေအနေနဲ့အခက်အခဲကြုံတွေ့နေရလို့ သတင်းပေးလိုက်ရတာဖြစ်ပါတယ်။
ခရီးသွားပြည်သူများ
|