နေပြည်တော်မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေထဲမှာ လူစီးအများဆုံးဖြစ်တဲ့ မြို့တွင်းတော်ဝင် ယာဉ်လိုင်းတွေမှာ ကားခကောက်ခံခြင်းနဲ့ပတ်သက်လို့ ပြောကြားချင်ပါတယ်။ ကားခကို ဆီဈေးတွေတက်ပါက မတရားတက်ကာ ကောက်ခံခဲ့ပြီး အခုအခါ ဆီဈေးတွေကျလည်း ဈေးပြန်မကျဘဲ ကောက်မြဲအတိုင်း ကောက်ခံလျက်ရှိပါတယ်။ ဒါတင်မကဘဲ သတ်မှတ်ထားတဲ့ နှုန်းထားထက်ကို ပိုမိုကောက်ခံနေပြီး မကြာခဏလည်း ပြဿနာတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကားခဈေးကျလို့လည်း ဈေးကျနေပြီမို့  ဘာလို့ တိုးကောက်တာလဲလို့ မေးတဲ့အခါမှာ စပယ်ရာတွေရဲ့ မချေမငံ သူတို့အတွက် ပိုလို့တောင်မကိုက်တော့ဘူးလို့ ပြောတာကို ခံရပါတယ်။ အဲဒီကိစ္စတွေအတွက် လူအများသိအောင် ပြောချင်ပြီး ပြုပြင်စေလိုတဲ့အတွက် ရေးသားလိုက်တာဖြစ်ပါတယ်။
နေပြည်တော် မြို့ခံတဦး
|