ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

တံစိုးလက်ဆောင် ကြီးစိုးတဲ့ခေတ်မှာ မခံစားနိုင်တော့လို့ပါ
၎ ဒီဇင်ဘာ ၂၀၀၉
line

 

ကျနော်/မတို့သည် ကြေးမုံသတင်းစာတိုက်တွင် တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်ကြပါသည်။ ယခုနှစ်တွင် ကြေးမုံသတင်းစာတိုက် အပါအ၀င်၊ အခြားသော သတင်းစာတိုက်များပါ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။

သို့ရာတွင် ကြေးမုံသတင်းစာတိုက်တွင် ပြောင်းရွှေ့မိန့်ရရှိထားကြသော ရုံးအုပ်နှင့်တာဝန်ရှိသူများသည် မန်နေဂျာ၊ အခြားပိုင်ရာဆိုင်ရာများနှင့် ပူးပေါင်းကာ ရန်ကုန် အထိုင်အနေဖြင့် ကျန်ရစ်ခဲ့ကြပါသည်။ အမှန်တကယ် တာဝန်ရှိ (ရာထူးကြီး) သော သူများမပါဝင်ဘဲ လူငယ်၊ အောက်ခြေ၀န်ထမ်းများသာ ပြောင်းရွှေ့ခဲ့ရပါသည်။ အလျဉ်းသင့်သူများကိုသာ ရွှေ့/ပြောင်း လုပ်နေပါသည်။

ထို့အပြင် ကြော်ငြာဌာနနှင့်တကွ ဖြန့်ချိရေး စသော ဌာနတို့မှာလည်း မန်နေဂျာနှင့် အလျဉ်းသင့်သူများသာ တာဝန်ချထား ခံနေရပါသည်။ ယခု နေပြည်တော်သို့ ရောက်ရှိရာတွင်လည်း အဆောင်နှင့် အဆောင်ထမင်း/ဟင်းများအား ၀င်ရောက်ကြီးကြပ်မှု မရှိခြင်းကြောင့် အဆောင်ထမင်း/ဟင်းမှာ စီစဉ်/ချက်ပြုတ်မှု ညံ့ဖျင်းလှပါသည်။

သို့ဖြစ်ပါသောကြောင့် မန်နေဂျာနှင့်တကွ တာဝန်ရှိသူလူကြီးများ၏ စီမံညံ့ဖျင်းမှုကြောင့် အောက်ခြေ၀န်ထမ်းများ ထိခိုက်နစ်နာနေကြရသည်ကို အရေးယူဆောင်ရွက်ပေးပါရန် ခောတ်ပြိုင်မှတဆင့် လေးစားစွာတင်ပြအပ်ပါသည်။

လေးစားလျက်
ဝန်ထမ်းများ

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook