ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ဘ၀တူတွေနဲ့ သိသင့်သူတွေ သိစေဖို့
၂၅ သြဂုတ် ၂၀၀၉
line

 

ကျနော်က ထိုင်းနိုင်ငံ စမူပါကန်မြို့ရှိ မြန်မာအလုပ်သမား (၈၀၀) ခန့်ရှိတဲ့ ငါးအအေးခန်းမှ စကားပြန်တယောက်ဖြစ်ပါတယ်။
အခုစာရေးသားရတာဟာ ကျနော်တို့အလုပ်သမားတွေအတွက် အင်မတန်နစ်နာလွန်းလို့ ဘ၀တူတွေနဲ့ သိသင့်သူတွေ သိစေဖို့ ရည်ရွယ်ပေးပို့တာဖြစ်ပါတယ်။

ကျနော်မှတ်မိသလောက် ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းလောက်က ကျနော့်အလုပ်ရှင်က ခေါ်ခိုင်းတဲ့အတွက် သူ့ရုံးခန်းကို သွားခဲ့ပါတယ်။ ကျနော်တို့စက်ရုံပိုင်ရှင် လင်မယားနဲ့အတူ မြန်မာလိုအနည်းငယ်ပြောတတ်တဲ့ ထိုင်းလူကြီးတယောက် ရှိနေပါတယ်။ သူဌေးပြောပြချက်အရ မဲဆောက်ကလာတဲ့ ထိုင်း-မြန်မာယဉ်ကျေးမှုအသင်း သို့မဟုတ် ကုမ္ပဏီလား သေခြာမမှတ်မိပါ။ အဲဒီက လူကြီးဖြစ်ကြောင်း သိရပါတယ်။

အဲဒီလူကြီးက မြန်မာအလုပ်သမားတွေ ပတ်စပို့လုပ်တာကို ကူညီဖို့ ကျနော့်ကို မြန်မာလိုပြောပြီး ထိုင်းလိုဆက်ပြောပါတယ်။ ကျနော်က အလုပ်သမားတွေကို ဘာသာပြန်ပေးပြီး ရှင်းပြဖို့လို့ဆိုပါတယ်။

အချုပ်ပြောရရင် အလုပ်သမားကတ် သက်တမ်းတိုးပြီးသူတွေဟာ မြန်မာပတ်စ်ပို့လုပ်ဖို့ ထိုင်းလ၀ကရုံးကို ဘတ် (၂,၀၀၀) နဲ့ ပတ်စ်ပို့အတွက် ဘတ် (၁၀၀) ပေးရမယ်လို့ပြောပါတယ်။ ဒါ့အပြင် အဲဒီလူကြီးက အကျိုးဆောင်လုပ်ပေးခအဖြစ် ဘတ် (၁,၅၀၀) သူ့ကို ပေးရမယ်လို့လည်း ပြောလာပါတယ်။

ကျနော်တို့အလုပ်သမားတွေမှာ ထိုင်းအလုပ်သမားမှတ်ပုံတင်ကတ်အတွက် တနှစ်သက်တမ်းတိုးငွေ ဘတ် (၃,၈၀၀) အတွက် အလုပ်ရှင်က တနှစ်ပတ်လည်လုံး လစဉ်ဖြတ်တောက်မှာဖြစ်တဲ့အပြင် အခုထပ်မံပြီး ပတ်စ်ပို့အတွက် စုစုပေါင်း ဘတ် (၃,၆၀၀) ပေးရအုံးမယ်ဆိုရင်တော့ ကျနော်တို့အတွက် အကြွေးသံသရာ ဘယ်တော့မှ ဆုံးနိုင်တော့မယ်မထင်ပါ။ နစ်သထက်နစ်ဖို့သာ ရှိပါတော့တယ်။

အလုပ်ရှင်သူဌေးကလည်း အဲဒီကုန်ကျစရိတ်အားလုံးကို သူ့ဘက်က လုံးဝအကုန်ကျမခံနိုင်ကြောင်းနဲ့ ကုန်ကျစရိတ်အားလုံးကို အမြန်ဆုံးဖြတ်တောက်မယ့်အကြောင်း ဘာသာပြန်ပြောခိုင်းနေပါတယ်။

မဲဆောက်မြို့မှလို့ပြောတဲ့ ထိုင်း-မြန်မာယဉ်ကျေးမှုအသင်းက ကျနော်တို့အလုပ်သမားတွေအပေါ် မသက်ညှာတဲ့အပြင် ထပ်မံခေါင်းပုံဖြတ်လို့နေပါတယ်။ အလုပ်သမားအားလုံးကို ရှင်းပြရမယ့် ကျနော်အနေနဲ့ ရင်လေးနေမိပါတယ်ခင်ဗျာ။ ယခုသတင်းကို ဖော်ပြပေးစေလိုပါတယ်။ ဒါမှသာ ကျနော်တို့အတွက် သက်သာရာတခုခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

စည်သူစိုး (ထိုင်းနိုင်ငံ၊ စမူပါကန်မြို့၊ ပါစဘတ်အအေးခန်းစက်ရုံ)

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook