ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ (တွေ့ဆုံမေးမြန်းခန်း) စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း(ဆောင်းပါး)
 


quote
 

 

 

ရွေးကောက်ပွဲထက် အခြေခံဥပဒေပြင်ဆင်ရေးသာ အဓိက
၂၆ ဇန်န၀ါရီ ၂၀၁၀
line

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က တောင်းဆိုထားတဲ့ ရွှေဂုံတိုင်ကြေညာချက်စာတမ်းပါ အခြေခံဥပဒေပြင်ဆင်ရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အဓိက တောင်းဆိုချက် (၃) ရပ်ကို နအဖစစ်အစိုးရက အလွယ်တကူ လိုက်လျောမယ့်လက္ခဏာ ခုချိန်ထိ မပြသသေးပါဘူး။ သူတို့ကတော့ စစ်တပ်ထုံးစံအတိုင်း ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ် ဆိုတဲ့လမ်းကြောင်းကို ဆက်သွားမယ့်သဘောပါပဲ။
အန်အယ်လ်ဒီက တောင်းဆိုထားချက် (၃) ချက်ကို လိုက်လျောမယ်ဆိုရင်လည်း သူ့တို့အနေနဲ့ အခြေခံဥပဒေကို ပြင်ကိုပြင်ဆင်ရမယ့် အနေထားရောက်လာပါလိမ့်မယ်။ ဒီတော့ သူတို့ လိုက်လျောဖို့က ရာခိုင်နှုန်းမရှိသလောက် နည်းပါတယ်။ ဒီအခြေခံဥပဒေဟာ တကယ်တမ်းကျတော့ စစ်တပ်ကသာလျှင် အရာရာထိပ်မှာ နေမယ်ဆိုတာကို ပြဋ္ဌာန်းထားတဲ့ဥပဒေဆိုတာ အများသိဖြစ်ပါတယ်။

ဒီလို အဓိကကျတဲ့ အန်အယ်လ်ဒီရဲ့ တောင်းဆိုချက်တွေကို အသာလေးထားပြီးတော့ သူတို့အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်ရမယ်ဆိုပြီး နအဖက ကမ္ဘာ့အစိုးရများ၊ ကုလသမဂ္ဂအဖွဲ့အစည်းအပါဝင် အားလုံးကို ထပ်မံလှည့်စားဖို့ ကြိုးစားနေပါတယ်။ နိုင်ငံတကာကလည်း ရွေးကောက်ပွဲကိုသာ အာရုံစိုက် အဓိကထား ပြောဆိုနေကြပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ကြုံတွေ့နေရတဲ့ ပြည်တွင်းပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်တဲ့၊ ဒီမိုကရေစီစံတွေနဲ့မညီတဲ့၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ရေးဆွဲထားတဲ့ ဒီလို နအဖရဲ့ အခြေခံဥပဒေအရ ပြုလုပ်မယ့်ရွေးကောက်ပွဲကိုသာ ဘာကြောင့် အဓိကအကြောင်းရာအဖြစ် ဆွေးနွေးနေသလဲ။ ဘာကြောင့် ဒီရွေးကောက်ပွဲမှာ ရသလောက်အမတ်နေရာ ၀င်ယူ ပူးသတ်မယ်ဆိုတဲ့ အတွေးခေါ်မျိုးတွေ ရှိနေသလဲဆိုတာကို မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။

အန်အယ်လ်ဒီအပါအ၀င် အတိုက်ခံအင်အားစုတွေအနေနဲ့ အခြေခံဥပဒေဟာ မြန်မာပြည်သူတွေအတွက် ဘယ်လောက်ဆိုးဝါးမယ့် အကျိုးဆက်တွေ ပါတယ်၊ စစ်အစိုးရတရားဝင်ဖြစ်ရေးနဲ့ ဒီမိုကရေစီကို ပျက်ရယ်ပြုထားတဲ့ အခြေခံဥပဒေဖြစ်တယ်၊ လူ့အခွင့်အရေးကို အခြေခံဥပဒေထဲမှာ တရားဝင်ချိုးဖောက်ထားတယ် ဆိုတာတွေကို သိပါလျက်နဲ့ ထိထိရောက်ရောက် ပြောဆိုတင်ပြဖို့အတွက် မပြောရဲလေသလား၊ ပြောမထွက်လေသလား၊ ဒေါ်စုကနေ တပ်ချုပ်ကြီးကို ပေးထားတဲ့စာပေါ် မျှော်လင့်ပြီးတော့ပဲ နေလေသလား ဆိုတာကိုတော့ ဝေခွဲမရ ဖြစ်ရပါတယ်။ အန်အယ်လ်ဒီအနေနဲ့လည်း စဉ်းစားသင့်တာ စဉ်းစားပြီးတော့ ဘုံရပ်တည်ချက်တခုကို ဖော်ထုတ်ပြသရမယ့်အချိန် ရောက်နေပြီဖြစ်ပါတယ်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကတော့ နအဖကျင်းပမယ့် ရွေးကောက်ပွဲဆိုတာ မြန်မာပြည်သူတွေအတွက် မလိုအပ်ဘူးလို့ ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်မဟုတ်ဘူး၊ နိုင်ငံရေး အဖြေရဖို့ဆို နအဖအနေနဲ့ ဒီမိုကရေစီအင်အားစုနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဆိုတာထက် အခြေခံဥပဒေပြင်ဆင်ရေးဟာ အဓိကကျတဲ့အတွက် ပြည်သူတွေကို ထပ်မံနှိပ်စက်မယ့် ဒီနအဖရဲ့ အခြေခံဥပဒေကို အစဉ်တစိုက်ဆန့်ကျင်ကြဖို့လိုအပ်ကြောင်း သတိပေးတင်ပြအပ်ပါတယ်။

သုရင်သစ် (ရန်ကုန်)


Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo