ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 

အမေရိကန်သွားခွင့်မရရင် မြန်မာပြည် ပြန်ပို့မှာစိုးရိမ်မိ
၁၂ ဇန်န၀ါရီ ၂၀၁၀
line

 

ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံထားရတဲ့ နိုင်ငံရေးအဖွဲ့အစည်းများက လူ (၄၀၀) လောက်ကို ယူအန်အိပ်ခ်ျစီအာက တတိယနိုင်ငံတွေကို ထွက်ခွာခွင့် ဆိုင်းငံ့ထားတာ အခုဆိုရင် (၃) နှစ် ရှိပါပြီ။ အရင် မဲဆောက်မှာနေတဲ့ ဆိုင်းငံ့ခံထားရသူတွေ အပါအ၀င် လူ (၂၀၀၀) လောက်ကို ယူအန်အိပ်ခ်ျစီအာနဲ့ အမ်အိုအိုင်တို့ရဲ့ အစီအစဉ်နဲ့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် စက်တင်ဘာလက နို့ဖိုးစခန်းမှာ စခန်းသွင်းခဲ့ပါတယ်။ အဲဒီထဲက လူ (၁၅၀၀) လောက်ကို ယူအန်အိပ်ခ်ျစီအာကနေ တတိယနိုင်ငံတွေကို သွားခွင့်ပြုခဲ့ပြီး နိုင်ငံရေးအဖွဲ့အစည်းက လူတွေကျတော့ (၃၀၀) ကျော်ကို ဆိုင်ငံ့ထားပီး (၆၀) ကျော်ကတော့ ဒုက္ခသည်အဖြစ် ပယ်ချခြင်း ခံကြရပါတယ်။

နိုင်ငံခြားထွက်သွားတဲ့လူ (၁၅၀၀) ထဲက အများစုဟာ နိုင်ငံရေးနဲ့မပတ်သက်ဘဲ အကြံအဖန်နဲ့ ထွက်ကြတဲ့လူတွေ ဖြစ်တယ်ဆိုတာ ယူအန်က ၀န်ထမ်းတွေလည်း သိပါတယ်၊ ကျနော်တို့ နိုင်ငံရေးအဖွဲ့အစည်းက လူတွေကိုတော့ ထွက်ခွာခွင့် မပြုဘဲ ဆိုင်းငံ့ထားပါတယ်။ ယူအန်အိပ်ခ်ျစီအာအနေနဲ့ ဒုက္ခသည်အစစ်အမှန်နဲ့ အတုအယောင်တွေကို သေချာစိစစ် စေချင်ပါတယ်။ ကျနော်တို့ဟာ စခန်းတွင်းမှာ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ဒုက္ခရောက်နေကြတာကို နိုင်ငံတကာက သိစေချင်ပါတယ်။ စခန်းထဲမှာလည်း စားဝတ်နေရေး၊ ကျန်းမာရေးဆိုတာ မသေရုံသာသာ အခြေအနေလို့တောင် ဆိုနိုင်ပါတယ်။ ကျနော်တို့အားလုံးဟာ မြန်မာပြည်ပြန်လို့မရတဲ့သူတွေ ဖြစ်ပါတယ်။

ကျနော်တို့ကို ၆-၁-၁၀ ရက်နေ့က စခန်းမှာ UNHCR က တာဝန်ရှိသူတွေ လာပြီး ဆွေးနွေးပါတယ်။ အဲဒီအဖွဲ့ထဲက နိုင်ငံခြားသူ အမျိုးသမီးအရာရှိတဦးပြောတာက ကျနော်တို့အားလုံးအတွက် လာမယ့် မတ်လမှာ ရက်(စ်) အော် နိုး အဖြေတခုခု သိရမယ်၊ ဘာအဖြေပဲထွက်ထွက် အမေရိကန်ကလွဲပြီး အခြားနိုင်ငံသွားခွင့်မရှိဘူးလို့ ပြောပါတယ်။

ကျနော်တို့အားလုံးဟာ အမေရိကန်ကိုထွက်ဘို့ လျှောက်ထားကြတဲ့လူတွေ ဖြစ်ပါတယ်။ ဆိုင်းငံ့ခံရသူတွေထဲမှာ တချို့ဆိုရင် သားသမီးမြေးတွေ အမေရိကန်မှာ ရှိတဲ့လူတွေ ပါပါတယ်။ ဒါပေမယ့် အဲဒီလူတွေလည်း အခုထိ သွားခွင့်မရှိသေးပါဘူး။
တခြားနိုင်ငံကိုလည်း လျှောက်ခွင့်မရှိတဲ့အပြင် အမေရိကန်က မခေါ်မချင်း (၁၀) နှစ်လား၊ အနှစ် (၂၀) လား စောင့်ရမယ့်သဘော ဖြစ်နေပါတယ်။ ပိုပြီး စိုးရိမ်ဖို့ကောင်းတာက ကျနော်တို့ကို အမေရိကန် မပို့ဘဲ ထိုင်းနိုင်ငံမှာခိုလှုံနေတဲ့ လောနိုင်ငံက (မုန်) လူမျိုး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံက အတင်းအကြပ်ဖမ်းပြီး ပြန်ပို့သလိုလုပ်မှာကို အထူး စိုးရိမ်မိပါတယ်ခင်ဗျား။



လေးစားစွာဖြင်
ကိုနိုင်လေး (နို့ဖိုးဒုက္ခသည်စခန်း)

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo