ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေး
AP/NEJ/ ၂၁ စက်တင်ဘာ ၂၀၀၇
line

 

gambariကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ယမန်နေ့က တခါးပိတ်အစည်း
အဝေးပွဲကျင်းပပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံများအား ရှင်းလင်းတင်ပြသည်။

မြန်မာနိုင်ငံ၌ လတ်တလော သံဃာနှင့် လူထုဆန္ဒထုတ်ဖော်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို နအဖစစ်အစိုးရက ဖမ်းဆီးထားမှု အခြေအနေများကြောင့်
အစည်းအဝေးခေါ်ယူကျင်းပခြင်းဖြစ်သည်။

မစ္စတာဂမ်ဘာရီက “ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ နိုင်ငံတကာအသိုင်းအ၀န်းကို အလွန်အမင်းစိုးရိမ်ပူပန်မှုတွေ ဖြစ်စေတယ်ဆိုတာကတော့ သေချာ ပါတယ်။  မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့  စိန်ခေါ်မှုတွေကို အဖြေရှာဖို့ ကျနော်တို့ရဲ့ အားထုတ်မှုကို တိုးမြှင့်လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်နေပြီဆိုတာကို ထင်ထင်ရှားရှားထပ်ပြီးပြသလိုက်တာ
ပဲ” ဟု ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နှင့် ဗြိတိန်နိုင်ငံ သံအမတ်ကြီးများက မြန်မာနိုင်ငံအခြေအနေကို စိုးရိမ်ပူပန်မိကြောင်းနှင့် မစ္စတာဂမ်ဘာရီကို မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားစေလိုကြောင်း ဆွေးနွေးပွဲ အပြီးထုတ်ဖော်ပြောကြားသည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ဆန္ဒပြသူများအပေါ် စာနာမှုရှိပြီး ငြိမ်းချမ်းစွာဆန္ဒပြမှုကို မြန်မာစစ်အစိုးရ၏ ကိုင်တွယ်ပုံနှင့် သဘောထားကွဲလွဲသူများအား နှိပ်ကွပ်မှုများကို စိတ်ပျက်ကြ သည်ဟု ကုလဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဂျွန်ဆောရာစ်က ပြောသည်။

အမေရိကန်သံအမတ်ကြီး ဇယ်လ်မေခါလီဇဒ်က “မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေပါတယ်။ ဒါ့ကြောင့်  မြန်မာနိုင်ငံရဲ့အရေးကြီးနေတဲ့ ခုလိုအခြေအနေပေါ်မှာ လုံခြုံရေးကောင်စီက သင့်တော်တဲ့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်သင့် တယ်” ဟု ပြောသည်။

ယခုကျင်းပပြီးစီးသွားသည့် အစည်းအဝေးနှင့်ပတ်သက်၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ကုလသမဂ္ဂတာဝန်ခံ ဒေါက်တာသောင်းထွန်းက “ဒီလုံခြုံရေးကောင်စီ အစည်း
အဝေးရဲ့ထူးခြားချက်က မစ္စတာဂမ်ဘာရီရဲ့ ခုသွားမယ့်ခရီးစဉ်မှာ ယူအန်က လုပ်မယ့်အကြံပြု ချက်တွေနဲ့ လုပ်ဆောင်ချက်တွေဟာ အတွင်းရေးမှူးချုပ်ရုံးတခုတည်းရဲ့သဘောထား တခုတည်း မဟုတ်ဘူး၊ အဲဒီနောက်မှာ လုံခြုံရေးကောင်စီကရပ်တည်ထားတယ်၊ လုံခြုံရေးကောင်စီရဲ့ သဘော ထားတွေဖြစ်တယ်ဆိုတာ ပြသတာဖြစ်တယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက လက်ရှိဖြစ်ပွားနေသည့် သံဃာတော်များ၏လှုပ်ရှားမှုကို အကြမ်းဖက်နှိပ်ကွပ်ခြင်း၊ သွေးထွက် သံယိုဖြစ်အောင်လုပ်ဆောင်ခြင်းတို့ပြုလုပ်လာပါက မစ္စတာဂမ်ဘာရီမြန်မာနိုင်ငံသွား မည့်အချိန်အထိ စောင့်မနေဘဲ လုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးခေါ်ယူကာ လိုအပ်
သည့် အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်လာအောင် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆက်လက်ပြော သည်။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ သွားရောက်မည့်ရက် အတိအကျမသိရသေးသော်လည်း လာမည့် အောက်တိုဘာလလယ်၌ သွားမည်ဟု အတွင်းရေးမှူးချုပ်ရုံးက ထုတ်ဖော်ကြေညာထားသည်။     ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook