ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

သြစတြေးလျက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်
Reuters/ ၂၄ အောက်တိုဘာ ၂၀၀၇
line

 

ပြီးခဲ့သည့်လက မြန်မာနိုင်ငံအတွင်း ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏မိသားစုဝင်များကို သြစတြေးလျနိုင်ငံက ငွေကြေး
ဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်လိုက်ကြောင်း ယနေ့ ကြေညာသည်။

ပိတ်ဆို့ဒဏ်ခတ်ခံရသူများအနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် စစ်ဗိုလ်ချုပ်အသိုင်း
အ၀ိုင်းမှ (၄၁၈) ဦးပါဝင်သည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားဒေါင်နာ
က ပြောကြားသည်။

၎င်းက “စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ရယ်၊ မြန်မာနိုင်ငံသားအားလုံးကို နိုင်ငံတကာစံချိန်စံနှုန်းနဲ့အညီ လူ့အခွင့်ရေး
တွေပေးဖို့ သြစတြေးလျက မြန်မာ စစ်အစိုးရကို အစဉ်တစိုက်တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။

သြစတြေးလျနိုင်ငံက မြန်မာစစ်ဗိုလ်ချုပ်များကို ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းတင်းကြပ်မှုများ
နှင့် စစ်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့မှုတားမြစ်ခြင်းတို့ ပြုလုပ်ထားပြီးဖြစ်ရာ ယခုထပ်မံ ပိတ်ဆို့မှုများသည် မြန်စစ်အစိုးရအပေါ် ပိုမိုဖိအားပေးရာရောက်စေသည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

ပိတ်ဆို့အရေးယူမှု၌ မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့အားထောက်ခံသူတို့၏ ငွေကြေးလွှဲပြောင်းမှုနှင့် ငွေပေးငွေယူကိစ္စများကို သြစတြေးလျဗဟိုဘဏ်၏ ခွင့်ပြုချက်
မပေးဘဲ တားမြစ်ထားခြင်းပါဝင်သည်။

ယခုအရေးယူမှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုမဟုတ်သော်လည်း သြစတြေးလျနိုင်ငံ၏ လက်ရှိတည်ဆဲ ဥပဒေအရ နိုင်ငံတနိုင်ငံကို အပြင်းထန်ဆုံး ဘဏ္ဍာရေး ဆိုင်ရာအရေးယူမှု ဖြစ်သည်။ 

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook