ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ဒေါက်တာစင်သီယာမောင် အာရှဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆုရ
NEJ/ ၂၄ နိုဝင်ဘာ ၂၀၀၇
line

 

ဒေါက်တာ စင်သီယာမောင်

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် မယ်တော်ဆေးခန်း
တာဝန်ခံ ဒေါက်တာ စင်သီယာမောင်ကို ထိုင်ဝမ်နိုင်ငံ အခြေစိုက် ထိုင်ဝမ် ဒီမိုကရေစီဖောင်ဒေးရှင်းအဖွဲ့က ၂၀၀၇ ခုနှစ်အတွက် အာရှဒီမိုကရေစီနှင့် လူ့အခွင့်
အရေးဆု ချီးမြှင့်လိုက်သည်။

မြန်မာဒုက္ခသည်များကို နှစ်ရှည်လများ စွဲစွဲမြဲမြဲ ကူညီလုပ်ဆောင်ပေးသည့်အတွက် သူမအား ဆုချီးမြှင့်ရခြင်းဖြစ်ကြောင်း  အဆိုပါအဖွဲ့က ကြေညာသည်။

 

ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ Wang Jin-pyng က “ဒေါက်တာစင်သီယာမောင်
ဟာ ဆရာဝန်တယောက်ရဲ့ တာဝန်အပြင် ဒုက္ခသည်လူထုကို လူ့အခွင့်အရေးတန်ဖိုးတွေ လေးစားသိရှိလာအောင်ရယ်၊ ဒါတွေကို အခြေခံတဲ့လူထုဖြစ်လာအောင်ရယ် ပြောင်းလဲပေးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပြီးတော့ သူ့ရဲ့လုပ်ငန်းတွေကိုလည်း နိုင်ငံတကာ အသိုင်းအ၀န်းတွေနဲ့ ချိတ် ဆက်နိုင်ခဲ့တယ်” ဟုပြောသည်။

ဆုပေးပွဲ အခမ်းအနားကို လာမည့် ဒီဇင်ဘာလ (၁၃) တွင် ထိုင်ဝမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါဆုနှင့်အတူ အမေရိကန်ဒေါ်လာငွေ (၁) သိန်း ပေးအပ်မည်ဖြစ်သည်။

ဆုချီးမြှင့်ခံရသည့်အတွက် ဒေါက်တာစင်သီယာမောင်က “ကျမတို့ လုပ်ဆောင်နေတဲ့ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေ ရှေ့ဆက်လုပ်ကိုင်သွားနိုင်ဖို့အတွက် ကူညီပံ့ပိုးပြီး ပေးတဲ့ဆုဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဒေါက်တာစင်သီယာမောင်သည် ရေမွန်မက်ဆေးဆေးဆုအပါအ၀င် နိုင်ငံတကာမှ ပေးအပ်ထား
သည့် ဆုပေါင်း (၁၂ ) ဆုရရှိထားပြီးဖြစ်သည်။

ဆုပေးအပ်သည့် ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းအဖွဲ့ကို ၂၀၀၃ ခု ဇွန်လ၌ ထိုင်ဝမ် နိုင်ငံခြားရေး
ဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး အာရှဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆုကို ၂၀၀၆ ခုမှ စတင် ပေးအပ်ခြင်းဖြစ်သည်။ ယမန်နှစ်က အဆိုပါဆုကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF)
က ရရှိသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook