သွားရောက်တောင်းဆိုခြင်းဖြစ်သည်ဟု ဆန္ဒပြသူတို့က ပြောသည်။
ဆန္ဒပြပွဲစီစဉ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲ စည်းရုံးရေးမှူး ကိုအောင်နိုင်က “အာဆီယံဒေသတွင်း နိုင်ငံတွေအားလုံးကနေပြီးတော့ ကျနော်တို့ရဲ့ ပြည်သူလူထုတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတာတွေကို သူတို့ နိုင်ငံသားတွေနဲ့
အတူ ကိုယ်ချင်းစာနာပြီးတော့ ကျနော်တို့ကို ထောက်ထားညှာတာတဲ့အနေနဲ့ ကျနော်တို့
နိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံးဖိအားပေးပြီးတော့ ကူညီဆောင်ရွက်
ပေးပါလို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်” ပြောသည်။
ဆန္ဒပြသူများသည် မြန်မာသံရုံးသို့လည်း သွားရောက်၍ မြန်မာနိုင်ငံအတွင်း လက်ရှိဖမ်းဆီး မှုများကို ချက်ချင်းရပ်တန့်ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးခြွင်းချက် မရှိပြန်လွှတ်ပေးရန်တောင်းဆိုကြပြီး စင်္ကာပူသံရုံးအနီး၌ ကျောင်းသားနှင့် ရဟန်းသံဃာတော် များကို စစ်တပ်နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက ၀ိုင်းဝန်းရိုက်နှက်သည့်
ပြကွက်တခု သရုပ်ပြလုပ် ဆောင်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြသူတို့ ပေးအပ်သည့် တောင်းဆိုချက်များပါ ကြေညာချက်ကို စင်ကာပူနှင့် မြန်မာသံရုံး တို့က လက်ခံရယူခဲ့သော်လည်း တစုံတရာအကြောင်းပြန်ကြားခြင်းမရှိဟု ဆန္ဒပြသူတို့က ပြောသည်။
|