ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

တရုတ်နယ်စပ်မှ မြန်မာဈေးသည်များ ကျီးလန့်စာစား ဈေးရောင်းနေရ
NEJ / ၁၃ နိုဝင်ဘာ ၂၀၀၇
line

 

ဆိုင်နောက်ဘက်တွင် ၀ှက်သိမ်းထားရသည့် စားသောက်ကုန်များ

ယခုလ (၈) ရက်မှစ၍ မူဆယ်မြို့တဖက်ကမ်း တရုတ်ပြည် ကျယ်ဂေါင်မြို့နှင့် ရွှေလီမြို့တို့ရှိ  မြန်မာနိုင်ငံသားများ၏ကုန်စုံဆိုင်များတွင် စားသောက်ကုန်နှင့်ဆေးဝါးများကို တရုတ် အာဏာပိုင်များက ရောင်းချခွင့်ပိတ်ပင်ကာ ဖမ်းဆီးနေသဖြင့် ကုန်ပစ္စည်းများကို ခိုးဝှက် ရောင်းချနေကြရသည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံထုတ် စားသောက် ကုန်များ၊ ဆေးဝါးများကို တရုတ်ကုန်စည်
စည်းကြပ်သည့်ဌာနတွင် လာရောက်မှတ်ပုံ

 

တင်မှသာ ရောင်းချရမည်ဖြစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိပါက ဖမ်းဆီးမည်ဟု သိရကြောင်း ရွှေလီရှိ ကုန်စုံဆိုင်ရှင်တဦးက ပြောသည်။

၎င်းက “ပစ္စည်းအမယ်တွေက အများကြီးဆိုတော့ တခုချင်းမှတ်ပုံတင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး
လေ။ ကုန်ပစ္စည်းတခုကို တကြိမ် မှတ်ပုံတင်စစ်ဆေးခံရင် ယွမ် (၂၀၀) ကျော် မြန်မာကျပ်ငွေ
(၄) သောင်းလောက်ကျတယ်။ အဲဒါ လေးလ တခါ၊ တနှစ်သုံးကြိမ်သွားပြီး အစစ်ဆေးခံရမှာ ဆိုတော့ ဘယ်လိုမှ မကိုက်နိုင်တော့ဘူး” ဟု ပြောသည်။

လက်လီဆိုင်များအနေဖြင့် လက်ကားဆိုင်ကြီးများ၏ ဆိုင်လိုင်စင်မိတ္တူနှင့် ကုန်ပစ္စည်းဝယ်ယူ သည့် ပြေစာ စာရွက်များ ပြသနိုင်မှသာ တရုတ်အာဏာပိုင်များက ရောင်းချခွင့်ပေးသည်ဟု ကုန်စုံဆိုင်ရှင်တဦးက ပြောသည်။

၎င်းက “အမွှေးတိုင်တို့၊ ဆန်တို့ကတော့ သူတို့ဘာမှမပြောဘူး၊ ရှေ့မှာခင်းထားပြီး ကျန်တဲ့
ပစ္စည်းတွေကတော့ နောက်မှာ ၀ှက်ထားရတယ်၊ အကြောင်းသိတဲ့ ဖောက်သည်လောက်ပဲ ရောင်းလို့ရတာပေါ့၊ ခိုးဝှက်ရောင်းနေရတာပဲ” ဟု ပြောသည်။

ဆန်၊ ကွမ်းနှင့် ကွမ်းယာပစ္စည်းများ၊ ဆေးပေါ့လိပ် စသည့် ပစ္စည်းအချို့ကိုမူ ရောင်းခွင့် ပေးထားသဖြင့် တရုတ်အာဏာပိုင်များ၏ လုပ်ထုံးလုပ်နည်းကို နားမလည်ဖြစ်ကြရသည်
ဟု ဈေးသည်များက ပြောသည်။

၎င်းတို့အနေဖြင့် နိုင်ငံတော်အခွန်၊ ရွှေလီအခွန်၊ လုံခြုံရေးအခွန်၊ သန့်ရှင်းရေးအခွန်၊ ကျန်းမာရေးကတ် စသည့် အခွန်အခများကိုလည်း  လစဉ် တရုတ်ယွမ်ငွေ (၄၀၀) ခန့်
ပေးပြီး ဈေးရောင်းနေကြခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာဘက်မှ ၀င်ရောက်လာသည့် မုန့်ပဲသရေစာ၊ လက်ဖက်ထုပ်၊  အချိုရည်ဘူး၊ စီးကရက်၊ တိုင်းရင်းဆေးဝါးများ၊ ငါးပိ၊ ငံပြာရည်၊  စားဆီ စသည့်စားသောက်ကုန်များနှင့် ထိုင်းနိုင်ငံလုပ် စားသုံးကုန်ပစ္စည်းများ ရောင်းချခွင့် ပိတ်ပင်ခံထားရသည်။  

တရုတ်ပြည်ဘက်တွင် ရောင်းချရန် မြန်မာပြည်ဘက်မှ မောင်းလာသည့် နွားများကိုလည်း မကြာသေးမီရက်ပိုင်းက ဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံလုပ် စားအုန်းဆီများကိုလည်း သိမ်းယူမှု များရှိခဲ့သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook