ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ထောင်ဒဏ် (၆၅) နှစ်စီချမှတ်ခံရသည့် ၈၈ ကျောင်းသားများအပေါ်
နောက်ထပ် ထောင်ဒဏ်ဆက်ချဖို့အလားအလာရှိ
ကိုဝိုင်း/ ၁၃ နိုဝင်ဘာ ၂၀၀၈ 
line

 

ပြီးခဲ့သည့် တနင်္လာနေ့က ထောင်ဒဏ် (၆၅) နှစ်စီချခံခဲ့ရသည့် ၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးနှင့်ပတ်သက်၍ ကျန်ရှိနေ သေးသော အမှုများကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်းနှင့် နောက်ထပ်ထောင်ဒဏ် ဆက်ချဦးမည့်အလားလာရှိကြောင်း ထောင်ဒဏ်ချမှတ်ခြင်းခံရသူတဦးဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင် ဒေါ်ညွန့်ညွန့်ဦးက ခေတ်ပြိုင်သို့ ပြောသည်။

စီရင်ချက်ချလိုက်ပြီးဖြစ်သောကြောင့် ယခင်က စနေ၊ တနင်္ဂနွေအစား ကြာသပတေး၊ သောင်္ကြာ၊ စနေ ပြောင်းတွေ့ရမည် ထင်မှတ်၍ ယနေ့ ထောင်ဝင်စာသွားတွေ့ရာ တွေ့ခွင့်မရခဲ့ဘဲ ထောင်တာဝန်ရှိသူများထံမှ ယင်းကဲ့သို့ သိရှိလာရခြင်းဖြစ်သည်။

ဒေါ်ညွန့်ညွန့်ဦးက “လုံးဝတွေ့ခွင့်မရှိဘူး။ ပါသွားတဲ့အစားအသောက်နဲ့ အနွေးထည်တောင် ပါဆယ်လက်မခံဘူး။ သူတို့အမှုဆက် စစ်ဆေးဖို့ ရှိသေးတယ်လို့ပဲ ဖြေတယ်။ စနေ၊ တနင်္ဂနွေမှပဲ အရင်တုန်းကလိုမျိုးပဲတွေ့ရမယ်။ ဘယ်လောက်ကြာမယ်ဆိုတာ တောင် မသိသေးဘူး။ အမှုတွေအများကြီး စွဲထားတာလေ။ နောက်ထပ်က ထပ်ချဦးမယ့်အလားအလာတွေရှိသေးတယ်” ဟု ပြောသည်။

ထောင်ဒဏ် (၆၅) နှစ်ချမှတ်ခြင်းခံရသည့် ၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးထဲမှ ကိုအံ့ဘွယ်ကျော်၏ မိခင်၊ ရွှီးခေါ် မစန္ဒာမင်း၏ ခင်ပွန်း၊ ကိုသက်ဇော်၏ ဖခင်တို့လည်း ယနေ့ ထောင်ဝင်စာလာတွေ့သည်ကို မြင်ခဲ့ရကြောင်း ဒေါ်ညွန့်ညွန့်ဦးက ပြောသည်။

ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းခံရသူ အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၀၇ ခု စက်တင်ဘာ သံဃာ့ မေတ္တာသုတ် ရွတ်ဆို ဆန္ဒဖော်ထုတ်ပွဲမတိုင်မီ လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ပြီးနောက် နအဖ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံကြရသူများဖြစ်သည်။

ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းခံရသူများအပါအ၀င် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန် လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ထပ်မံတောင်းဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါ ထောင်ဒဏ်ချမှတ်ခြင်းများကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ထောင်ဒဏ်ချခံ ရသူ ဒီမိုကရေစီအရေး ဆောင်ရွက်သူများသည် ရာဇ၀တ်သားများမဟုတ်ဘဲ နအဖစစ်အစိုးရ၏ တရားမ၀င်မှုကို ငြိမ်းချမ်းစွာ စိန်ခေါ်သူများသာဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook