ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးအား ထောင်ဒဏ် (၆၅) နှစ်စီချ
ကိုဝိုင်း/ ၁၁ နိုဝင်ဘာ ၂၀၀၈ 
line

 

စစ်အစိုးရက အင်းစိန်ထောင်အတွင်း၌ ဖမ်းဆီးထားသော ၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးအား ထောင်ဒဏ် (၆၅) နှစ်စီ ယနေ့ ချမှတ်လိုက်ကြောင်းထောင်ဒဏ်ချမှတ်ခြင်း ခံရသူတဦးဖြစ်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင်ဒေါ်ညွန့်ညွန့်ဦးက ခေတ်ပြိုင်သို့ ပြော သည်။

အမိန့်ချမှတ်ခြင်းကို တရားဝင်အကြောင်းကြားခြင်းမရှိသေးသော်လည်း ယုံကြည်စိတ်ချရသည့် အဆက်အသွယ်များမှတဆင့် သိရခြင်းဖြစ်သည်ဟု ဒေါ်ညွန့်ညွန့်ဦးက ပြောသည်။

ယနေ့ ထောင်ဒဏ်ချမှတ်ခံရသူ (၁၄) ဦးမှာ ကိုမင်းဇေယျာ၊ ကိုဂျင်မီခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီးခေါ် ကိုကျော်ကျော်ထွေး၊ ကြီးသန်း ခေါ် ကိုသန်းတင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မီးမီးခေါ် မသင်းသင်းအေး၊ ရွှီးခေါ် မစန္ဒာမင်း၊ မသက်သက်အောင်တို့ဖြစ်ကြောင်း သိရသည်။

ဒေါ်ညွန့်ညွန့်ဦးသည် သားဖြစ်သူ ကိုပဏ္ဍိတ်ထွန်းအား ပြီးခဲ့သည့် (၉) ရက်နေ့က နောက်ဆုံးတွေ့ခဲ့ခြင်းဖြစ်ပြီး စီရင်ချက်ချမည့် လက္ခဏာတစုံတရာ ကြိုတင်မသိရှိရကြောင်းပြော သည်။

ဒေါ်ညွန့်ညွန့်ဦးက “ကြိုပြီးမသိရဘူး၊ ဒိပြင့်လူတွေဆိုရင် ဘယ်နေ့စီရင်ချက်ချမယ်။ ရက်စွဲမဟုတ်တောင်မှ ရှေ့အပတ်ထဲ စီရင်ချက်ချမယ်၊ အဲဒီလိုမျိုး။ ကျမတို့က ဘာမှမသိရဘူး” ဟု ပြောသည်။

ယခင်လ (၂၉) ရက်ကလည်း ရန်ကုန်အင်းစိန်ထောင်အတွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင်သူ၊ ကိုလှမျိုးနောင်နှင့် ကိုအောင်နိုင်တို့ (၉) ဦးကို တရားရုံးအား မထီမဲ့မြင်ပြုသည်ဆိုကာ အာဏာပိုင်များက ပုဒ်မ (၂၂၈) ဖြင့် ထောင်ဒဏ် (၆) လစီချမှတ်ပြီး မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။

အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် (၉) ဦးတို့သည် တရားခွင်၌ မိသားစုကြားနာခွင့်မရသည့်အပေါ် ဆန္ဒပြသည့် အနေဖြင့် ရှေ့နေများ၏ မေးမြန်းချက်များအား ပြန်ဖြေခြင်းမပြုပဲ နေခဲ့ကြခြင်းဖြစ်သည်။


 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook