ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
  မယ်တော်ဆေးခန်းတွင် လူထုအကျိုးပြုနှင့်ကျန်းမာရေးသင်တန်းဖွင့်
NEJ / ၇ မေ ၂၀၀၇
line
 

လူထုအကျိုးပြုလုပ်ငန်းများနှင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် Nursing Care Training & Community Health Volunteer Training သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ ၁း၀၀ နာရီတွင် ထိုင်း-မြန်မာနယ်စပ် မယ်တော်
ဆေးခန်း၌ ကျင်းပသည်။

“လူထုအကျိုးပြု ကျန်းမာရေးလုပ်ငန်းဆောင်ရွက်ကြမယ့် သင်တန်းသားတွေအနေနဲ့က ရိုးသား ကြိုးစားဖို့လိုတယ်။ ကိုယ့်အလုပ်က သူများအသက်ကို ကိုင်ထားတဲ့အလုပ်ဖြစ်တယ်။ ဆိုတော့
အရင် (၉) တန်း (၁၀) တန်းကျောင်းသားတွေလို ရတဲ့ဟာရ၊ မရတဲ့ဟာမရ၊ ကျော်လိုက်မယ်ဆိုတဲ့ ဟာမျိုးတော့ မဖြစ်ဘူး” ဟု သင်တန်းနည်းပြ ဒေါက်တာရှီးရှိုက သင်တန်းအဖွင့်မိန့်ခွန်းတွင်ပြော ကြားသည်။

သင်တန်းသို့ မယ်တော်ဆေးခန်း၊ ကရင်၊ ကချင်၊ ရခိုင်၊ ပလောင်၊ ရှမ်း၊ မွန်၊ ကရင်နီ၊ ပအိုဝ့်နှင့် ဒုက္ခသည်စခန်းများ အပါအ၀င် အခြားအဖွဲ့အစည်းအသီးသီးမှ သင်တန်းသား (၉၁) ဦး တက်ရောက်သည်။

Nursing Care Training သင်တန်းကာလမှာ (၆) လဖြစ်ပြီး သင်တန်းပြီးလျှင် လက်တွေ့သင်တန်း (၆) လ ထပ်ဆင်းရမည်ဖြစ်ပြီး  ၎င်းတို့အထဲမှ အရည်အချင်းပြည့်မီသူများသည် ဆေးမှူးသင်တန်း သို့မဟုတ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး (၆) လ သင်တန်းဆက်တက်ခွင့်ရမည်ဖြစ်သည်။

ပလောင်ဒေသမှ Nursing Care Training သင်တန်းတက်ရောက်သူတဦးက “သင်တန်းပြီးရင် ကျမတို့ဒေသမှာ အဓိကလိုအပ်နေတဲ့ မိခင်နဲ့ကလေးကျန်းမာရေး၊ သားဖွားမီးယပ်ကိစ္စနဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကျမတို့ဒေသမှာ ပြန်လုပ်မယ်။ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဆင့်ပွားသင်တန်းတွေကိုလည်း ပြန်ပေးမှာဖြစ်တယ်” ဟု ပြောသည်။

Community Health Volunteer Training သင်တန်းမှာ (၃) လကြာမြင့်မည်ဖြစ်ပြီး သက်ဆိုင်ရာ ဌာနအသီးသီးတွင် ပြန်လည်တာဝန်ထမ်းဆောင်ရမည့် သင်တန်းသားများအနေဖြင့် ကျန်းမာရေး
အသိ ပိုမိုရရှိစေပြီး လုပ်ငန်းခွင်အတွင်း ဆက်စပ်မှုရှိရှိဖြင့် လုပ်ဆောင်နိုင်ရန်ရည်ရွယ်သည်ဟု ဒေါက်တာရှီးရှိုက ပြောသည်။

ဖာပွန်ဒေသမှ သင်တန်းသားတဦးက “ကျနော်ကတော့ ဆေးသင်တန်းနဲ့စာရင် Community Health Volunteer Training သင်တန်းကိုပဲ တမင်ရွေးပြီးတက်တယ်။ လူအများစုမြင်တာက ဆေးကုတာပဲ ကောင်းတယ် ကျန်တဲ့ရုံးလုပ်ငန်း၊ မှတ်တမ်းဌာန၊ သန့်ရှင်းရေးဌာန၊ စားဖိုဌာန၊ လူမှုဆက်ဆံရေးဌာန၊ ဒီအလုပ်တွေကိုကျတော့ ဂုဏ်မရှိဘူးလို့ထင်ကြတယ်၊ ကျနော်ကတော့ သန့်ရှင်းရေးပဲဖြစ်ဖြစ်။ ထမင်းချက်ပဲဖြစ်ဖြစ် အားလုံးဟာ လူထုအကျိုးပြုလုပ်ငန်းဖြစ်လို့ သင်တန်းပြီးရင် ကျရာတာဝန်ကို နေရာဒေသမရွေး ထမ်းဆောင်ဖို့အတွက် ဒီသင်တန်းကို လာတက်တာ” ဟုပြောသည်။

ယခုဖွင့်လှစ်သည့်ု Nursing Care Training မှာ (၄) ကြိမ်မြောက်ဖြစ်ပြီး Community Health Volunteer Training မှာ (၅) ကြိမ်မြောက်ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းကို ၁၉၈၉ ခု ဖေဖော်ဝါရီတွင် စတင်တည် ထောင်ပြီး အဆောက်အဦတခု၊ ၀န်ထမ်း (၆) ဦးဖြင့် စတင်ခဲ့သည်။ ယခုလက်ရှိမယ်တော်ဆေးခန်း၌ အတွင်းလူနာကုတင် (၁၂၀) ရှိပြီး ပြင်ပလူနာ (၃၀၀) ခန့်ကို နေ့စဉ် ကျန်းမာရေးဝန်ဆောင်ပေး လျက်ရှိသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook