ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
  ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားမှု
နအဖ၀န်ကြီး ကာကွယ်ပြောကြား

DPA / ၂၉ မေ ၂၀၀၇
line
  nyanwin
ASEM အစည်းအဝေးတက်ရန် ဂျာမနီရောက်နေသည့်
ဦးဥာဏ်ဝင်း

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ် ချုပ်သက်တမ်း (၁) နှစ်ထပ်တိုး လိုက်ခြင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကာကွယ်ပြောကြားလိုက်ပြီး ဆက်လက်ထိန်းသိမ်းထားရန် အလွန်ခက်ခက်ခဲခဲဖြင့် ဆုံးဖြတ်
ချက်ချခဲ့ရခြင်းဖြစ်သည်ဟုပြောသည်။

အာရှ-ဥရောပ (ASEM) အစည်းအဝေး တက်ရောက်ရန် ဂျာမနီ
နိုင်ငံ ဟမ်းဘတ်မြို့၌ ရောက်ရှိနေသည့် ဦးဥာဏ်ဝင်းက ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာရိုအာဆိုနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြား ခြင်းဖြစ်သည်။

 

မြန်မာစစ်အစိုးရသည် တဖက်က နိုင်ငံရေးတည်ငြိမ်မှုအတွက် စိုးရိမ်နေရပြီး တဖက်က နိုင်ငံတကာ အသိုင်းအ၀န်း၏ ငြိုငြင်သောတုံ့ပြန်မှုအတွက် ပူပန်နေရကြောင်း  ဦးဥာဏ်ဝင်းက ရှင်းပြသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မြန်မာနိုင်ငံသည် ဆင်းရဲတွင်းမှရုန်းထွက်ရန်အတွက် တည်ငြိမ်သည့်အခြေအနေများကို ဖန်တီး နိုင်ပါက လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နိုင်လိမ့်မည်ဟု မစ္စတာအာဆိုက တုံ့ပြန်ပြော ကြားခဲ့သည်။

ထို့အပြင် မြန်မာစစ်အစိုးရ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်း စဉ်ကို အချိန်ဇယားသတ်မှတ်ရန်လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာကို တောင်းဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်မှာ မေ (၂၇) ရက်တွင် (၄) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း ပြန်လွှတ်မပေးသည့်အပြင် ပြီးခဲ့သည့်သောကြာနေ့က နောက်ထပ်တနှစ် ထပ်မံသက်တမ်းတိုးလိုက်သည်။     ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook