ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
  လေကြောင်းဝန်ဆောင်မှုများအပေါ် တင်းကြပ်မှု
မဲခေါင်ဒေသတွင်းနိုင်ငံများက လျှော့ပေါ့မည်

Travelmole / ၁၇ မေ ၂၀၀၇
line
 

ကမ္ဘောဒီးယား၊ လော၊ မြန်မာနှင့် ဗီယက်နမ်တို့ပါဝင်သည့် မဲခေါင်ဒေသတွင်း လေးနိုင်ငံကြား လေ ကြောင်းလိုင်း ၀န်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန် သဘောတူညီလိုက်ကြောင်း ဗီယက်နမ်တိုင်းမ်သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့်သီတင်းပတ် ဒေသတွင်းလေကြောင်းဆက်သွယ်ရေး ညွှန်ချုပ်များ အစည်းဝေးအပြီးတွင် ဤသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်ကဲ့သို့ လေယာဉ် ခေါက်ရေအကန့်အသတ်နှင့် ခရီးသည်ခွဲတမ်းပေါ် မူတည်သော တပြေးညီ ကန့်သတ်ချက်များဖြင့် မဟုတ်တော့ဘဲ လေးနိုင်ငံမှ နိုင်ငံသားများကို ခရီးသွားအထူးအခွင့်အရေး
များပေးမည်ဟု လောနိုင်ငံ လေကြောင်းဆက်သွယ်ရေးဌာန ညွှန်ချုပ် Yakua Lopangkao က ပြောသည်။

လေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများအား လွတ်လပ်ခွင့်များ ယခင်ထက်ပိုပေးမည်ဟု Yakua က ပြောသည်။ ထိုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် နောက်ဆုံးပေါ် နည်းပညာများသုံးပြီး လက်မှတ်ရောင်းခြင်း၊ လေယာဉ် ပြုပြင်ထိန်းသိမ်းခြင်း စသည်တို့ပါဝင်သည်။

ဤသို့သောဝန်ဆောင်မှုများကို ယခင်က ဒေသတွင်းရင်းနှီးမြှုပ်နှံသူများကိုသာ လုပ်ခွင့်ပေးခဲ့သော် လည်း ယခုအခါ အခြား မဲခေါင်ဒေသခွဲနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများကိုလည်း တံခါးဖွင့်ပေးမည်ဟု ဆိုသည်။

၎င်းတို့လေးနိုင်ငံသည် နိုင်ငံတကာအဆင့်မီရန် ပို့ဆောင်ရေးဝန်ဆောင်မှု တိုးမြှင့်လုပ်ဆောင်နေ ကြောင်း၊ ယခု သဘောတူညီချက်ကြောင့် အချင်းချင်းယှဉ်ပြိုင်နိုင်ရုံမက ထိုင်းနှင့် စင်ကာပူ စသည့် အာဆီယံနိုင်ငံများကိုပါ ယှဉ်ပြိုင်နိုင်မည်ဟု Yakua ကပြောသည်။

ဤသဘောတူညီချက်ကြောင့် လေးနိုင်ငံအကြား ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နိုင်မည်ဖြစ်ပြီး လေးနိုင်ငံကြား လုပ် ငန်းရှင်များ ပိုမိုလွယ်ကူစွာ ခရီးသွားနိုင်မည်ဖြစ်၍ စီးပွားရေးလုပ်ငန်းကဏ္ဍကို အထူးအကျိုးရှိစေ မည်ဟု Yakua က ပြောသည်။

၎င်းက “ကျနော်တို့အနေနဲ့ တဖွဲ့တည်းဖြစ်အောင်လုပ်ဖို့အတွက် အချိန်တွေလိုပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒေသတွင်းနိုင်ငံတွေနဲ့ ကျနော်တို့ ပွင့်ပွင့်လင်းလင်း မယှဉ်ပြိုင်နိုင်သေးလို့ပါပဲ။ အကယ်
၍ ကျနော်တို့ တဦးနဲ့တဦးပြိုင်ဆိုင်မှုနဲ့ စတင်လိုက်မယ်ဆိုရင် ဒါဟာ အကျိုးပိုမိုဖြစ်ထွန်းစေပါတယ်” ဟုပြောသည်။

မဲခေါင်ဒေသ အဖွဲ့ဝင် လေးနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် အချိတ်အဆက်မမိသေးမီ ကြားကာ
လ၌ ကျင့်သားရရန်အတွက် အချိန်ပေးရန် ကျန်အာဆီယံနိုင်ငံများကို တောင်းဆိုထားကြောင်း၊ သို့မှသာ ၎င်းတို့၏ သေးငယ်သည့် ဈေးကွက်အပေါ် ဖိအားသက်ရောက်မှု နည်းနိုင်သမျှ နည်းမည် ဖြစ်ကြောင်း ၎င်းကပြောသည်။     ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook