ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / မတ်လ(၂၀) ရက်၊ ၂၀၀၉
line

 

နာဂစ်ကြောင့် ပုသိမ်မြို့အနီးက သမီးလှကျွန်း ကျောက်ဆောင်ပေါ်တွင် ကိုယ်ထည်အားလုံးတင်နေခဲ့သော ဂျပန် ECM ကုမ္ပဏီပိုင် သင်္ဘောကို ကြယ်ငါးပွင့်က အလကားရခဲ့ကြောင်း ကြယ်ငါးပွင့် အရာထမ်းတဦးက ပြောသည်။

သင်္ဘော၏ တန်ချိန်မှာ (၉,၈၀၁) တန်ရှိပြီး ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းတွင် အသုံးချမည်ဖြစ်ကြောင်း သိရသည်။

“ကျောက်ဆောင်ပေါ်ကို တင်သွားပြီးတဲ့နောက် ဂျပန်ကုမ္ပဏီက လာပြီး စစ်ဆေးတယ်၊ နောက်ပြီး စွန့်လွှတ်လိုက် တယ်ပေါ့။ ဒါနဲ့ ကြယ်ငါးပွင့်ကို လွှဲခဲ့တာပါ” ဟု ၎င်းအရာထမ်းက ပြောသည်။

ယခုကာလပေါက်ဈေးဖြင့် တွက်ချက်ပါက သင်္ဘောတန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၁၀) သန်းနှင့် (၁၂) သန်းကြား ရှိမည်ဟု ရေကြောင်း အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းသင်္ဘောကို ရန်ကုန်ဆင်မလိုက် သင်္ဘောကျင်းတွင် ဒေါက်တင်၍ ပြုပြင်မည်ဖြစ်ကြောင်း၊ ယင်းသင်္ဘောပြင်ဆင် ပြီးလျှင် ပြည်ပလိုင်းကို ပြေးဆွဲမည်ဟုဆိုသည်။ အဆိုပါသင်္ဘောကို ၁၉၉၁ ခုနှစ် မေလတွင် ဂျပန်ကုမ္ပဏီက စတင်အသုံးပြုခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများကို ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်္ဘောတွင် မော်တော်ကားများနှင့် အထွေထွေကုန်တင်နိုင်ကြောင်း သိရသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook