ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ဆန်ဈေးမြင့်တက်မှုကြောင့် ထိုင်းတွင် ဆန်ပြတ်လပ်မှု ကြုံတွေ့နိုင်
Bangkok Post / AP ၂၈ မတ် ၂၀၀၈ 
line

 

ဆန်ဈေးများ ထိုးတက်သွားမှုကြောင့် ပြည်ပသို့ ဆန်တင်ပို့နေသူများက ၎င်းတို့၏ပြည်ပပို့အားကို ပိုမိုတိုးမြှင့်နေသဖြင့် ပြည်တွင်း၌ ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း ထိုင်းနိုင်ငံဆန်ဌာန မှ အထွေထွေမန်နေဂျာ ပရာဆတ်ကိုဆာဝိက ပြောသည်။

“ပြည်တွင်းဈေးကွက်ထဲမှာ ဆန်ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရဖို့ ဖြစ်နိုင်ချေအတော်များနေပါတယ်” ဟု မစ္စတာပရာဆတ်က ယမန်နေ့က ထုတ်ဖော်သတိပေးခဲ့သည်။

ဆန်ဈေးများ ဆက်တက်နေပါက ဆန်ပြတ်လပ်သွားမည်ကို စိုးရိမ်ရပြီး ယခုနှစ်ဒုတိယခြောက်လ ပတ်အတွင်း ထိုင်းမှပြည်ပတင်ပို့မည့်ဆန်ပမာဏကို ထိန်းညှိရမည့်အနေအထားသို့ရောက်ရှိသွား နိုင်သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏စီမံခန့်ခွဲမှုအောက်တွင်ရှိသော သိုလှောင်ဆန်အရေအတွက် မှာ တန်ချိန် (၂) သန်း ကျော်ရှိပြီး ယင်းအရေအတွက်သည် ပြည်တွင်းဈေးကွက် ဆန်ပြတ်လပ်မှု (၃) လစာခန့်အတွက်သာ ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း မစ္စတာပရာဆတ်က ပြောသည်။

သိုလှောင်ဆန် အသုံးပြုမှုပိုများလာပြီး ပြတ်လပ်မှုပိုမိုဆိုးရွားလာမည်ဆိုပါက မျိုးစပ်စပါးများကို စိုက်ပျိုးရန် လယ်သမားများအား ဆန်ဌာနအနေဖြင့် အားပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြော သည်။ မျိုးစပ်စပါးစိုက်ပျိုးချိန်သည် စုစုပေါင်း (၁၁၀) ရက်သာကြာမည်ဖြစ်သည်။

ဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ ချွတ်ကီရတ်ကလည်း ယခုနှစ် ဒုတိယခြောက်လပတ်မှစ၍ ကမ္ဘာ့ ဈေးကွက်အတွင်း ဆန်ဈေးနှင့်အတူ ဆန်လိုအပ်မှုလည်း မြင့်တက်လာမည်ဟု ပြောသည်။

ပြည်ပဈေးကွက်များသို့ပြိုင်ဆိုင်တင်ပို့ခြင်းသည် ဆန်ပြတ်လပ်မှု၏အဓိကအကြောင်းရင်း ဖြစ်လာ နိုင်ကြောင်း၊ သို့သော် အစိုးရက သိုလှောင်ထားသောဆန်အရေအတွက် တန်ချိန် (၂) သန်းကျော် သည် ဆန်သစ်ပေါ်ချိန်မတိုင်မီ (၃-၄) လအတွင်း ဆန်ပြတ်လပ်မှုကို ကာကွယ်နိုင်ရန် လုံလောက် မည်ဟု ယုံကြည်ကြောင်း မစ္စတာချွတ်ကီရတ်က ပြောသည်။

ပြည်ပသို့ တနှစ်လျင် ဆန်တန်ချိန် (၉) သန်းထက် ကျော်လွန်ပို့ဆောင်ပါက ထိုင်းနိုင်ငံအနေဖြင့် အခက်အခဲဖြစ်နိုင်ကြောင်း၊ ပြီးခဲ့သော (၅)လကျော်တွင် ထိုင်းနိုင်ငံကပြည်ပသို့ (၁) လလျှင် ဆန် တန်ချိန် (၁) သန်းကျော်တင်ပို့ခဲ့ကြောင်း၊ အဆိုပါနှုန်းအတိုင်းဆက်လက်တင်ပို့နေပါက ဆန်ပြတ် လပ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အစိုးရအနေဖြင့် ဆန်တင်ပို့မှုပမာဏ အနိမ့်ဆုံးနှုန်းကို သတ်မှတ်ပေးပြီး အလွန်အကျွံတင်ပို့နေမှု များကို ကာကွယ်သင့် ကြောင်းလည်း ၎င်းက အကြံပြုသည်။

ဆန်ပြတ်လပ်သွားမည်ကိုစိုးရိမ်နေသော အရှေ့တောင်အာရှနိုင်ငံများထဲတွင် ဖိလစ်ပိုင်နှင့်ကမ္ဘော ဒီးယားနိုင်ငံတို့လည်းပါဝင်သည်။ ကမ္ဘောဒီးယားအစိုးရကဆန်ပြည်ပပို့မှုအား ယခုလ (၂၆)ရက်၌ တားမြစ်ခဲ့ပြီးနောက် နိုင်ငံသားများအား ဆန်နှင့် အစားအစာများအား သိုလှောင်ခြင်း မပြုကြဘဲ တည်ငြိမ်မှုရှိကြရန် ယမန်နေ့က တောင်းဆိုခဲ့သည်။

ဖိလစ်ပိုင်အစိုးရက ၎င်းတို့နိုင်ငံအနေဖြင့် မကြာမီလများအတွင်း ရင်ဆိုင်ရဖွယ်ရှိသော ဆန်ပြတ် လပ်မှုပြဿနာကို ဖြေရှင်းနိုင်ရန် ယခုနှစ်အတွက် ဆန်တန်ချိန် (၁.၅) သန်းဝယ်ယူရန် ဗီယက်နမ် နိုင်ငံနှင့် သဘောတူညီမှုရရှိခဲ့သည်။

ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့က ပြည်ပဆန်တင်ပို့မှုပမာဏကို လျှော့ချခဲ့ပြီး အိန္ဒိယနိုင်ငံကလည်း ပြည်ပဆန်တင်ပို့မှုကို  တားမြစ်ခဲ့သည်။

ပြီးခဲ့သည့် (၂) လအတွင်း ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်း (၅၀) ရာခိုင်နှုန်း ထိုးတက်သွားပြီး ၂၀၀၄ ခုနှစ် ဈေးနှုန်းထက်နှစ်ဆတက်လာခြင်းဖြစ်သည်။ ယခုကဲ့သို့ ဆန်ဈေးများတက်လာရခြင်း မှာ လောင်ဆာဆီနှင့် မြေသြဇာ ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ ပိုးကျခြင်းနှင့် ရာသီဥတု အပြောင်းအလဲများကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။       ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook