ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ပါကစ္စတန်တွင် ဗုံးပေါက်ကွဲမှုကြောင့် လူ (၁၅) ဦးထက်မနည်း သေဆုံး
BBC / ၁၁ မတ် ၂၀၀၈
line

  bomb
 

ပါကစ္စတန်နိုင်ငံအရှေ့ဘက် ပန်ဂျတ်ပြည်နယ် မြို့တော်လာဟိုး၌ ဗုံးနှစ်လုံး ယနေ့ ပေါက်ကွဲခဲ့
သဖြင့် လူအနည်းဆုံး (၁၅) ဦး သေဆုံးခဲ့ကြောင်း ရဲများက ပြောသည်။

ဒေသစံချိန် နံနက် (၉) နာရီကျော်တွင် ဖက်ဒရယ်စုံစမ်းစစ်ဆေးမှု အေဂျင်စီ (အက်ဖ်အိုင်အေ)
ရုံး၌ ဖြစ်ပွားခဲ့သော ပထမဗုံးပေါက်ကွဲမှုတွင် သေဆုံးသူများကြောင်း သိရသည်။

ဒုတိယဗုံးပေါက်ကွဲမှုသည် လာဟိုးမြို့ရှိ အရပ်သားများနေထိုင်ရာ နယ်မြေအတွင်း ဖြစ်ပွားခဲ့ပြီး ကလေး (၂) ဦးသေဆုံးခဲ့ကြောင်း ရဲများက ပြောသည်။

အက်ဖ်အိုင်အေရုံးအနီး ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦ၊ မီးလောင်သည့် ကားများနှင့် အမြစ်မှကျွတ်ထွက်သွားသည့် သစ်ပင်များ၏ ရုပ်ပုံများကို အစိုးရပိုင်ရုပ်သံမှ ပြသ ခဲ့သည်။

အက်ဖ်အိုင်အေရုံး၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် အဆောက်အဦအတွင်းရှိ ဓာတ်လှေခါး အနီးထောင်ထားသော ဗုံးကြောင့်ဖြစ်ကြောင်း အက်ဖ်အိုင်အေမှ တာဝန်ရှိသူတဦးဖြစ်သည့် မီယာဇာမိုဟမ်းမက်က သတင်းထောက်များကို ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားစဉ်၌ အဆိုပါ အဆောက်အဦအတွင်း၌ တာဝန်ထမ်းဆောင်နေသူ လူ (၂၀၀) ကျော်ရှိသဖြင့် သေဆုံးသူဦးရေ ပိုမိုတိုးလာနိုင်ကြောင်း အစ္စလာမ္မာဘတ်ရှိ ဘီဘီစီသတင်း ထောက်က ပြောသည်။

ဒုတိယ ပေါက်ကွဲမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပေ။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း အဆိုပါမြို့ရှိ ရေတပ်ကောလိပ်တွင် ဖြစ်ပေါ်ခဲ့သော အသေခံ ဗုံးခွဲမှုကြောင့် လူ (၄) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၄) ဦး ဒဏ်ရာရခဲ့သည်။

ပါကစ္စတန်အစိုးရသည် အဓိကမြို့များနှင့် နိုင်ငံမြောက်ပိုင်းခရိုင်များတွင် အစ္စလမ်စစ်သွေးကြွ များအား နှိမ်နင်းတိုက်ခိုက်နေပြီး ဗုံးဖောက်ခွဲတိုက်ခိုက်သူများက  စစ်တပ်ကို အဓိကပစ်မှတ်
အဖြစ် မကြာခဏ တိုက်ခိုက်ကြသည်။       ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook