ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 


မင်းနိုင်သူ / ၃ ဇွန် ၂၀၀၉

line

 

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေများ ပယ်ချခံထားရသည့်အတွက် ရန်ကုန်တိုင်းတရားရုံးထံ ပြင်ဆင်မှု တင်ပြလျှောက်ထားရာ တိုင်းတရားရုံးက လာမည့်သောကြာနေ့တွင် နှစ်ဘက်လျှောက်လဲချက်ပေးရန် ချိန်းဆိုလိုက် သဖြင့် အင်းစိန်အထူးတရားရုံးတွင် အပြီးသတ်လျှောက်လဲချက်ပေးရန် ရက်ရွှေ့ဆိုင်းရလိမ့်မည်ဖြစ်ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

“ဒီနေ့ ဦးဉာဏ်ဝင်း ရန်ကုန်တိုင်းတရားရုံးမှာ လျှောက်လဲခွင့်ရတယ်။ တရားရုံးက လက်ခံလိုက်တယ်တဲ့။ နှစ်ဘက်ရှေ့နေတွေ လာမယ့်သောကြာနေ့မှာ အပြန်အလှန်လျှောက်လဲကြဖို့ ချိန်းဆိုလိုက်တယ်။ အဲဒီတော့ အင်းစိန်အထူးတရားရုံးက အပြီးသတ်လျှောက်လဲချက်ပေးဖို့ ရုံးချိန်းက နောက်ဆုတ်သွားရတော့မယ်” ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေများ ပယ်ချခံထားရမှု ပြန်လည်သုံးသပ်ပေးရန် ရန်ကုန်တိုင်း တရားရုံးသို့ ယမန်နေ့က တင်ပြခဲ့ခြင်းဖြစ်သည်။

ယနေ့ ရန်ကုန်တိုင်းတရားရုံးက ဦးဉာဏ်ဝင်း၏ လျှောက်လဲချက်ကို လက်ခံခဲ့ပြီး ဇွန်လ (၅) ရက်နေ့ ညနေ (၃) နာရီခွဲတွင် နှစ်ဘက်ရှေ့နေများ လျှောက်လဲချက်ပေးရန် ချိန်းဆိုလိုက်သည်။

ထိုကဲ့သို့ ချိန်းဆိုလိုက်ခြင်းသည် အင်းစိန်အထူးတရားရုံးက အပြီးသတ်လျှောက်လဲချက်ပေးရန် ချိန်းဆိုထားခြင်းနှင့် တိုက်ဆိုင်နေမှုအပေါ် ရှေ့နေကြီး ဦးကြည်ဝင်းက “ရန်ကုန်တိုင်းတရားရုံးက အင်းစိန်ရုံးကို အမှုတွဲတောင်းပါလိမ့် မယ်။ ဒါကလည်း အယူခံမှု၊ ပြင်ဆင်မှုတွေမှာ အထက်ရုံးက အမှုတွဲလှမ်းတောင်းရင် အောက်ရုံးက ပေးကြရပါတယ်။ ဆိုတော့ (၅) ရက်နေ့မှာ အင်းစိန်ရုံးမှာ အမှုတွဲမရှိတော့ဘူး။ သူတို့မှာ borrow file ပဲ ကျန်နေမယ်။ အဲဒီတော့ အင်းစိန်တရားရုံးက အဲဒီနေ့ကျမှ အမှုကို ဘယ်နေ့ပြန်ချိန်းမယ်ဆိုတာ ပြောပါလိမ့်မယ်။ ကျနော်တို့ကတော့ သောကြာနေ့ မနက်မှာလည်း အင်းစိန်တရားရုံးကို သွားကြရဦးမှာပါ။ ညနေကျမှ ရန်ကုန်တိုင်းတရားရုံးမှာ ပြင်ဆင်မှုအတွက် လျှောက်လဲချက်ပေးရမယ်” ဟု ရှင်းလင်းပြောဆိုသည်။

လာမည့်သောကြာနေ့တွင် အင်းစိန်ထောင်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်မည်ဖြစ်သော် လည်း အမှုဆက်လက် ကြားနာမည်မဟုတ်ဘဲ ရုံးချိန်းပြောင်းရွှေ့ခြင်းကိုသာ ကြေညာလိမ့်မည်ဖြစ်ကြောင်း သိရသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo