ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


ဝီရ/ ၁၈ ဇွန် ၂၀၀၉

line

 

မြန်မာစစ်အစိုးရက ဆန္ဒပြပွဲနှင့် ဆက်နွှယ်သည့် နိုင်ငံတကာသတင်းများအား ထုတ်လွှင့်ပေးနေသည့် ရုပ်သံလိုင်းကို ပြည်တွင်းတွင် ကြည့်မရအောင် ယမန်နေ့က စတင် ပိတ်ပင်လိုက်သည်။

Family Entertainment မှ ထုတ်လွှင့်ပေးနေသော နိုင်ငံတကာ ရုပ်သံလိုင်းအစီအစဉ် လိုင်း (၂၀) အနက် အီရန်နိုင်ငံ ရွေးကောက်ပွဲ ရလဒ်အား မကျေနပ်ကြသဖြင့် ပြည်သူလူထုက ဆန္ဒပြသည့်အစီအစဉ်အား နေ့စဉ် ထုတ်လွှင့်နေသည့် စီအန်အန် (CNN) ရုပ်သံလိုင်းကို ပိတ်ပစ်လိုက်ခြင်း ဖြစ်ကြောင်း ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်တစောင်မှ နိုင်ငံတကာ သတင်းထောက်တဦးက ပြောသည်။

အဆိုပါ Family Entertainment သည် တနှစ်စာအတွက် ကျပ်ငွေ (၃) သိန်းဝန်းကျင် အခွန်ဆောင်ပြီးမှ ကြည့်ရှုရပြီး မြန်မာစစ်အစိုးရနှင့် နီးစပ်သည့် Foverer Group ကုမ္ပဏီက ပိုင်ဆိုင်သည်။

“အခု ဘယ်လိုမှ ကြည့်လို့မရတော့ဘူး။ ရေဒီယိုနဲ့ အင်တာနက်ကိုကပဲ အားကိုးရတော့မှာပေါ့။ အဲဒီဖမ်းစက်က အားကစား၊ ဖျော်ဖြေရေးလွှင့်တဲ့ အခြားလိုင်းတွေ အားလုံးကိုတော့ ကြည့်လို့ရတယ်။ ဖြစ်တာက တီဟီရန်မှာ ဖြစ်တဲ့ ကိစ္စကြောင့်လို့ပဲ ကျနော်တို့ သတင်းသမားတွေ ယူဆကြတယ်။ အဲဒီ (အီရန်) ဆန္ဒပြတဲ့အကြောင်းကို ရေးလိုက်ရင် လည်း စိစစ်ရေးက ချတော့မှ မဟုတ်ဘူး။ ဒီအီရန်တွေရဲ့ လတ်တလော အကြောင်းကို ဂျာနယ်တွေမှာ ထည့်ခိုင်းမှာ မဟုတ်ဘူး။ ဒီနေ့သတင်းစာကိုပဲ ကြည့်ပါလား။ ကြေးမုံရဲ့ နိုင်ငံတကာသတင်းမှာ ရေးထားတာက နိုင်ငံတကာ ကိုတောင် ရှက်စရာ ကောင်းနေပြီ” ဟု အဆိုပါသတင်းသမားက ပြောသည်။

ဇွန်လ (၁၈) ရက်၊ ယနေ့ထုတ် ကြေးမုံသတင်းစာ၏ နိုင်ငံတကာသတင်းတွင် “အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် အစိုးရကို ထောက်ခံသူများ ဆန္ဒပြနေကြသည်ကို ဇွန် (၁၂) ရက်က တွေ့ရစဉ်” ဟု ပုံနှင့်တကွ ဖော်ပြထားပြီး ၎င်း၏အောက်ဘက်တွင် “ရွေးကောက်ပွဲရလဒ် စွက်ဖက်မှုကို မကျေနပ်၊ အီရန်နိုင်ငံတွင် အနောက်အုပ်စုကို ဆန္ဒပြ” ဟူသော ခေါင်းစဉ်ဖြင့် သတင်းတပုဒ်ပါရှိပြီး အီရန်အစိုးရက ကျောင်းသားနှင့် ပြည်သူတို့အား ပစ်ခတ်သတ်ဖြတ် သည့်သတင်းအား ထိန်ချန်ထားသည်။

အများပြည်သူကို ခြိမ်းခြောက်ရန်နှင့် ပြည်ပမှ နည်းအမျိုးမျိုးဖြင့် သတင်းအချက်အလက် စီးဆင်းနေမှုကို ထိန်းချုပ်ထားနိုင်ရန်အတွက် ပြည်ပအခြေစိုက် မြန်မာအသံလွှင့်ဌာနများ နားထောင်သူတို့ကို စစ်အစိုးရ အာဏာပိုင်တို့က သတိပေးမှုများ ရှိသည်ဟု မြန်မာ့သတင်းသမဂ္ဂ အတွင်းရေးမှူး ကိုစံမိုးဝေက ပြောသည်။

၎င်းက “အခု မြန်မာပြည်မှာ ရေဒီယိုတွေ အခွန်ဆောင်ကြဖို့ ဌာနဆိုင်ရာက နှိုးဆော်စာတွေ ထုတ်ပြန်နေတယ်။ တချို့နေရာ၊ တချို့ရပ်ကွက်က ရေဒီယိုနားထောင်တဲ့သူတွေ၊ နိုင်ငံရေး ပြောင်းလဲမှုကို လိုလားတဲ့သူတွေကို သတိပေးခြိမ်းခြောက်တာတွေ ရှိတယ်။ ရှင်းရှင်းပြောရရင် သူတို့အမြင်ကတ်တဲ့သူတွေကိုပေါ့။ ဒါပေမယ့် ဒါက ဒီခေတ်မှာ တားဆီးလို့ရတဲ့အရာတွေမှ မဟုတ်တော့တာဘဲ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြည်ပမှ ထုတ်လွှင့်နေသော Short Wave ရေဒီယိုများကို နားဆင်ရန် တရုတ်လုပ် ရေဒီယိုအသေးစားလေးများကို ဈေးနှုန်းချိုသာစွာဖြင့် မြန်မာပြည်တွင်း၌ ဝယ်ယူနားဆင်နိုင်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook