ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / ၁၈ ဇွန် ၂၀၀၉

line

 

မန္တလေးမြို့(နန်းမြို့)၊ အမှတ် (၁၈) တပ်မတော် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားတဦးလျှင် ငွေကျပ် (၅) သိန်း ပေးရကြောင်း မန္တလေးမြို့ခံများက ပြောသည်။

ယင်းကျောင်းတွင် ကျောင်းတက်ရန်မလိုဘဲ စာမေးပွဲဝင်ဖြေနိုင်ပြီး စာမေးပွဲဖြေဆိုသော ကျောင်းသားများအတွက် စာမေးပွဲဖြေဆိုရာတွင် အခက်အခဲမရှိ ဖြေဆိုနိုင်သောကြောင့် ငွေပေးရသော်လည်း ကျောင်းအပ်သူ များကြောင်း ထိုကျောင်းတွင် ကျောင်းအပ်ဖူးသော ကျောင်းသားမိဘတဦးက ပြောသည်။

“(၅) သိန်း ဆိုလည်း ပေးလိုက်တာပဲ။ ဘာလို့လဲဆိုတော့ အဲဒီကျောင်းက စစ်တပ်က ကျောင်းလေ။ ဒီတော့ စာမေးပွဲ စစ်တဲ့အခါ ဆရာမတွေက တင်းကျပ်တဲ့ စည်းကမ်းတွေ မထားတော့ဘူး။ ငွေကြေးတတ်နိုင်တဲ့ ကျောင်းသား
မိဘတွေအနေနဲ့ကတော့ ငွေ (၅) သိန်းကို ပေးတာပေါ့။ ဂုဏ်ထူးတွေပါအောင်ထိ အဲဒီကျောင်းမှာ စာမေးပွဲဖြေရတာ လွတ်လပ်တယ်လေ” ဟု မန္တလေးမြို့ နန်းရှေ့အနီး နေသူတဦးက ပြောသည်။

အဆိုပါကျောင်းတွင် ကျောင်းအပ်ထားသူများသည် မိမိသင်လိုသောနေရာတွင် သွားရောက် သင်ကြားနိုင်ပြီး စာမေးပွဲ ဖြေဆိုရန်အတွက်သာ သီးသန့် ကျောင်းအပ်နှံကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“ဘယ်လို ကျုရှင်ဝိုင်းမှာပဲဖြစ်ဖြစ်၊ ဘယ်လို ဘော်ဒါဆောင်မှာပဲဖြစ်ဖြစ် သွားတက်နိုင်တယ်။ ဒီကျောင်းမှာ ကျောင်း စာရင်းဝင်ရင် ပြီးရော၊ ဘာလို့ လူတွေက အဲဒီလို လုပ်လာကြလဲဆိုရင် သားသမီးတွေကို ဂုဏ်ထူးတွေ ပါစေချင် တယ်။ ပြီးတော့ တပ်က ဗိုလ်မှူးကြီးတွေ၊ စစ်ဗိုလ်ကြီးတွေရဲ့ သားသမီးတွေပဲ၊ အဲဒီကျောင်းမှာ တက်ကြတာဖြစ်လို့ 
တချို့က အဲဒါကို အခွင့်အရေးယူပြီး ကျောင်းအပ်ထားကြတာဖြစ်တယ်” ဟု မန္တလေးမြို့မှ ၀ါရင့် သတင်းသမား တဦးက ပြောသည်။

ယခင်နှစ်များက ကျောင်းသားတဦးလျှင် ကျောင်းအပ်ခ ကျပ် (၂) သိန်း၊ (၃) သိန်းအသီးသီးရှိခဲ့ပြီး၊ ယခုနှစ်တွင် ကျောင်းအပ်ခနှုန်းထားမှာ (၅) သိန်းထိ တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။

မန္တလေးမှ သာမန်တပ်သားတဦးက “ဒီမြို့က ပိုက်ဆံရှိတဲ့ လူကုံထံတွေ တော်တော်များများက ဒီကျောင်းမှာပဲ ကျောင်းလာအပ်ကြတယ်။ ဒီကျောင်းဟာ အမှန်တော့ တပ်မိသားစုရဲ့ သားသမီးတွေအတွက် သီးသန့်ထားတဲ့ ကျောင်းပါ။ စစ်တပ်ဆိုတာမှာ အလွှာက (၂) မျိုးပဲ ရှိတယ်လေ။ အာဏာမြင့်တဲ့ အလွှာနဲ့ တပ်သားအဆင့်တွေရဲ့ အလွှာပေါ့၊ တပ်သားတွေရဲ့ လစာက သားသမီးတွေကို ကျောင်းစရိတ်ထောက်ပံ့ပေးဖို့ဆိုတာ မလွယ်တဲ့ ဘ၀ပါ” ဟု ပြောသည်။

အဆိုပါကျောင်းတွင် ဆရာ၊ ဆရာမပေါင်း (၂၀) ကျော်ခန့်ရှိပြီး ကျောင်းသားကျောင်းသူပေါင်း စာရင်းမှာ သောင်းနှင့် ချီရှိကြောင်း သိရသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook