ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 


NEJ / ၁၈ ဇွန် ၂၀၀၉

line

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒု-သမ္မတ မစ္စတာ ရှီကျင်းဖျင်၏ ဖိတ်ကြားချက်အရ ဇွန်(၁၅) ရက်နေ့မှ (၂ဝ) ရက်အထိ (၆) ရက်ကြာ ခရီးထွက်နေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး) များဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး သာအေးနှင့် ဗိုလ်ချုပ် မင်းအောင်လှိုင်တို့ လိုက်ပါသွားသည်။

ကချင်ပြည်နယ် ကစထမှူး ဒု-ဗိုလ်ချုပ်ကြီး သာအေးနှင့် ရှမ်းပြည်နယ် ကစထမှူး ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ (၂) ဦး အား ခေါ်ဆောင်သွားခြင်းသည် အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့် အသွင်ပြောင်းရန် နအဖ၏ ပြောဆိုမှုအပေါ် တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ငြိမ်းအဖွဲ့များက ငြင်းဆန်နေချိန်နှင့် တိုက်ဆိုင်နေသည်။

နအဖ၏ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ပါဝင်သည့် တိုင်းမှူးအဖွဲ့တို့သည် တရုတ်-မြန်မာ နယ်စပ်တလျှောက်မှ လက်နက်ကိုင်ထားဆဲ အင်အားကြီး အပစ်ရပ်တိုင်းရင်းသား အဖွဲ့အစည်းများဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်၊ ကိုးကန့်၊ မိုင်းလား၊ ကချင် ကေအိုင်အို အဖွဲ့တို့နှင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် တွေ့ဆုံခဲ့သော်လည်း သဘောတူညီမှုမရရှိခဲ့ပေ။

ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးအကဲခတ်လေ့လာသူ ဦးအောင်ကျော်ဇောက အဆိုပါအဖွဲ့ များအား ခြိမ်းခြောက်လိုသည့်အနေအထားဖြင့် ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

၎င်းက “ဗိုလ်မောင်အေးလာတဲ့ခရီးစဉ်ထဲမှာ အခြားအကြောင်းရင်းတွေလည်း အများကြီးပါတယ်။ ဟိုနှစ်ယောက် တာဝန်ယူထားတဲ့ တရုတ်နယ်စပ်က ငြိမ်းချမ်းရေးအဖွဲ့တွေရဲ့ကိစ္စလည်း အရေးတကြီးပါဝင်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်အောင် ခေါ်လာတာ။ တကယ်လည်း လုပ်ငန်း လိုအပ်ချက် ဖြစ်ရင်ဖြစ်မယ်။ သူတို့ကို ခေါ်လာခြင်းအားဖြင့် ဗိုလ်ရဲမြင့်ရဲ့ တောင်းဆိုချက်တွေကို ဘူးခံလိုက်တဲ့ ငြိမ်းအဖွဲ့တွေကို ခြိမ်းခြောက်တာလည်း ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်သော်လည်း ရလဒ်ကောင်း ရရှိလိမ့်မည်ဟု မထင်ကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “တရုတ်နယ်စပ်က လက်နက်ကိုင်ကိစ္စတွေကို တရုတ်ဘက်က လုပ်လိမ့်မယ်လို့ မထင်ဘူး။ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီကို လုပ်သလို ရှေ့က ဗမာစစ်တပ်က တိုက်၊ နောက်က တရုတ်စစ်တပ်ကပိတ်၊ လက်နက်တွေ သိမ်း၊ ယူနီဖောင်းတွေ ချွတ်တဲ့အလုပ်မျိုး အခုချိန်မှာ မလုပ်တော့ဘူးလို့ အခိုင်အမာ ယူဆတယ်။ ဒီကနေ့ တရုတ်ခေါင်းဆောင်တွေဟာ ပျော့ပျော့ပျောင်းပျောင်းနဲ့ ရေရှည်အမြင်လည်း ရှိတယ်။ တရုတ်အစိုးရ အနေနဲ့လည်း ဗမာအစိုးရအနေနဲ့ ဟိုတုန်းကလို ရိုးသားပွင့်လင်းမှုမရှိတာကို သဘောပေါက်လာတယ်။ ဗမာအစိုးရက လူကသာ ဘာမှသာ မရှိတာ တရုတ်နဲ့ အိန္ဒိယအကြား ကစားလိုက်၊ တရုတ်နဲ့ ရုရှအကြား ကစားလိုက်၊ တရုတ်နဲ့ အမေရိကန်အကြား ကစားလိုက်၊ တရုတ်နဲ့ မြောက်ကိုရီးယားအကြား ကစားလိုက်။ တရုတ်က သုံးလပိုင်းတုန်းက နံပတ် (၅) ခေါင်းဆောင် လီချမ်ချွန်းသွားတဲ့အခါမှာ နှစ်ဖက် အပြန်အလှန် နိုင်ငံရေးကိစ္စတွေမှာ ယုံကြည်မှုထားဖို့ ပြောတာတွေ ရှိလာတယ်” ဟု ပြောသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ခရီးစဉ်အတွင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ အမှတ် (၁) လျှပ်စစ်ဝန်ကြီး၊ စွမ်းအင်ဝန်ကြီးတို့လည်း လိုက်ပါသွားသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်ရုပ်မြင်သံကြားဌာနက (၁၆) ရက်နေ့ ညပိုင်းသတင်း တွင်သာ ထုတ်လွှင့်ခဲ့သည့်အတွက် ခရီးစဉ်အတွင်း မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို မသိရသေး ကြောင်း တရုတ်နယ်စပ်ရှိ ဒေသခံများက ပြောသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook