အာဆီယံနှင့် ကုလသမဂ္ဂတို့မှ ကယ်ဆယ်ရေးကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့သည် နာဂစ် မုန်တိုင်းကျရောက်ရာဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ပြည့်ပြည့်၀၀
လုပ်ဆောင်ခွင့်ရရှိမည်ဟု အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်စ၀မ်က ပြော ကြားသည်။
“အခု ကျနော်တို့ရဲ့ နာဂစ်အပြီး ကူညီဆောက်ရွက်မှု အဖွဲ့ဝင် (၂၅၀) ကျော်ဟာ ရန်ကုန်တိုင်း တောင်ပိုင်းမှာရှိတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အပြည့်
အ၀ လုပ်ဆောင်တော့မှာပါ။ အထိနာတဲ့ နေရာတွေကိုလည်း ၀င်ရောက်ခွင့်ရပါမယ်” ဟု ဆူရင် ပစ်စ၀မ်က စင်ကာပူနိုင်ငံတွင် သတင်းထောက်များကို ယမန်နေ့က ပြောသည်။
ဆိုင်ကလုန်းနာဂစ်သည် ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ၏ အနောက်တောင်ပိုင်း ဧရာဝတီ
မြစ်ဝကျွန်းပေါ်ဒေသတွင် မေ (၂-၃) ရက်တို့၌ တိုက်ခတ်သွားခဲ့ရာ လူပေါင်း (၁၃၃,၀၀၀) ကျော် အသေအပျောက်ရှိခဲ့သည်။ ။
|