ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်
ဖိလစ်ပိုင်နိုင်ငံက မြန်မာစစ်အစိုးရအားတောင်းဆို
AP / ၂၇ ဇူလိုင် ၂၀၀၇
line

 

albertoလာမည့်နိုဝင်ဘာတွင် ကျရောက်မည့် အာဆီယံအဖွဲ့ တည်ထောင်
သည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဖိလစ်ပိုင်နိုင်ငံက တောင်းဆို လိုက်သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမြူလိုက “ဒါဟာ တကယ့်ကို အရေးပါတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်တယ်” ဟု ပြော ကြားသည်။

ရိုမြူလိုက တနလာင်္နေ့တွင်ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည် အစည်း
အဝေးသို့ တက်ရောက်မည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကိုလည်း တိုက်တွန်းမည်ဖြစ် ကြောင်း ပြောသည်။  

မြန်မာနိုင်ငံ၏ အစွန်းအထင်းရှိသည့် လူ့အခွင့်အရေးမှတ်တမ်းသည် အာဆီယံအဖွဲ့၏ အဓိက ဆွေးနွေးပွဲတိုင်းတွင် မြင့်တက်လာနေသည့် အရေးကြီးကိစ္စအဖြစ်တည်ရှိနေသည်။ သို့သော် အခြားရွေးစရာ လမ်းမရှိသဖြင့် စိတ်ရှည်ရှည်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရိုမြူလိုက
ပြောသည်။

၎င်းက “အချိန်အကြာကြီးစောင့်နေရတဲ့ကိစ္စကတော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ကျနော်တို့
အနေနဲ့ မျှော်လင့်ချက်နဲ့ အကောင်းမြင်မှုကို ဆက်ထားရမှာပါ၊ ကျနော်တို့တွေ ဘယ်တော့မှ စိတ်မကုန်သင့်ဘူး” ဟု ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ယခုနှစ်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်မံမတိုး မြှင့်ရန် နိုင်ငံတကာအသိုင်းအ၀န်းက တောင်းဆိုသည်ကို နအဖစစ်အစိုးရက လျစ်လျှူရှုခဲ့သည်။  

နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်အစီအစဉ်အရ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ
အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးကိစ္စကို ဆွေးနွေးမည်ဖြစ်သည်။    

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်တွင်းရေးကိစ္စများ ၀င်ရောက်စွက်ဖက်ခြင်းမပြုရန် မူချမှတ် ထားသော်လည်း မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားကဲ့သို့ နိုင်ငံများက မြန်မာနိုင်ငံအပေါ် ဝေဖန်မှု များပိုမိုပြုလုပ်လာပြီး ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သော တိုးတက် မှုများကို ပြသရန် မြန်မာစစ်အစိုးရအား တိုက်တွန်းသည်။

ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ကမူ မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်ရာတွင် ပူးပေါင်း
ပါဝင်ရန် ငြင်းဆန်နေသည်။

မြန်မာနိုင်ငံအနေဖြင့် ယမန်နှစ်ကတည်းက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် အလှည့် ကျပြီး အာဆီယံထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရမည်ဖြစ်သော်လည်း အနောက်နိုင်ငံအစိုးရများ၏ ကန့်ကွက်မှုများကြောင့် ယင်းအခွင့်အရေးများကို လက်လွှတ်ခဲ့ရသည်။

မြန်မာနိုင်ငံ စွန့်လွှတ်ခဲ့ရသည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို အက္ခရာစဉ်အတိုင်း ဖိလစ်ပိုင် နိုင်ငံက ဆက်ခံခဲ့သည်။      ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook