ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

အင်တာနက်မှတဆင့်တွေ့ဆုံမှုကြောင့်
ဆယ်ကျော်သက်များ ကိုယ်ဝန်ဆောင်မှု အဖြစ်များ

China Daily / ၁၀ ဇူလိုင် ၂၀၀၇
line

 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ကိုယ်ဝန်ဆောင်ဆယ်ကျော်သက်များ၏ အရေအတွက် ထက်ဝက်
ခန့်သည် အင်တာနက်မှတဆင့် တွေ့ဆုံရသည့် လူငယ်အမျိုးသားများနှင့် ရရှိခြင်းဖြစ်ကြောင်း မြို့ခံဆရာဝန်တဦးက ပြောသည်။

ရှန်ဟိုင်းရှိ အမှတ် (၄၁၁) ဆေးရုံမှ ကိုယ်ဝန်ဆောင်ဆယ်ကျော်သက်များအား တယ်လီဖုန်းလိုင်းမှ တဆင့် အရေးပေါ်ပဏာမအဆင့် ကုသမှုပေးနေသူ ဒေါက်တာ Zhang Zhengrong က ပြီးခဲ့သည့်
(၂) နှစ်အတွင်း ၎င်းထံသို့ ဖုန်းခေါ်သည့် ဆယ်ကျော်သက် မိန်းကလေး (၂၀,၀၀၀) ဦးမှ (၄၆) ရာခိုင်နှုန်းသည် အင်တာနက်မှတဆင့် တွေ့ဆုံသူ လူငယ်အမျိုးသားများနှင့် လိင်ဆက်ဆံရာမှ
ကိုယ်ဝန်ရလာကြခြင်းဖြစ်ကြောင်း ပြောသည်။

မိန်းကလေးငယ်များ ကိုယ်ဝန်ရှိလာသည်ကို သိရှိသွားသည့် အဆိုပါလူငယ်အမျိုးသားအများစုသည် အဆက်အသွယ်ဖြတ်သွားကြပြီး အချို့မိန်းကလေးများမှာ ဖခင်၏အမည်ကိုပင် မသိကြဘဲ ကလေး မွေးဖွားကြရကြောင်း ဒေါက်တာ Zhang က ပြောသည်။

ဖုန်းလိုင်းမှတဆင့် ဆက်သွယ်လာသည့် ကိုယ်ဝန်ဆောင်မိန်းကလေးငယ်အများစုသည် လိင်မှု
ကိစ္စကို နားလည်ခြင်းမရှိသည့်အပြင် ကိုယ်ဝန်ဖျက်ချခြင်းသည် အန္တရာယ်မရှိဟု မြင်နေကြောင်း၊ ၎င်းတို့အရေအတွက်၏ (၁၀) ရာခိုင်နှုန်းခန့်မှာလည်း အနည်းဆုံး (၃) ကြိမ်ခန့် ကိုယ်ဝန်ဖျက်ချ ဖူးသူများဖြစ်ကြောင်း ဒေါက်တာ Zhang က ပြောသည်။

ယခုလ ပထမပတ်အတွင်း၌ပင် ဖုန်းလိုင်းမှတဆင့် ၎င်းထံသို့ ဆက်သွယ်လာသည့်အကြိမ်ပေါင်း (၂၈၅) ကြိမ်ရှိပြီး လွန်ခဲ့သည့်နှစ်ထက် (၁၂) ရာခိုင်နှုန်း ပိုတိုးလာကြောင်း ဒေါက်တာ Zhang က ပြောသည်။

မိဘအရေအတွက် (၂,၀၀၀) ကျော်၊ ဆရာ ဆရာမ (၂,၀၀၀) ကျော်နှင့် ဆယ်ကျော်သက် (၁,၅၀၀) ကျော်တို့ကို ဒေါက်တာ Zhang ၏ ဆေးရုံမှ လေ့လာမှုများပြုလုပ်ခဲ့ရာ  မိဘများ၏ (၈) ရာခိုင်နှုန်း ခန့်ကသာ ၎င်းတို့၏ကလေးများကို လိင်ကိစ္စဆိုင်ရာ ဆွေးနွေးပြောဆိုမှုရှိပြီး အထက်တန်းနှင့် တက္ကသိုလ်အရွယ် ဆယ်ကျော်သက်များ၏ (၇၉) ရာခိုင်နှုန်းခန့်သည် လိင်ကိစ္စများအား အင်တာ နက်မှတဆင့် သိရှိကြကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါ လေ့လာချက်အရ ကျောင်းသူကျောင်းသား (၄၆) ရာခိုင်နှုန်းက စာသင်ကျောင်းများတွင် လိင်မှုဆိုင်ရာပညာပေးမှု လုံလောက်ခြင်းမရှိဟု ပြောဆိုပြီး (၁၅) ရာခိုင်နှုန်းက စာသင်ကျောင်း များအနေဖြင့် မွေးဖွားမှုထိန်းချုပ်ခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှုလုပ်ပေးသင့်ကြောင်း ပြောကြသည်။ ဆရာ ဆရာမများ၏ သုံးပုံတပုံကလည်း စာသင်ကျောင်းများတွင် မွေးဖွားမှု ထိန်းချုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသင့်ကြောင်းပြောသည်။

လိင်စိတ်နှိုးဆွသည့် အင်တာနက်စာမျက်နှာများ၊ ဗွီဒီယိုနှင့် စာအုပ်များကြောင့် ယခုကဲ့သို့ ဖြစ်ရ ကြောင်း ဒေါက်တာ Zhang က စွပ်စွဲလိုက်ပြီး လူငယ်များအား လိင်မှုဆိုင်ရာပညာပေးမှုများကို  ပိုမိုအာရုံစိုက်ကြရန် ဆရာ၊ မိဘများနှင့် လူမှုအဖွဲ့အစည်းတို့ကို တိုက်တွန်းလိုက်သည်။      ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook