ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ရန်ကုန်တွင် မိုးရာသီ၌လည်း လျှပ်စစ်မီးအပြည့်အ၀မရ
NEJ / ၉ ဇူလိုင် ၂၀၀၉
line

 

ရေအားဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်သည့် မိုးတွင်းကာလရောက်နေသော်လည်း ရန်ကုန်မြို့တွင် နွေရာသီကဲ့သို့ပင် လျှပ်စစ်မီးကို အချိန်ပိုင်းဖြင့်သာ ပေးဝေနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းတွင် နေထိုင်သူတဦးက “ကျနော်သိသလောက် ပြောရရင် အရင်နှစ်တွေတုန်းကလည်း အချိန်ပိုင်းနဲ့ မီးပေးခဲ့ပေမယ့် မိုးရာသီမှာတော့ မီးလာချိန်များတယ်။ မိုးရေတွေရတော့ ရေအားလျှပ်စစ်နဲ့ ပေးနိုင်ပြီလေ။ ဒီနှစ်မှာ မိုးရွာတာ သင်္ကြန်ပြီးကတည်းကပဲ။ ဒါပေမယ့် မီးကတော့ ခုထိမရသေးဘူး” ဟု ပြောသည်။

ရန်ကုန်တိုင်း လျှပ်စစ်ပေးဝေရေးအဖွဲ့ အကြီးတန်းအရာရှိကြီးတဦးက ဇူလိုင်လတွင် လျှပ်စစ်မီးအပြည့်အ၀ရရှိမည်ဟု ပြည်တွင်းသတင်းဂျာနယ်များမှတဆင့် ပြီးခဲ့သည့်မေလကုန်တွင် ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ ယခင်အတိုင်း လျှစ်စစ်မီးကို အချိန်ပိုင်းဖြင့် ပေးနေသည့်အပြင် မီးအားအပြည့်မရဘဲ မီးပျက်သည်ကများနေကြောင်း မြို့ခံများက ပြောသည်။

ရေအားလျှပ်စစ်ဖြင့် ရန်ကုန်မြို့တွင် မီးပေးဝေရန် အဆင်သင့်ဖြစ်နေကြောင်း၊ သို့သော် အမှတ် (၂ ) လျှပ်စစ်ဝန်ကြီးက မပေးဝေရဟု အမိန့်ထုတ်ပြန်ထားကြောင်း၊ မည်သည့်အကြောင်းကြောင့် တိတိကျကျ မပြောနိုင်သော်လည်း အထက်မှ အမိန့်ကြောင့်ဟု ခန့်မှန်းနိုင်ကြောင်း ရန်ကုန်မြို့လျှပ်စစ်ပေးဝေရေးဌာနမှ အရာထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့၏ လျှပ်စစ်လိုအပ်ချက် ပမာဏမှာ မြန်မာတနိုင်ငံလုံးသုံးစွဲမှု၏ ထက်ဝက်ကျော်ရှိကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့၏ တရားဝင်စာရင်းများအရ သိရသည်။

လက်ရှိပေးဝေနေသော လျှပ်စစ်ဓာတ်အားမှာ မဂ္ဂါဝပ် (၂၅၀) ကျော်ရုံသာရှိပြီး လိုအပ်သောမဂ္ဂါဝပ် ပြည့်မီစေရန် လိုအပ် နေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းမှ လျှပ်စစ်အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက “နွေရာသီမှာ ရေမရှိလို့ လျှပ်စစ်ဓာတ်အား မပေးဝေနိုင်တဲ့အချိန်မှာ သဘာဝဓာတ်ငွေ့ ရရှိမှုဖိအားလည်း အပြည့်အ၀မရတာကြောင့် ဒီနှစ် မီးပြတ်လပ်မှုတွေက အရင်နှစ်တွေထက် ပိုများတယ်” ဟု ပြောသည်။

စစ်အစိုးရသတင်းစာများတွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် တည်ဆောက်နေသော ရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက လျှပ်စစ်မဂ္ဂါဝပ်ပေါင်း (၃၂၂၉.၆၂) ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီးမံကိန်းများကို အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိပြီးစီးပြီး ရေအားလျှပ်စစ် စွမ်းအားစီမံကိန်းများမှ ထွက်ရှိသော မဂ္ဂါဝပ်မှာ စုစုပေါင်း (၁,၄၄၁) မဂ္ဂါဝပ်ရှိကြောင်း၊ ထပ်မံတည်ဆောက်နေသော ရေအား လျှပ်စစ်စီမံကိန်းများ ပြီးစီးပါက နောက်ထပ်မဂ္ဂါဝပ် (၁) ထောင်ကျော်ရရှိမည်ဟု သတင်းစာများက ရေးသားသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook