ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

ပန်ဆိုင်းရဲများ ပစ်ခတ်၍ ကယ်ရီသမားလူငယ် (၂) ဦး သေဆုံး
NEJ / ၉ ဇူလိုင် ၂၀၀၉
line

 

ဇူလိုင် (၇) ရက် ညပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအတွင်းရှိ အိမ်တအိမ်တွင် ပန်ဆိုင်းမြို့မှ ရဲများရောက်ရှိနေစဉ် ဆိုင်ကယ် ကယ်ရီသမားများက ဝင်ရောက်တိုက်ခိုက်ရာ ရဲများကပြန်လည်ပစ်ခတ်ခဲ့သဖြင့် လူငယ်နှစ်ဦးပွဲချင်းပြီး သေဆုံးသွားသည်။

မူဆယ်မြို့နယ်အတွင်းရှိ (၁ဝ၅) မိုင်နှင့် ပန်ဆိုင်းအကြား နမ့်တောင်းကျေးရွာရှိ အိမ်တအိမ်တွင် စခန်းချပြီး ဖြတ်သန်း သွားလာနေကြသည့် မှောင်ခိုကယ်ရီသမားများထံမှ ငွေတောင်းခံနေကြသည့် ရဲသား (၅) ဦးခန့် ရောက်ရှိနေစဉ်အတွင်း ဆိုင်ကယ် ကယ်ရီသမားအချို့က အိမ်အတွင်းသို့ဝင်ရောက်ပြီး ဓားဖြင့်ခုတ်ရန်ကြိုးစားသဖြင့် ရဲများက သေနတ်ဖြင့် ဝိုင်းပစ်၍ ဆိုင်ကယ် ကယ်ရီသမား တရုတ်လူငယ် (၂) ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု မူဆယ်ဒေသခံတဦးက ပြောသည်။

၎င်းက “ပန်ဆိုင်းကရဲတွေ၊ တချို့က အရပ်ဝတ်၊ တချို့က ယူနီဖောင်းနဲ့လို့ ပြောတယ်။ အဲဒီမှာ မိုးကုတ်ဘက်က အခုသေသွားတဲ့ ဗမာပြည်ပေါက် တရုတ်ကောင်လေးတွေနဲ့ ကယ်ရီသမားတွေက သူတို့ရဲ့ ပစ္စည်းတွေကို ဖမ်းလိုက်တဲ့ ရဲတွေကို ဝင်ခုတ်တာ။ ရဲတွေဘက်က တယောက်မှ ထိတယ်လို့ မကြားဘူး။ တရုတ်ကလေး (၂) ယောက်တော့ ပွဲချင်းပြီးသေတယ်။ ဒီကနေ့ နေ့လယ် (၁) နာရီ ပန်ဆိုင်းမှာ သင်္ဂြိုဟ်မှာ၊ နာရေးအသင်းက သင်္ဂြိုဟ်ပေးရမှာ” ဟု ပြောသည်။

မှောင်ခိုပစ္စည်း သယ်ယူသူများကို ဖမ်းဆီးရန်အတွက် မူဆယ်နှင့် (၁ဝ၅) မိုင်အကြားတွင် ရဲအဖွဲ့ငယ်များ (၇) ဖွဲ့ခန့်ရှိနေပြီး လားရှိုးမြို့အထိ အဖွဲ့ပေါင်း (၂၀) ကျော်ရှိကြောင်း ကယ်ရီသမားများနှင့် နီးစပ်သူ ကုန်သည်တဦးက ပြောသည်။

“နှစ်ယောက်တဖွဲ့၊ သုံးယောက်တဖွဲ့နဲ့၊ အရပ်ဝတ်တွေနဲ့ များတယ်။ ငွေတောင်းတယ်။ မပေးနိုင်ရင် ဖမ်းတယ်။ အခုကိစ္စမှာလည်း ကယ်ရီသမားတွေ (၁ဝ၅) မိုင်ဂိတ်ကို ကွင်းဖို့ ပန်ဆိုင်းဘက်ကို တက်လာတာ၊ နမ့်တောင်းနားမှာ ဆိုင်ကယ်ရော၊ ပစ္စည်းတွေရော အဖမ်းခံရတာ။ ကယ်ရီသမားဆိုတာက အချို့က ရှိတာလေး ပေါင်နှံပြီး ငွေတိုးချေးပြီး လုပ်စားနေတာ။ အခုလိုသိမ်းတော့ ဟိုက ဘဝပျက်တာပေါ့။ ဒီတော့ ပေါက်ကွဲပြီး အခုလို ဓားနဲ့ တက်ခုတ်တဲ့အထိ ဖြစ်လာရတာ” ဟု ၎င်းက ပြောသည်။

ဆိုင်ကယ် ကယ်ရီသမားများသည် တရုတ်နယ်စပ်မှတဆင့် တရုတ်ပြည်လုပ် ကက်ဆက်၊ ဒီဗွီဒီ၊ အမ်ပီသရီးပလေယာ စသည့် လျှပ်စစ်ပစ္စည်းများကို မြန်မာပြည်တွင်းသို့ သယ်ဆောင်နေကြခြင်းဖြစ်သည်။

ယင်းသို့ သယ်ဆောင်သည့် ဆိုင်ကယ် ကယ်ရီသမားများကို ဒေသခံရဲများက တောလမ်းတလျှောက်တွင် ကင်းပုန်းဝပ် စောင့်ဖမ်းကာ ငွေတောင်းခံစဉ်အတွင်း မပေးဘဲ ထွက်ပြေးသူများကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး၍ သေဆုံးမှုများလည်း ရှိခဲ့ပြီး ဆိုင်ကယ်ဖြင့် နောက်ကနေ လိုက်လံဖမ်းဆီးသည့်ရဲအား ကယ်ရီသမားက နောက်ပြန်လှည့်ကာ ဆိုင်ကယ်ချင်း မျက်နှာချင်းဆိုင် တိုက်ပြီး နှစ်ဦးစလုံး သေဆုံးသည့် ဖြစ်ရပ်များလည်း မူဆယ်မြို့နယ်အတွင်း ပေါ်ပေါက်ခဲ့ဖူးသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo