ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

မြန်မာ့ဆက်သွယ်ရေး ကြေးနန်းရိုက်စနစ်သစ် သုံးမည်
NEJ / ၉ ဇူလိုင် ၂၀၀၉
line

 

မြန်မာ့ဆက်သွယ်ရေး ကြေးနန်းရုံးများတွင် e- Telegram ခေါ် အင်တာနက်သုံးပြီး ကြေးနန်းပို့နိုင်သည့်စနစ် စတင်ကျင့်သုံး တော့မည်ဖြစ်သည်။

ယခု ကျင့်သုံးမည့် e- Telegram စာပို့စနစ်သည် အီးမေးလ်၊ ပရင့်အောက်၊ လူစာပို့ စနစ်ဖြစ်ကြောင်း ကမ်းနားလမ်း စာတိုက်ကြီးရုံးမှ အကြီးတန်းအရာရှိတဦးက ပြောသည်။

၎င်းက “မြို့နယ်အသီးသီးမှာ ဖွင့်ထားတဲ့ ကြေးနန်းရုံးတွေရှိရာ စာတိုက်စခန်းတွေအနက် အင်တာနက် တပ်ဆင်ထားပြီးသား ရုံးတွေက တရုံးနဲ့တရုံး အီးမေးလ် အပြန်အလှန်ပို့မယ်။ လက်ခံမယ်။ အဲဒီ အီးမေးလ်တွေကို ပရင့်အောက်ထုတ်ပြီး ပို့လိုတဲ့ လိပ်စာရှင်တွေဆီ စာရွက်နဲ့ စာပို့သမားက သွားပို့ပေးလိမ့်မယ်။ နဂို ကြေးနန်းရိုက်နေရတဲ့ နေရာမှာ အင်တာနက်လိုင်းရတဲ့ စာတိုက်တွေက ကြေးနန်းရိုက်တာအစား အီးမေးလ်ကို ပြောင်းသုံးလိုက်တာပါပဲ” ဟု ပြောသည်။

ယခု e- Telegram စနစ်တွင် ကိုယ့်ဘာသာကိုယ် အင်တာနက်အီးမေးလ် အသုံးပြုနိုင်သူများအနေဖြင့် ကြေးနန်းရုံး သွားစရာမလိုဘဲ မြန်မာ့ဆက်သွယ်ရေးက ထုတ်ရောင်းသည့် Pre-paid Card Account ကတ်ကိုသုံးပြီး www.etelegram.net.mm ဝက်ဘ်ဆိုက်သို့ဝင်ကာ user name နှင့် password ဖြည့်ပြီး ကိုယ်ပို့ချင်သည့် လိပ်စာကို ကိုယ်ရေးချင်သည့် စာရိုက်ထည့်ပေးပို့နိုင်ကြောင်းလည်း သိရသည်။

ထိုသို့ပေးပို့လိုက်သည့် မေးလ်သည် သက်ဆိုင်ရာ မြို့နယ် စာတိုက်ကြေးနန်းရုံးသို့ ရောက်သွားပြီး ပရင့်အောက်ထုတ်ကာ လိပ်စာရှင်ထံ စာပို့သမားက စာရွက်နှင့် ပို့ပေးမည့် စနစ်ဖြစ်သည်။

သို့သော် မြန်မာတနိုင်ငံလုံး ကြေးနန်းရုံးပေါင်း (၇ဝဝ) ကျော်ရှိသည့်အနက် ကွန်ပျူတာအင်တာနက် သုံး၍ရသည့် ရုံး (၇ဝ) ခန့် တွင်သာ ယခုစနစ် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် မူလ ကြေးနန်းရုံးရှိရာ ဒေသ (၁ဝ) ရာခိုင်နှုန်းခန့်တွင်သာ e- Telegram စနစ်ကို အသုံးပြုနိုင်မည်ဟု သိရသည်။

ယခုလောလောဆယ်တွင်မူ မြန်မာနိုင်ငံမှ စာတိုက်များတွင် ရှိနေသည့် ရိုးရိုးစာပို့စနစ်၊ မှတ်ပုံတင် စာပို့စနစ်၊ ချောပို့စနစ်၊ အမြန်ချောပို့စနစ်တို့သည် ပျက်စီးသကဲ့သို့ဖြစ်နေပြီး ပေးပို့သည့် စာများ၊ စာအုပ်စာစောင်များ၊ ပစ္စည်းများသည် ရောက်ချင်ရာ ရောက်ကာ ပျောက်ဆုံးမှုများလည်းရှိနေကာ မည်သည့်နေရာကိုမှ တိုင်တန်း၍ မရကြောင်း၊ နိုင်ငံခြားမှ ပို့သည့်စာအုပ်နှင့် ပစ္စည်းများလည်း အပျောက်အဆုံးများသဖြင့် မြန်မာ့ဆက်သွယ်ရေးကို အသုံးပြုသူ တနေ့တခြားနည်းပါးလာနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

တယ်လီဖုန်း ဆက်သွယ်ရေးမှာလည်း မြို့များတွင်သာ တည်ဆောက်ပေးထားခြင်းကြောင့် ကျေးလက်နေပြည်သူ သန်းပေါင်းများ စွာအတွက် အခက်အခဲများ ရှိနေသေးကြောင်း ဖုန်းသုံးစွဲသူများထံမှ သိရသည်။

ယခု e- Telegram စာပို့စနစ်သည် အီးမေးလ်၊ ပရင့်အောက်၊ လူစာပို့ စနစ်ဖြစ်သော်လည်း ဝန်ဆောင်ခများကိုမူ ယခင် ကြေးနန်းပုံစံ မြန်မာစာတလုံး (၁၅) ပြား၊ အင်္ဂလိပ်စာတလုံး ပြား (၃ဝ) နှင့် ကြေးနန်းခ ကျပ် (၃ဝဝ) စသဖြင့် စာလုံးရေအလိုက် သတ်မှတ်ထားကြောင်း ရန်ကုန်စာတိုက်ကြီးရုံးမှ အရာရှိတဦးက ပြောသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo